Thursday 8 November 2012

တရုတ်ရေတပ် ၏ လျှို့ ဝှက် ချက်များ

တရုတ်နိုင်ငံသည် ကိုယ်ပိုင် လေယာဉ်တင် သင်္ဘောတစ်စင်းကို တည်ဆောက်မှု စတင်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

တရုတ်ရေတပ်သည် ၎င်းတို့၏ ပထမဆုံး လေယာဉ်တင် သင်္ဘောအဖြစ် လီယာအိုနင်ကို ယခုနှစ်အတွင်း စတင် အသုံးပြုခဲ့သော်လည်း ယင်း၏ ကိုယ်ထည်အခွံကြီးကို ယူကရိ
န်းမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအခါ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်သည် ကိုယ်ပိုင် နည်းပညာဖြင့် တည်ဆောက်သော လေယာဉ်တင် သင်္ဘော စီမံကိန်းကို စတင်နေပြီဟု ဆိုသည်။ ရေကြောင်းဆိုင်ရာ ဗိသုကာ ပညာရှင် ဝူဇီယိုဂွမ်းက မိမိတို့သည် ပြည်သူများ၏ မျှော်လင့်ချက်ကို အလဟဿ ဖြစ်စေမည် မဟုတ်ဟု Xinhuaသို့ ပြောကြားခဲ့သည်။

အနောက်အုပ်စုမှ ပညာရှင် တစ်ဦးက ယူကရိန်း ပညာရှင်များ၏ အကြံပေး ကူညီမှုဖြင့် ဆိုပါက တရုတ်သည် (၁)နှစ်ခွဲအတွင်း လေယာဉ်တင် သင်္ဘောတစ်စင်း တည်ဆောက်နိုင်စွမ်း ရှိနေကြောင်း သုံးသပ်ထားသည်။ လက်ရှိ အသုံးပြုနေသော လီယာအိုနင် (ဓာတ်ပုံတွင် ပါရှိသည့် သင်္ဘောကြီး)၌ J-15 တိုက်လေယာဉ်များ အခြေစိုက် အတက်အဆင်း ပြုလုပ်နိုင်ကာ တရုတ်၏ ကိုယ်ပျောက် တိုက်လေယာဉ် J-31ကိုလည်း လေယာဉ်တင် သင်္ဘောမှတစ်ဆင့် စစ်ဆင်ရေး ပြုလုပ်နိုင်ရန် ပြင်ဆင်မွမ်းမံနေကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

  Planet Myanmar Network

No comments:

Post a Comment