Thursday 29 November 2012

ကိုမျိုး (မြန်မာစာရဲ့  အမေစုအတွက် ရင်တွင်းဖြစ် စကားသံ)



.အမေ့ကိုဘယ်တော့မှကျွန်တော်မမုန်းနိုင်ပါဘူး...

အမေ့ကိုဘယ်တော့မှမချစ်နိုင်သူတွေ
ချစ်လာလေနိုးမျှော်ကိုးစည်းရုံးနေရင်တောင်

ကျွန်တော်အပြစ်မမြင်ပါဘူး။

သို့ ပေမဲ့လောကဓမ္မတာ
မြဲတဲ့တရားဆိုတာ
မမြဲခြင်းတရားသာရှိတယ်ဆိုတော့ကာ...
အမေ့ဆုံးဖြတ်ချက်ဟာ
ချစ်သူတွေမုန်းလို့ 
မုန်းသူတွေချစ်စရာ
မဖြစ်ပါစေကြောင်း
ကျွန်တော်ဆုတောင်းနေမိပြီအမေ.............

ကိုမျိုး(မြန်မာစာ) 29.11.2012
ပေါ်ပျူလာဂျာနယ်
အယ်ဒီတာချုပ်

No comments:

Post a Comment