Wednesday 7 November 2012

၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပယ်ဖျက်ရေး အဆို မအောင်မြင်


 လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီ (ဓာတ်ပုံ – ဧရာဝတီ)
၁၉၈၂ နိုင်ငံသား ဥပဒေနဲ့ပတ်သက်လို့ ပယ်ဖျက်ကာ အသစ် ရေးဆွဲရေးဆိုင်ရာ ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ အဆိုပြု တင်ပြခဲ့တာမှာ အောင်မြင်မှု မရပဲ လွှတ်တော်မှတ်တမ်းတင်မှုအဆင့်ပဲ ရခဲ့ပါတယ်။ 

လက်ရှိ မြန်မာနိုင်ငံသား ဥပဒေ ဖြစ်တဲ့ ၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေ အမှတ် ၄ ကို ပယ်ဖျက်ရေး အတွက် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက တင်သွင်းဆွေးနွေးခဲ့တာပါ။ 

ဒါကို လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ အင်အား ၀န်ကြီးဌာန ၀န်ကြီး ဦးခင်ရီကလည်း  ပြန်လည်ဖြေ ရှင်း ပြောဆိုရာမှာ အဆိုပါ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို ပြုပြင် ဖျက်သိမ်းရန် မလိုအပ်တဲ့အကြောင်း အကျယ်တ၀ံ့ ရှင်းလင်းသွားခဲ့ပါတယ်။ 

နိုင်ငံသား ကိစ္စ ဆွေးနွေးမှုမှာ ကန့်ကွက်မှုတွေကလည်း အများအပြား ရှိတဲ့အတွက် အဆိုတင်သွင်းမှုဟာ မအောင်မြင်ဖြစ်ခဲ့ရပြီး မှတ်တမ်းတင်ခြင်းဖြင့် အဆုံးသတ်ခဲ့ရပါတယ်။ 

ဝန်ကြီး ဦးခင်ရီ တင်ပြဆွေးနွေးချက်အပြည့်အစုံကို အောက်မှာ ဖတ်နိုင်ပါတယ်။ 








ဝန်ကြီး ဦးခင်ရီ၏ တင်ပြဆွေးနွေးချက်များ မူရင်း ဤနေရာမှ ရယူသည်။

No comments:

Post a Comment