Saturday, 17 November 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းထိုင် သပိတ်ဆင်နွဲသွားမည်


"လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ပြည်ထောင်စု အစိုးရ အဆင့်မှ လာရောက် မဖြေရှင်းမချင်း စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဒေသ မြန်မာဝမ်ပေါင်ကုမဏီ ရှေ့တွေ ဒေသခံရွာသား များထောင်ချီ၍ ထိုင်သပိတ်ဆင်နွဲသွားမည်ဖြစ်ကြောင်း" အသိပေးအပ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖော်ဆောင်နေရာတွင် ဒေသခံများနှင့် ကုမဏီကြား ပဋိပက္ခများ ပြင်းထန် ရှည်ကြာ လာခဲ့ပြီ ဖြစ်သည်။ယခုနှစ်လယ် ဇွန်လအစပိုင်းမှ စတင်ပြီး ဖြစ်ပေါ်နေခဲ့သော ပြဿနာများအား ယခုချိန်ထိ ပြေလည်အောင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရမှ စစ်မှန်စွာ ကိုင်တွယ်ဖြေရှင်းပေး နိင်ခဲ့ခြင်း မရှိသဖြင့် ယခု သတင်းနေစဉ် အချိန်မှစတင်ကာ ဒေသခံလယ်သမားများသည် မိမိတို့၏လက်ရှိကြုံတွေနေရသော အခြေအနေအား ပြည်ထောင်စု အဆင့် အစိုးရမှ ကွင်းဆင်းလေ့လာ ကိုင်တွယ်ဖြေရှင်းမှု မပြုမခြင်း မထတမ်းသပိတ်မှောက်သွားမည်ဖြစ်ကြောင်း သတင်းပေးပို့လာပါသည်။

နောက်ဆက်တွဲ သတင်းများအား လည်းထပ်မံဖော်ပြပေးသွားပါမည်။

လေးစားလျှက်
ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်

ဆက်သွယ်မေးမြန်းလိုသူများ၊မီဒီယာများမှ အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိင်ပါသည်။
ကိုသားကြီး 09401584293
ကိုအောင်စိုး 0949277823
ဇီးတောဆရာတော် 09049290619
 
သတင်း ကိုဝေဌု

No comments:

Post a Comment