Saturday 1 December 2012

သီတဂူဆရာတော်ဒေါက်တာ ရှင်ဥာဏိသရ ထိခိုက်ဒဏ်ရာရသံဃာတော်များအားကြည့်ရှုအားပေး


ဒီသင်္ကန်းကိုသေချာသိမ်းထားပါ ကမ္ဘာကျော်မဲ့သင်္ကန်းတွေဖြစ်ပါတယ် ငါ့မှာတောင်ဒီလိုသင်္ကန်းမရှိဘူး တန်ဖိုးဖြတ်လို့မရဘူး ဟုမိန့်တော်မူကာ မီးကျွမ်းနေတဲ့ သင်္ကန်းတွေကို သေချာစွာကြည့်ရှု့နေတော်မူပုံ။
သီတဂူဆရာတော်ကြီးမှ မုံရွာပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးအား ထိခိုက် ဒဏ်ရာရကြသော ရဟန်းရှင်လူပြည်သူများကိုအထူးဂရုစိုက်ရန် နှင့် ငွေကြေး နှင့် ဆေးဝါးများလိုအပ်ချက်တွေရှိပါကပွင့်ပွင့်လင်းလင်းပြောရန် မိန့် ကြားနေစဉ်ပုံ။
ဓာတ်ပုံ-သလ္လာဝတီတိုင်မ်း.7days news

မဓုံဝါ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။

ယဒါ စ ပစ္စတိ ပါပံ၊ အထ ဒုက္ခံ နိဂစ္ဆတိ။(ဗုဒ္ဓ)

မိုက်သောသူသည် အကြင်မျှလောက် မကောင်းမှုသည် အကျိုးမပေးသေး၊ ထိုမျှလောက် မကောင်းမှုကို ပျားသကာကဲ့သို့မှတ်ထင်၏၊ အကြင်အခါ၌ကား မကောင်းမှုသည် အကျိုးပေး၏၊ ထိုအခါ၌ ဆင်းရဲသို့ ရောက်ရ၏။

The fool thinks it is sweet like honey, while the evil he has done is not yet matured. But when the bad he has done is matured, then the fool suffers misery.

"ဆရာတော် ကြီးက ဒဏ်ရာရတဲ့  သံဃာတော်တွေကို အားပေးစကားပြောသွားတယ်။လိုရင်းတိုရှင်း ပါဠိ စကားပြောသွားတယ်။အဲဒါက မှတ်သားစရာကောင်းတယ်။

လူမိုက်တို့ဟာ ကံအရှိန်ရှိနေသေးသ၍ ပျားသကာလို ချိုမြိန်နေတုန်းပါပဲလို့ အဓိပ္မာယ် ရတဲ့  ပါဠိစကားပါပဲ။ သံဃာတော်တွေရဲ့ဒဏ်ရာတွေကို ကြည့်ရှုပြီးတော့  ယမမင်းပေးတဲ့  ရေနဲ့ ပက်ဖျန်းခံခဲ့ရတာလို့  မိန့်ကြားခဲ့ပါတယ်။"

No comments:

Post a Comment