Thursday 29 November 2012

ပြည်ကြီးရှင် သို့


ပြည်ကြီးရှင် သို့
....................

☹ သူတစ်လူငါတစ်မင်း
နင်းချင်သလိုနင်း ဗျင်းချင်သလိုဗျင်းနေကြတဲ့
ငါတို့တိုင်းပြည်ကြီး...၊

☹ ဒီတစ်မင်းဟုတ်နိုးနိုး ဟိုတစ်မင်းဟုတ်နိုးနိုး
နောက်တစ်မင်း ဟုတ်နိုးနိုး
နောက်ဘုန်းကြီး နှစ်ချက်ခေါက်ထက်တောင် ဆိုးနေတဲ့
ငါတို့တိုင်းပြည်ကြီး...၊

☹ ပထွေးကို အဖေရင်းသတ်မှတ်
အိမ်သားအချင်းချင်းပဲ သတ်ဖြတ်နေကြတဲ့
ငါတို့တိုင်းပြည်ကြီး...၊

☹ အိမ်တွင်းရှိသမျှ အကုန်ရောင်း
နယ်တကာလှည့်တောင်းစားနေရတဲ့
ငါတို့တိုင်းပြည်ကြီး...၊

☹ ဖွတ်ထွက်ရုံဆို တော်သေး
မြွေပွေးတွေပါထွက်တဲ့ တောင်ပို့လိုဖြစ်နေတဲ့
ငါတို့တိုင်းပြည်ကြီး...၊

☹ ဒီ(မို)လိုလို ဟို(မို)လိုလို
ယိုယွင်းစွာ လျှောက်လှမ်းနေတဲ့
ငါတို့တိုင်းပြည်ကြီး...၊

☹ ပန်းတိုင်ကို လှမ်းကိုင်မလိုလိုနဲ့
နွမ်းယိုင်စွာ ခြေလက်တွန့်နေတဲ့
ငါတို့တိုင်းပြည်ကြီး...၊

ကဲ ...........
ငါတို့ရဲ့ ပြည်ကြီးရှင်ရေ
ချစ်မှာလား နှစ်မှာလား
ရောက်မှာလား လျှောက်မှာလား
တုံးအောက်က ဖားတွေကတော့
ပြားတဲ့ကောင်က ပြားကုန်ပြီ
ကားတဲ့ကောင်က ကားကုန်ပြီ ........ ။။

(စက်သွေး/29.11.2012)

No comments:

Post a Comment