Monday 5 November 2012

ဦးရာရှစ် ရာပြည့်ပွဲ ဘာသာပေါင်းစုံ တက်ရောက်



 ဦးရာရှစ် ရာပြည့်အခမ်းအနားတွင် တက်ရောက်လာသူများက အလေးပြုနေကြပုံ၊ ဓာတ်ပုံ- NLD 
 
ဗကသနှင့် တကသ ဥက္ကဌ ဦးရာရှစ် ရာပြည့်အခမ်းအနား (၁၉၁၂-၂၀၁၂) ကို ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဦးရာရှစ် ရာပြည့်အခမ်းအနားမှာ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ စတဲ့ ဘာသာပေါင်းစုံ ခေါင်းဆောင်များလည်း တက် 
ရောက်ခဲ့ကြပါတယ်။ 

ဒီအပြင် အခမ်းအနားကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နာယကများဖြစ်ကြတဲ့ ဦးတင်ဦး၊ ဦးဝင်းတင် စ တဲ့ ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နဲ့ တခြား နယ်ပယ်အသီးသီး က သူတွေ တက်ရောက်ကြပါတယ်။ 

တက်ရောက်လာသူတွေထဲကလည်း ဆရာကြီး ဦးရာရှစ်ရဲ့ မြန်မာ့ လွတ်လပ်ရေး၊ တကသ၊ ဗကသများ ဥက္ကဌ တာဝန်အသီးသီး ယူခဲ့မှုတွေကို ဂုဏ်ပြု မိန့်ခွန်းများလည်း ပြောခဲ့ကြပါတယ်။


အခမ်းအနားမှာ ကွယ်လွန်သူ မြန်မာ-မွတ်ဆလင် တဦးလည်းဖြစ် လွတ်လပ်ရေးသမိုင်းမှာ အထင်ကရ ဖြစ် ခဲ့တဲ့ ဦးရာရှစ်ကို တက်ရောက်လာသူတွေက ဦးညွှန်အလေးပြုခဲ့ကြပါတယ်။ 

လူငယ်မျိုးဆက်သစ်တွေကလည်း ဆရာကြီး ဦးရာရှစ်ကို အခုလို ဂုဏ်ပြုခဲ့ကြပါတယ်။ 

No comments:

Post a Comment