Monday 5 November 2012

ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်မှ ကြားဖြတ်အစီရင်ခံစာ သမ္မတထံ မကြာမီတင်မည်




ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်း စစ်ဆေးရေး ကော်မရှင်မှ ကြားဖြတ်အစီရင်ခံစာကိုယခုလ ၁၆ ရက်နေ့မတိုင်မီ သမ္မတထံသို့ တင်သွားမည် ဟု သိရသည်။

အစီရင်ခံစာ(Final Report
) ကို ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်း စစ်ဆေးရေးကော်မရှင် က နိုဝင်ဘာ ၁၆ ရက်တွင် သမ္မတထံ အပြီးတင်ရန် စီစဉ်ထားသောလည်း မကြာခင်က ဖြစ်ပွားခဲ့ သည့်အခြေအနေများကြောင့် လာမည့်နှစ်မတ်လမှသာ တင်နိုင်တော့မှာဖြစ်ပြီး ကြားဖြတ်အစီရင်ခံစာကို လာမည့် တနင်္ဂနွေနေ့ တွင် အပြီးသတ် ရေး၍ တစ်ဖွဲ့ လုံး အစည်းပြန်ထိုင်ကာ သမ္မတထံသို့ တင်သွားမည် ဟု ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်း စစ်ဆေးရေး ကော်မရှင်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးသူရ က ပြောသည်။
Ref; Popular Myanmar News Journal

No comments:

Post a Comment