Monday 26 November 2012

ဦးအောင်မင်း ပြောသွားတာ အမှန်တွေချည်းပဲ လို့ ဆို


မကြာသေးမီက သမ္မတရုံး ၀န်ကြီး ဦးအောင်းတယောက် လက်ပံတောင်းတောင် ဒေသကို သွား၊ သပိတ် 
ခေါင်းဆောင်တွေနဲ့တွေ့ပြီး ပြောဖြစ်ဆိုတဲ့ စကားလုံးတချို့ကြောင့် ဖေ့စ်ဘုတ် လောကမှာ  အသံတွေ အတော် ဆူညံသွားပါတယ်။ 


 လက်ပံတောင်းတောင်ဒေသက ၀န်ကြီးဦးအောင်မင်းနှင့် တွေ့ခဲ့သူ မသွဲ့သွဲ့ဝင်းနှင့် ညီအမတစု၊ ဓာတ်ပုံ- ဧရာဝတီ

ဦးအောင်မင်းက ဒီလက်ပံတောင်းတောင် စီမံကိန်းဟာ အရင်ကတည်းက စလာတဲ့ စီမံကိန်းဖြစ်ကြောင်း၊ အခု အစိုးရလက်ထက်မှာ ရပ်ပေးပါဆိုလို့ မလွယ်ကူတဲ့ စဉ်းစားစရာတွေ ရှိကြောင်း၊ မြစ်ဆုံ ဆည် စီမံ ကိန်း ရပ်ဆိုင်းလိုက်တဲ့အတွက် တရုတ်ဘက်က ပြောလာရင် လျော်ကြေး အမေရိကန် ဒေါ်လာ သန်း ၃ ထောင် ပေးရဖွယ်ရှိကြောင်း စသဖြင့် ပြောသွားခဲ့ပါတယ်။ 

"တရုတ်ကိုလည်း တပည့်တော်တို့က ကြောက်ရတယ်ဘုရား၊ ၂ ချက်ရှိတာပေါ့၊ နံပတ် ၁ အချက်က ၊ ၁၉၈၈ ခုနှစ် တိုင်းပြည် ပျက်တဲ့အခါ တပည့်တော်တို့မှာ စားစရာ မရှိဘူး။  စားစရာ မရှိတဲ့အခါမှာ တရုတ်ဆီ ကနေ မူဆယ် လမ်းကြောင်း ကနေ သွင်းရတယ်။ သွင်းရတဲ့အခါကျတော့ မူဆယ် လမ်းကြောင်း က သွင်းလို့ တပည့်တော်တို့ အသက်ဆက်လို့ ရတာ။ အဲဒီ ကျေးဇူးလေးတော့ သူ့ကို ပြန်ပြီးတော့ ကြည့်ရမယ်" လို့ ဦးအောင်မင်းက ပြောသွားခဲ့တာပါ။ 

တချိန်က ဗကပ ကို တရုတ်က ထောက်ပံ့ခဲ့ပြီး မြန်မာပြည်မှာ ဗကပကို တိုက်နေရလို့ တိုင်းပြည် ထူထောင်ရေး မလုပ်နိုင်ခဲ့ကြောင်း၊ နောက်ပိုင်း တရုတ်အစိုးရက ဗကပကို ထောက်ပံ့မှု ဖြတ်လိုက်လို့ ဗကပ ချုပ်ငြိမ်းသွားရကြောင်း၊ ဒါကြောင့် တရုတ်ကို စိုးရိမ်ရကြောင်း ပြောသွားခဲ့ပါသေးတယ်။  

ဦးအောင်မင်း ပြောသွားခဲ့တာတွေကို DVB TV က ထုတ်လွှင့်တဲ့ ဤနေရာမှာလည်း သွားကြည့်နိုင်ပါ တယ်။ 

 သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၊ ဓာတ်ပုံ- ဧရာဝတီ

ထိုနေ့က ပြောဆိုမှုအပေါ် မှတ်ချက်တွေ အမျိုးမျိုး ရှိတဲ့အထဲက အောက်ဖော်ပြပါ မှတ်ချက်ကိုတော့ ပရိသတ် များ အတွက် ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ အတွက် အသုံးဝင်မယ်ထင်လို့ ပြန်လည် ကူးယူမျှဝေပေး လိုက်ပါတယ်။ 


"ဝန်ကြီး ဦးအောင်မင်း မဆီမဆိုင် သူ့အကြောင်းပြောသွားတာလေး တစ်ချို့ကလွဲရင် ၊ ဦးအောင်မင်း ပြော သွားတာတွေက အမှန်တွေချည်းပါဘဲ ။ 

သူ အမှန်တွေကို တော်တော် ပြောရဲတာပဲ ။ ချီးကျူးပါတယ် ။ Face Book ပေါ်မှာ လေ နှင့် မျိုးချစ်ပြ တာကတော့ လွယ်တာပေါ့နော် ။ တကယ့်တကယ်ကျတော့ ခြေ လက် ပြတ်ပြီး အသေခံရတော့ စစ်သားတွေကိုး ။ 

တရုတ်က သူကိုယ်တိုင် တိုက်စရာတောင်မလိုပါဘူး ၊ သူ့နိုင်ငံထဲက Expire ဖြစ်ခါနီး လွှင့် ပစ်ရတော့မယ့် လက်နက်တွေကို ၊ ရှမ်း ၊ ဝ ၊ ကချင်တွေကို ( 1 Billion ဖိုးလောက် ) ပေးလိုက်ယုံနှင့်တင် ၊ မြန်မာပြည် အပေါ်ပိုင်း ပြည်ပျက်သလိုကို ဖြစ်သွားမှာ ။ 

အဓိက က လူသောင်း သိန်းချီပြီး အသေခံနိုင်တယ်ထားအုံး ၊ စစ်ဖြစ်နေပြီ ဆိုကတည်းက မြန်မာပြည် တစ်ပြည်လုံးလဲ ၊ နောက် နှစ် ၅၀ လောက် ဆင်းရဲခြင်း သံသရာထဲ ထပ်ဝင်ရဦးမှာ ။ 

မှန်တာပြောရရင် ၊ စစ်တပ်ထဲမှာလဲ တရုတ် ကိုကြိုက်တဲ့သူ မရှိသလောက် နဲပါတယ် ။ ဒါပေမယ့် ၊ Real Politic ပေါ့လေ ။ မကြိုက်ပေမယ့် အောင့်ကာနမ်းနေရတာပါ ။ 

ကိုယ်တွေကမှ ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး မတည်ဆောက်နိုင်သေးပဲကိုး ၊ ခံကြပေါ့  ။ နည်းတစ်ခုပဲ ကျန်တယ် ၊ ပြီးခဲ့တဲ့ စီမံကိန်းတွေကတော့ မတတ်နိုင်တော့ဘူး ။ နောက်ကို အမေစု နှင့် လက်တွဲပြီး တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး တည်ဆောက် ။ အမေစု Power ၊ အမေရိကန် Power နှင့် တရုတ်ကြီးကို Balance ပြန်ဟန့်ရမှာပဲ။

No comments:

Post a Comment