Wednesday 7 November 2012

ငွေသားမပါ လှူခဲ့သော ပုံးခွံများ



ပဲခူးတိုင်းဒေသကြီး(အနောက်)၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်၊ ကျီးတောကျေးရွာ ဖောင် တော်ဦးစေတီတော်မြတ်ကြီး အား၃-၄-၁၉၉၉နေ့၌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့မှ အတွင်းရေးမှူး(၂)ဒုတိယဗိုလ်ချုပ်ကြီးတင

်ဦး ခေါင်းဆောင် ပြီး မွေးရပ်ဇာတိမြေဖြစ်သော လက်ပံတန်းမြို့နယ်အတွင်း၌ရှိသော ကျီးတောဖောင်တော်ဦး စေတီတော်မြတ်ကြီး (ခ) ပေါ်တော်မူဘုရားစေတီကြီးအား ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦးကိုယ်တိုင် ပဲခူးတိုင်း တိုင်းမှူး ဗိုလ်ချုပ်တင်အေး၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းညွန့်၊ ဗိုလ်မှူးချုပ်သိန်းအောင်၊ ဗိုလ်မှူးချုပ်လွန်းမောင်နှင့် ၀န်ကြီးအဖွဲ့ဝင်များနှင့် ကုမ္ပဏီမိသားစု ၅ ခုတို့မှအလှူငွေများနှင့် ကျီးတောဖောင်တော်ဦးစေတီတော်မြတ် ကြီးအား မင်္ဂလာအချိန်အခါ နံနက် ၈း၁၀ နာရီ၌ ရွှေထီးတော်ကြီးအား တင်လှူပူဇော်ခဲ့ပါသည်။

ထီးတော်တင်ပွဲအပြီး၌ လက်ပံတန်းမြို့၏ ကျက်သရေဆောင် လောကမာန်အောင်ရွှေဘုန်းရောင် စေတီတော်မြတ်ကြီး၏ ဘက်စုံပြုပြင်ရန်အတွက် အထက်မှဖော်ပြ ထားသော ကုမ္ပဏီ ၅ ခုမှ အလှူ ငွေများထည့်ဝင်လှူဒါန်းမှု ပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍ အနည်းငယ် တင်ပြရာတွင် ဒုတိယဗိုလ်ချုပ်ကြီး နှင့် အစိုးရ၀န်ကြီးများရှေ့၌ ရွှေသံ လွင်ကုမ္ပဏီမှ အလှူငွေတစ်သိန်း နှင့် သိန်းဆွေဝင်းကုမ္ပဏီ (ဦးခင် မြင့်)မှ အလှူငွေ တစ်သိန်း၊ မြန်နိုင်မြင့်ကုမ္ပဏီမှ အလှူငွေတစ် သိန်း၊ စူပါဝမ်းကုမ္ပဏီမှ အလှူငွေ တစ်သိန်းနှင့် တော်ဝင်မိသားစု ကုမ္ပဏီမှ အလှူငွေတစ်သိန်းစီကို အသီးသီး လှူဒါန်းမှုပြုလုပ်ခဲ့ပါ သည်။ ၎င်းလှူဒါန်းမှုမှာ ““ဖော် ရှိုး””သဘောမျိုး ငွေတစ်သိန်းကပ်ထားသော ပုံးခွံများအား လူကြီးများရှေ့၌ လှူဒါန်းမှုပြုလုပ်ခဲ့ပြီး ငွေသားမပါ ပုံးခွံများသာဖြစ်ပါသည်။ ယခုအချိန်အထိ အချိန် ကာလ
၁၃ နှစ်ကျော်ကြာခဲ့ပါပြီ။ ၎င်းတို့ထံမှ အလှူငွေများ မရရှိသေးကြောင်းကို ဘုရားကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ထံမှ ၀မ်းနည်းဖွယ်ရာ သိရှိလိုက်ရပါသည်။

ယခုလည်း ကျီးတောဖောင်တော်ဦးစေတီတော်မြတ်ကြီးအားလည်း ဟောင်းအိုယိုယွင်းလာပြီး ၎င်းစေတီတော်မြတ်ကြီးအား သွားရာလမ်းများမှာလည်း ပျက်စီးယို ယွင်းနေပါပြီ။ ကျွန်တော်စာရေးသူ ကိုယ်တိုင် ၎င်းလမ်းကိုဆိုင်ကယ် ဖြင့် သွားရောက်သောအခါ လ ကမ္ဘာပေါ်ဆိုင်ကယ်စီးရသလို ချိုင့်ခွက်များနှင့်လမ်းမှာ အလွန်ပင်ဆိုးဝါးစွာ သွားရပါသည်။ ရွာအ၀င်ဘုရားသို့ လမ်းတစ်ခုသာ ယခု ကျီးတောကျောင်းတိုက်ဆရာတော်၏ ထိမ်းသိမ်းထားမှုကြောင့်သာ ဖြောင့်ဖြူးစွာ ကျန်ရှိနေပါတော့သည်။ (စေတီလည်းပျောက် လမ်းလည်းပျောက်မှာစိုးပါသည်။)

ယခုကျီးတောဖောင်တော်ဦး စေတီတော်မြတ်ကြီး၌ ကျောင်းထိုင်ဆရာတော် ဦးသောဘိတနှင့် ဦးခိုက်တွေ့ဆုံပြီး မိမိသိလိုသော အချက်များကို မေးမြန်းမိပါသည်။

ကျောင်းထိုင်ဆရာတော် ဦးသောဘိတ၏ ကျီးတောဖောင် တော်ဦးစေတီတော်ကြီး၏ သာ သနာအဓွန့်ရှည်ရန်အတွက် ရှေ့ လုပ်ငန်းစဉ်များနှင့် ယခုပြုပြင် ပြောင်းလဲလုပ်ဆောင်ချက်များကို အနည်းငယ်တင်ပြရလျှင် ယခုပွင့် လင်းရာသီ ရောက်ပြီးဖြစ်သည့် အတွက် ရွှေသင်္ကန်းကပ်လှူရန် အတွက် ငြမ်းများပြုလုပ်ထားမှုကို တွေ့ရှိရပါသည်။ နောက်စေတီ တော်ကြီး၏ အနောက်ဘက်၌ရှိ သော ဗောဓိပင်ကြီး၏ အောက်၌ ပဉ်္စ၀ဂ်ဂီရဟန်း ၅ ဦးပါနှင့် ဘုရား ပုံတော် တရားဦးဟောနေသော ဗုဒ္ဓရုပ်ပွားတော်ပုံကို ထုဆစ်ပြီး ၎င်းင်းရှေ့၌ ““သစ္စာတရားဓမ္မာရုံ အကျယ် (၄၅)ပေနှင့်၊ အမြင့် (၁၂) ပေ၊ အခန်း (၅) ခန်းဆောက် လုပ်ရန်အတွက် ရည်ရွယ်ထား ကြောင်း ပြောပြပါသည်။

ယခုလည်း ၁၈ ကြိမ်မြောက် မဟာပဌာန်းပူဇော်ပွဲကိုလည်း ပြာသိုလဆန်း (၁၄၊ ၁၅) နှင့်လပြည့် ကျော် ၁ ရက်နေ့ထိပြုလုပ်မည် ဖြစ်ကြောင်းသိရပါသည်။

ယခုကျွန်တော်လက်ပံတန်းသားကလောင်အမည်ဖြင့် စာရေးသားသူသည် တစ်ချိန်က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေးအဖွဲ့မှ အတွင်းရေးမှူး(၂) လက်ပံတန်းသား ဒုတိယဗိုလ်ချုပ် ကြီးတင်ဦး၏ကောင်းမှု ကျီးတောစေတီတော်မြတ်ကြီးအား ယခုလို ဘက်စုံပြုပြင်မှုတွင် ကုသိုလ်ပြုနိုင်ပါရန် ကျွန်တော်လက်ပံတန်းသား မှရေးသားဖော်ပြလိုက်ရပါသည်။

မြန်မာသံတော်ဆင့်

No comments:

Post a Comment