Tuesday 20 November 2012

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှို့ ဝှက်ဥယျာဉ်ထဲမှ ဖြစ်ရပ်ဆန်းများ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှို့ ဝှက်ဥယျာဉ်ထဲမှ ဖြစ်ရပ်ဆန်းများ ကို ရှာဖွေပေးထားပါတယ်။Burma-Newselite မှ ကူးယူဖော်ပြအပ်ပါတယ်။
တက္ကသိုလ်ရိပ်သာလမ်း ရန်ကုန်။ နိုဝင်ဘာလ ၂၀

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲကနေ အင်တာနက်ကိုကျနော်ကြိုးစားပမ်းစားသုံးနေရပါတယ်။ အခုရေးနေတဲ့ စာကြောင်းတွေထဲမှာ မယုံနိုင်စရာ အဆန်းတကျယ်ဖြစ်ရပ်တွေအများကြီးပါဝင်နေပါတယ်။
တကယ်ကို ထူးဆန်းတဲ့ ဒီနိုင်ငံထဲမှာ ကျနော်ရောက်နေတာပါ။

ဒီနိုင်ငံက မတရားမှုတွေဖိနှိပ်မှုတွေသတင်းရေးခဲ့ တဲ့အတွက် ကျနော့် ကိုနှစ်ကြိမ် တိုင် တိုင် ပြည်နှင်ဒဏ်ပေးခဲ့ ပါတယ်။

ဟော အခုကျတော့ လည်း အမေရီကန်သမ္မတအိမ်ဖြူတော်က သတင်းစာ အဖွဲ့ အနေ နဲ့ ကျနော် ဖိတ်ကြားခြင်းခံရပြီး ပြန်ရောက်လိုက်ပါပြီ။ ဒါကျနော် ရဲ့ မလိမ်မိုးမလိမ္မာ တာတွေကို မေ့ သွားကြပြီ ဆိုတော့ သဘောပေါ့..။

ဒီလို ကမ္ဘာမှာအကျော်ကြားဆုံးခြံဝင်းထဲမှာ ကျနော်ရောက်နေတာဟာ အံမခန်းစရာ အပြောင်း အလဲ ပါ။.

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချူပ် ကျနေတုန်းက အဖြစ်အပျက်တွေကို ကျနော်ပြန် လည်မြင်
ယောင်မိ ပါတယ်။ အဲဒိတုန်းကဆိုရင် ထောက်လှမ်းရေးတွေ က ဒီခြံပေါက်ဝကို စောင့်ကြည့် နေပြီး အနောက်နိုင်ငံသားတွေအပြည့် ပါတဲ့  ကားတစီးစီးများ ဒီခြံနားကပ်လာတယ်ဆိုရင် စကားပြော စက်တွေနဲ့ တိုးတိုးတိုးတိုးသတင်းပို့ ကြတော့တာဘဲ။

အဲဒိအချိန်တွေကများ ဒေါ်အောင်ဆန်းစုကြညိရဲ့ ခြံထဲမပြောနဲ့ ဟောဒီတက္ကသိုလ်ရိပ်သာလမ်းကြီးရဲ့ ဘယ်နားကို မှကားရပ်လို့ မရဘူး။

အခုတော့လည်းဒီခြံထဲမှာဘဲ ဒေါ်စုဆီလာတဲ့ ဧည့် သည်တွေထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့  အမေရီကန်သမ္မတအိုဘားမား လာရောက်တွေ့ ဆုံမှာကို ကျနော်စောင့်မျှော်နေရပါပြီ။

ဒါဟာ သုံးနှစ်ကြာ ခက်ခဲနက်နဲတဲ့ သံတမန်ရေးရာဆောင်ရွက်မှုတွေရဲ့  ရာဇဝင်တင် တဲ့ ဖြစ်ရပ်ပါ။

အမေရီကန်အစိုးရ စီးပွားရေးပိတ်ဆို့ မှုဟာမြန်မာ ပြည်သူပြည်သားတွေကိုသာ ထိခိုက်စေခဲ့ပြီး အုပ်ချုပ်သူလူတန်းစားတွေကို တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ သယံဇာတအရင်းအမြစ်တွေကို လုပ်ချင်သ လို လုပ်ခွင့် ပေးလိုက်သလို ဖြစ်စေခဲ့ တာကြောင့် မအောင်မြင်ခဲ့ ပါဘူး။

၂ဝဝ၉ ခုနှစ် မှာတော့ အမေရီကန်အစိုးရဟာ. ဘာမား လို့ ခေါ်တွင်နေဆဲဖြစ် တဲ့  မြန်မာနိုင်ငံ အပေါ် ထားရှိတဲ့ မူဝါဒကို ပြန်လည်သုံးသပ်ခဲ့ပါတယ် ။

ရရှိလာတဲ့ အဖြေကတော့ မြန်မာအပေါ်ထားတဲ့ သဘောထားကို သိသိသာသာပြောင်းလဲဖို့ ပါဘဲ။ ဒါပေမဲ့ ဒီစေ့စပ်ညှိုနှိုင်းမှုကို အားလုံးက စောင့်ကြည့်နေကြပြီးဘယ်လို မြန်မြန်ဆန်ဆန်အကောင်
အထည်ဖော်သွားမလဲဆိုတာ အသေအချာမခန့်မှန်းနိုင်ခဲ့ ပါဘူး။

အခုဒီခြံထဲမှာရှိတဲ့ အရာရှိကြီးတွေကတော့ ဒီလိုပြောင်းလဲမှုတွေအတွက် သူတို့ အံသြဝမ်းသာရ တာကို ပွင့်ပွင်းလင်းလင်းကိုထုတ်ပြောကြပါတယ်.။

ဒေါ်အောင်ဆန်းစုကြည်အကျယ်ချူပ်ကလွတ်တာ နှစ်နှစ်လောက်ဘဲရှိသေးတာနဲ့  ဒီမိုကရေစီကို သွားရာလမ်းကြောင်းကလည်းတလွှဲကြီးဖြစ်နေတာကို မမေ့ သင့်ဘူးဆိုတာကိုပါ။

အခုတော့ဒေါ်စုဟာ လွတ်မြောက်ရုံသာမက ကမ္ဘာအရပ်ရပ် ကခေါင်းဆောင်တွေ နဲ့ ပါတွေ့ ဆုံနေ ပါပြီ။.

သူဟာလွှတ်တော်အမတ်တယောက်ဖြစ်နေပြီး သမ္မတဦးသိန်းစိန် ကတောာင် ဒေါ်စုဟာ တနေ့  မှာခေါင်းဆောင်တယောက်ဖြစ်လာနိုင်တယ်လို့ ပြောကြားနေပါတယ်။

ဒါပေမဲ့ ဒီရလာဒ်တွေပျောက်ပျက်မသွားဖို့ အရေးကြီးပါတယိ၊ နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကလည်း အခြေအနေအတော်ဆိုးနေပါတယ်။ နိုင်ငံရဲ့ ၂၅ရာခိုင်နှုန်းလောက်မီးမရသလို၊ကျန်းမာရေးစောင့်
ရှောက်မှု ကလည်းအတော်နိမ့်ကျနေပါတယ်။ လူမျိုးစုပြသာနာတွေကလည်း ရှိနေပြီးနိုင်ငံမြောက် ပိုင်းက ကချင်ပြည်နယ်နဲ့ အနောက်ပိုင်း က ရိုဟင်၈ျာတွေ ရဲ့ ပြသာနာတွေ ဆက်လက် ဖြစ်ပွားနေ ဆဲပါ။

စစ်တပ်က နိုင်ငံရေးနဲ့ လူမှုရေးတွေကို ထိန်းချုပ်ထားဆဲဖြစ်သလို. ရာပေါင်းများ စွာသော နိုင်ငံရေး အကျဉ်းသားတွေလည်း သံတိုင်တွေနောက်မှာ ရှိနေဆဲ ပါ။။

ဒါပေမဲ့ အရင်တုန်းကဘယ်တုန်းကမှမရှိခဲ့ တဲ့ မျှော်လင့်ချက်တရားတွေတော့ ဒီနိုင်ငံမှာရှိလာပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥယျာဉ်ထဲက နှင်းဆီပန်းရနံတွေလည်း လေထဲမှာ သင်းပျံလာပါတယ်၊ နှင်းဆီနံ့ တွေနဲ့ အတူဒီလေထုထဲမှာ ရနေတဲ့ အရာတခုလည်းရှိပါသေးတယ်။
ဒါကတော့ အင်တာနက်ပါ။

မြန်မာနိုင်ငံလို အင်တာနက်သုံးရတာ နှေးကွေးဈေးကြီးရုံတင်မက ကန့် သတ်ချက်တွေများ တဲ့ တိုင်းပြည်တခုမှာ အခုလို ပန်းခြံထဲကနေကြိုးမဲ့ အင်တာနက်သုံးပြီး အီးမေးလ်တွေစာတွေ ပို့ နေရတာ တကယ့် ကို မယုံနိုင်စရာကြီးပါ။

မယုံရင်လည်းပုံပြင်လို့ သာမှတ်လိုက်ပါတော့။ ထပ်ပြောရအုန်းမယ်။ ကျနော်ဒေါ်အောင်ဆန်းစုကြည် ခြံထဲကနေ အင်တာနက်သုံးနေပါတယ်။

CNN သတင်းထောက် Dan Rivers, CNN ၏ Miracles in Suu Kyi's secret garden ဆောင်းပါးကိုဘာသာပြန်ဆိုပါသည်။


"photo Bun Ny

No comments:

Post a Comment