Sunday, 4 November 2012

တကျော့ပြန်ဟစ်တလာ (သို့မဟုတ်) တကျော့ပြန်ခင်ညွန့်။





ကျွန်တော်ထင်တာ မမှားဘူးဆိုရင် .. "အမျိုးသား နိုင်ငံရေး" တို့ .. "ပါတီ နိုင်ငံရေး" တို့ ဆိုတဲ့ စကားလုံးကို ခင်ညွန့် လက်ထက်မှာ စခဲ့တာ။ သူကိုယ်တိုင် တီထွင်တဲ့ စကားလုံး လားတောင် မသိဘူး။

တကယ်က နိုင်ငံရေးဆိုတာ တစ်မျိုးပဲ ရှိတာ။ ဒါကို "ပါတီနိုင်ငံရေး" လုပ်တာ မကောင်းဘူး။ ကိုယ်ကျိုးပါတယ် .. အာဏာမက်တယ်။ "အမျိုးသားနိုင်ငံရေး" လုပ်တာမှ အများအတွက်။ ကိုယ်ကျိုးမ
ပါဘူး ... ဆိုပြီး ... အာဏာသိမ်းထားတဲ့ စစ်သားတွေက .. ပါတီထောင်ထားတဲ့
နိုင်ငံရေး သမားတွေကို ပြန်စွပ်စွဲဖို့ တီထွင်လိုက်တဲ့ စကားလို့ နားလည်ပါတယ်။

အဲဒီ စကားလုံးနဲ့ပဲ သူတို့ကိုယ် သူတို့ တရားမျှတတယ်လို့ ဆုံးဖြတ်ပြီး NLD ကို နှိပ်ကွပ်၊ အခြား ပါတီ ပေါင်းစုံကို မတရား အသင်းကြေငြာ၊ နိုင်ငံရေး သမားတွေကို အကုန်ဖမ်း ... ထောင်ချပြီး ... သူတို့ လုပ်နေတဲ့ မတရား အာဏာသိမ်းထားတာကသာ ... တရားမျှတသလိုလို .. ကိုယ်ကျိုးမငဲ့ဘဲ လုပ်နေသေလိုလို အချိုး ချိုးပြီး နိုင်ငံရေးသမား နိုင်ငံရေး လုပ်တာနဲ့ ... စစ်သားတွေ နိုင်ငံရေး လုပ်တာကို .. ပြောင်းပြောင် အဓိပ္ပါယ် ဖွင့်ဆိုဖို့ ကြံရွယ်တဲ့ စကားလုံး သက်သက်ပဲ ဖြစ်တယ်။

တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆိုတဲ့ အရှက်မဲ့တဲ့ စကားလုံးလိုမျိုး ပြောင်းပြန် ပြောပြီး စစ်သားတွေ စိတ်ကြီးဝင်၊ ဘဝင်မြင့်အောင် မြှောက်ပေးပြီး ... တိုင်းပြည်ကို ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လို့ ရအောင် ... ဦးနှောက်ကို ဝါဒမှိုင်းတိုက် (Brain Wash) တဲ့ စကားလုံးလိုမျိုး အတူတူပဲ ဖြစ်တယ်။

ဒီကိစ္စတွေကို အဓိက ဦးဆောင်သူဟာ ခင်ညွန့် ကိုယ်တိုင်ဖြစ်တယ်ဆိုတာ အာဏာသိမ်းပြီး ကာလကို မှတ်မိသူတိုင်း၊ ခင်ညွန့်ရဲ့ ထောက်လှမ်းရေးက ဖမ်းတာကို ခံပြီး နှစ်ရှည်ထောင်ကျ ဘဝ ပျက်ခဲ့ရသူတိုင်း မေ့မယ်မထင်ဘူး။

အခု အဲဒီလို စကားလုံးတွေထဲက စကားလုံး ဖြစ်တဲ့ "အမျိုးသား နိုင်ငံရေး" ဆိုတဲ့ စကားလုံးနဲ့ ... "အမျိုးသား နိုင်ငံရေး လုပ်မယ်" ဆိုပြီး တစခန်း ပြန်ထလာတဲ့ .... တကျော့ပြန် "ဟစ်တလာ" လိုမျိုး ... "တကျော့ပြန် ခင်ညွန့်" ကတော့ ... ကောင်းမွန်တဲ့ မြန်မာ့နိုင်ငံရဲ့ ... နိုင်ငံရေး လောကနဲ့ လားလားမှ မသက်ဆိုင်တာကြောင့် ... ဘာနိုင်ငံရေးမှ မလုပ်ဘဲ ... တသက်လုံး သေတဲ့ အထိ ကိုယ့်ဘာသာ နိုင်ငံရေးနဲ့ ဝေးဝေးမှာ နေပါလို့ ... တိုင်းပြည် အကျိုးကို မျှော်ကိုးပြီး ... ပြောလိုက်ပါတယ်။

ဘယ်တော့မှ ဘယ်လို ပုံနဲ့မှ .. မြန်မာ့နိုင်ငံရေး လောကထဲ မလာခဲ့ပါနဲ့။ အယုံအကြည် အပြည့်အဝ မရှိဘူးဆိုတာ ...ပြောချင်ပါတယ်။"
  Ko Htite

No comments:

Post a Comment