Monday 26 November 2012

သီဆိုကြရအောင်



က.. ကိုယ်ကျိုးရှာနေပြည်တော်မှာ

ခ.. ခတ်ဆန်ဆန် ခိုးစားကြ

ဂ. ဂငယ်ဂျပန်မှ ငွေတွေရ

င.. ငစိန်စပါး ဒို့ အားထား

စ… စည်းစိမ်ရှာ စစ်တပ်မှာ…

ဆ… ဆလိမ်ဆရာမ လာဒ်ထိုးကြ

ဇ.. ဇာနည်ဖွားထောင်ထဲထား

ဈ… ဈေးတွေ မိုပေါ်မှာနေ

ည..ညအနှိပ်ခန်း မလွတ်တမ်း

တ...တရုတ်ကြီး ယုတ်လို့ မပြီး

ထ.. ထမိန်ရေ ဈေးတက်နေ..

ဒ... ဒဒီမိုတွေ ပေါလို့ ပေ

ဓ.. ဓနရှင် ကြံ့ဖွတ်ဝင်

န..နိုင်ငံရေး ခပ်နှေးနှေး

ပ... ပြည်သူ တလူလူ

ဖ...ဖဖေ့စ်ဘုတ် လူတကာလုပ်

ဗ..ဗလောင်းဗလဲ နေရာမမြဲ

ဘ …ဘကုံးဘားမား မြန်မာတဲ့လား

မ...မြတ်ခိုင် ချီးပုံးကိုင်

ရ..ရကောက်ရ၀တ လူဖမ်းကြ

လ...လက်ပန်တန်း ခပ်ဆန်းဆန်း

ဝ.. ၀န်ကြီးအောင်မင်း တရုတ်ထုံးကိုင်

သ..သင်္ကြန်ခါ သုမင်္ဂလာ

အ…အမေ အောင်ပွဲခံနေ။

ကိုထွန်းဝေ
24.11.2012
စနေနေ့ ။

သင်္ကြန်အမြောက်နဲ့ နှစ်သစ်ကို ကြိုဆိုရမှာဆိုတော့ အတို့ အထိလေးတွေ နဲ့ ပလို့ ဂျိခံပြီး ရိစရာ အကြွေးများနဲ့  ကလိရအောင်..ကဲ လေပြည်တော်မှ တစ်မတ်သားတို့ လိုက်ဆိုကြရအောင်။

No comments:

Post a Comment