Tuesday 6 November 2012

အမေရိက သမ္မတရွေးကောက်ပွဲသို့ 

အမေရိက သမ္မတရွေးကောက်ပွဲသို့ 
**********************
နောက်ထပ်10နာရီ လောက်ဆိုရင် အမေရိကန် သမ္မတ ရွေးကောက်ပွဲ အဖြေထွက်ပါပြီ သမ္မတအိုဘားမား က ဘဲ ဆက်ပြီး ပြုံးနိုင်မလား ပြိုင်ဘက်ကဘဲ မဲ တွေပိုရနိုင်မလား အခုလိုပဲ ဆိုတာ တိတိကျကျ သိရတော့မှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ နောက်ထပ် သမ္မတအသစ် ဟာ နာရီပိုင်းဘဲ ကျန်ပါတော့တယ် ။ မဲတွေကတော့ သိပ်မကွာလှပါဘူး။ အွန်လိုင်းပေါ်မှာ စောင့်စားနေကြတဲ့ ကမ္ဘာ့ က စိတ်ဝင်တစား ရှိလှတဲ့ သတင်းများနဲ့  အတိုလေးကို သုံးသပ်ပါရစေ ..။
ဒါဟာလူအများ စိတ်ဝင်စားစရာလား
***********************
သမ္မတ Obama ဟာ တနင်္လာနေ့မှာ Wisconsin၊ Iowa နဲ့ Ohio ပြည်နယ်တွေ ကို ပြန်လည်သွားရောက်ပြီး မဲဆွယ်မှုတွေပြုလုပ်ပြီးတဲ့နောက် သူနေထိုင်ရာ illinois ပြည်နယ် Chicagoမြို့ကို ထွက်ခွာ သွားပါတယ်။ရွေးကောက်ပွဲကျင်းပတဲ့ အင်္ဂါနေ့တနေ့လုံး မစ္စတာအိုဘားမားဟာ Chicagoမြို့မှာ ရှိနေမှာ ဖြစ်ပါတယ်။
Republican ပါတီရဲ့  အသစ်စက်စက် သမ္မတလောင်း မစ္စတာ Romney ကတော့ တနင်္လာနေ့ စောစောပိုင်း Florida ပြည်နယ်မှာ မဲဆွယ် စည်းရုံးမှု ပြုလုပ်ပြီး Virginia၊ Ohio နဲ့ New Hampshire ပြည်နယ်တွေကို သွားရောက်ပါလိမ့်မယ်။ ရွေးကောက်ပွဲနေ့မှာ တော့ မစ္စတာ Romneyဟာ သူနေထိုင်ရာ Massachusetts ပြည်နယ်မှာရှိနေမှာဖြစ်ပါတယ်။
မြန်မာပြည်အတွက် ဘယ်သူက အရေးပါမှာလဲလို့ သုံးသပ်ရင်တော့ အိုဘားမား သက်တမ်းမှာ ဒေါ်စုနဲ့  ဦးသိန်းစိန်ကို အမေရိကကိုဖိတ်ပြီး တရင်းတနှီး တွေ့ ဆုံခဲ့တဲ့ ကာလကတိုပေမယ့် သမ္မတ အိုဘားမားက နံမည်ရနေပါတယ်။မကြာခင်လည်း မြန်မာပြည်လာတော့မယ်ဆိုတော့ သူဘဲဖြစ်လေမလားဆိုပြီး မြန်မာများအကြား တီးတိုးပြောသံတွေ ကြားနေရပါတယ် ။ ဟီတာလီကလင်တန် နဲ့ ဒေါ်စုအကြား အောင်မြင်စွာ တရင်းတနှီး တွေ့ ဆုံ ခဲ့တဲ့  မြန်မာ့အသိုင်းအ၀ိုင်း က အိုဘားမားကိုဘဲ ကောင်းချီးကြဘာပေးနေကြပါတယ်။ အပြောင်းအလဲနဲ့ ဗလောင်းဗလဲတွေကြောင့် မြန်မာပြည်နိုင်ငံရေးက လိပ်ခဲသည်းလည်းဖြစ်နေရတာ ဒီသမ္မတတွေက ကိုကိုလူဆိုးတွေကို ဘာများတုံ့ ပြန်နိုင်မှာလဲ ?ရွှေပြည်တော်ကြီး မျှော်လေတိုင်းဝေးနေရတာထက် သမ္မတအသစ်လေးဆိုရင် ကော အောင်မြင်းခြင်းနီးစပ်မှုလေးတွေ ရနိုင်ပါ့မလား သို့ လောသို့ လောနဲ့ ဖြေရခက်နေပါမယ်။
အသစ်စက်စက် သမ္မတလောင်း မစ္စတာ Romney ကတော့ သူသာ သမ္မတဖြစ်ခဲ့ရင် အာရှမှာတရုတ်တွေ လွှမ်းမိုးမှုကို လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ကမ္ဘာမှာ တယုတ်တွေက အမြဲဘဲ ယုတ်နေကြတာသူပြတ်ပြတ်သားသားကိုင်တွယ့် လက္ခာပြသနေပါတယ်။ ဒါကြောင့် သင့်ရဲ့ အမြင်လေးကို သိချင်လို့ စာညွှန်းလေးတော့ရေးပေးစေချင်ပါတယ် ။ဘယ်သူက ကမ္ဘာကိုကြိုးကိုင်မှာမယ့်သမ္မတ လဲဆိုတာ တီဗွီဖန်သားပြင်ကနေ စောင့်ကြည့်ရပါတော့မယ်။ သမ္မတနှစ်ဦးစလုံးရဲ့ အားသာချက် အားကောင်းတဲ့အချက်များကို ဂျပန်တီဗွီနဲ့ နိုင်ငံတကာတွေမှာပြသနေပါတယ်။ အမေရီကမှာတော့ ဒီနေ့ 6.11.2012မှာ လူတွေ ပျော်မြူးနေကြတာ တွေ့ ရသလို သမ္မတအသစ်ကိုဆီးကြိုမှာလား ဆိုတာ သဲသဲကွဲကွဲ မြင်နေရပြီဖြစ်ပါတယ်
လို့ ဆန္ဒပြုရင်း ကျနော့ရဲ့ အမြင်ကိုမျှဝေလိုက်ပါတယ်။
သမ္မတအသစ်ကြီး မစ္စတာ Romney ရေ သင်သာ နေရာရခဲ့မယ်ဆိရြင် မြန်မာပြည်အတွက် ဘာတွစဉ်းစားထားပါသလဲ? ဘယ်လို မြန်မာ့နိုင်ငံဗရးကို အကူအညီတွေပေးအုံးမလဲဆိုတာ ပိတ်ကားပေါ်မှာ စောင့်မျှော် ပါရစေ
မေတ္တာဖြင့် ဖေ့ဘုတ်နှင့် နိုင်ငံတကာမှာ ချစ်မိတ်ဆွေများ ရွှင်လန်းချမ်ေးမြ့ ကြပါစေ
ကိုထွန်းဝေ 6.11.2012 အင်္ဂါနေ့ 

No comments:

Post a Comment