Friday, 2 November 2012

လက်သည် ဘယ်သူလဲ ?

၃၁-၁၀-၂၀၁၂ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ည၇း၃၀ခန့်
မရမ်းကုန်းမြို့နယ်၊အမှတ်(၈)ရပ်ကွက်၊ရေကူးဘူတာရုံလမ်းအတွင်း၊(ရဲကင်း၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့်ကိုက်၂၀၀ခန့်အကွာ)လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် သောက်သုံးနေသူတစ်ဦးကို လူနှစ်ဦးက နှစ်တစ်လက်မတုတ်များဖြင့် ၀ိုင်းဝန်းရိုက်နှက်သော ဖြစ်စဉ်တစ်ခုပေါ်ပေါက်ခဲ့ပါသည်။လူစည်ကားသောလမ်းဘေးမှဆိုင်ဖြစ်သောကြောင့် အုတ်အော်သောင်းနင်းဖြစ်ခဲ့ပါသည်အနားရှိသူများဝိုင်းဝန်းဆွ

ဲရန်ကြိုးစားသော်လည်းရိုက်သူများက တုတ်ဖြင့်ခြိမ်းချောက်သဖြင့် မကပ်ရဲကြပါ။ ဖြစ်စဉ်စတင်ဖြစ်ပွားချင်း ရပ်ကွက်ပြည်သူများမှရပ်ကွက် အုပ်ချုပ်ရေးမှူးသို့ အလျင်အမြန်သွားရောက်အကြောင်းကြားသော်လည်း ရဲကင်းနှင့်ရပ်ကွက်ရုံး၌ တာဝန်ကျရာအိမ်မှူးနှစ်ဦးသာရှိပြီး၊အခြားမည်သူမှရှိမနေပါ။ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်သို့သွားရောက်အကြောင်းကြားသောလည်း သွေးတိုးနေသည်ဟု အကြောင်းပြပြီး လာရောက်ဖြေရှင်းပေးခဲ့ခြင်းမရှိ၍ ရာအိမ်မှူးများကရဲစခန်းသို့ အကြောင်းကြားသော်လည်းအချိန်မီလာရောက်ခြင်းမရှိပါ။ ရိုက်နှက်သူနှစ်ဦးသည် လဲကျနေသူအား စိတ်ကြိုက်ရိုက်နှက်ပြီး တုတ်များကိုင်ဆောင်၍ ရပ်ကွက်ရုံးတွင် သွားရောက်အဖမ်းခံခဲ့ပါသည်။ရိုက်နှက်ခံရ၍ သွေးအိုင်ထဲလဲနေသူကို ၄င်း၏မိသားစုများနှင့် ပတ်ဝန်းကျင်ရှိလူများက မ/ဥက္ကလာဆေးရုံသို့ ပို့ဆောင်လိုက်ပါသည်။အဖမ်းလာခံသူကိုတော့ ရာအိမ်မှူးများက ရဲစခန်းသို့သွားရောက်အပ်နှံလိုက်ပါသည်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားအပြီး
တစ်နာရီခွဲခန့် အကြာမှသာ ရပ်ကွက်နယ်ထိန်းနှင့်ရဲတပ်ဖွဲ့ဝင်တစ်ချို့ရောက်ရှိလာပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်းပြုလုပ်သည်ကို တွေ့ရှိရပါသည်။အဆိုပါအရိုက်ခံရသောလူနာမှာ ယခုအခါ ရန်ကုန်ဆေးရုံကြီး ဦးဏှောက်နှင့်အာရုံကြောဌာနတွင် အတွင်းလူနာ အဖြစ်တက်ရောက်ကုသနေကြောင်းသိရပါသည်။
အထက်ပါဖြစ်စဉ်များကို သုံးသပ်ကြည့်သောအခါ တရားဥပဒေစိုးမိုးရေး နယ်မြေအေးချမ်းသာယာရေးအတွက် အဓိကတာဝန်ရှိသူ များက လူစည်ကား၍ မှုခင်းများဖြစ်ပွားတတ်သော သီတင်းကျွတ်ပွဲတော်ကဲ့သို့ ကာလမျိုး၌တွင်ပင် တာဝန်ကျရာ ရုံး၊ရဲကင်းစသောနေရာများတွင် တာဝန်ချထားမှုမရှိခြင်းကြောင့် ကြိုတင်တားဆီးနိုင်သော သာမန်အမှုမျိုးမှ မှုခင်းကြီးများအထိဖြစ်ပွားသွားနိုင်သည်ကိုတွေ့ရှိရပါသည်။တာဝန်ရှိသူများ၏ တာဝန်မဲ့လုပ်ရပ်များကြောင့် ပြည်သူလူထုများမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဥပဒေစိုးမိုးရေးနယ်မြေအေးချမ်းသာယာရေးဆောင်ရွက်ချက်များအပေါ်ယုံကြည်မှု လျော့ပါးလျက်ရှိနေပါကြောင်းတင်ပြလိုက်ပါသည်။
ကိုဝင်းနိုင် 

No comments:

Post a Comment