Wednesday 28 November 2012

အမေရိကန်သမတကြီးမစ္စတာဘားရက်အိုဘားမားအားကျောင်းသားသမဂ္ဂအဆောက်အဦကြီးတည်ဆောက်ရေး အတွက်ကူညီပါရန် ဝိုင်းဝန်းလက်မှတ်ရေးထိုး၍မေတ္တာရပ်


by Htun Aung Gyaw on Tuesday, November 27, 2012 at 4:06pm ·
http://www.ipetitions.com/petition/petition-to-president-barack-obama-asking-for-help/

အောက်ကစာဖတ်ပြီးရင်အပေါ်ကလင့်ကိုကလစ်လုပ်ပြီးလက်မှတ်ထိုးကြပါ။
ဦးထွန်းအောင်ကျော်...မှ


အမေရိကန်သမတကြီးမစ္စတာဘားရက်အိုဘားမားအားကျောင်းသားသမဂ္ဂအဆောက်အဦကြီးတည်ဆောက်ရေး အတွက်ကူညီပါရန် ဝိုင်းဝန်းလက်မှတ်ရေးထိုး၍မေတ္တာရပ်ခံခြင်း။

သမတကြီးခင်ဗျား
ကျွန်ုပ်တို့သည်ကျောင်းသားများ၊ကျောင်းသားဟောင်းများ၊ နှင့်မြန်မာပြည်သားများဖြစ် ကြပါသည်။ သမတကြီးမှ နိုဝင်ဘာလ ၁၉ ရက် ၂၀၁၂ နေ့ တွင် ကျွနုပ်တို့မြတ်နိုး တန်ဖိုး ထားသောရန်ကုန်တက္ကသိုလ်ကြီးတွင် ပြော ကြားခဲ့သည့်နှစ်လိုဘွယ်ရာ ကောင်း သော မိန့်ခွန်းကြီး ကိုလေးနက်စွာနားထောင်ခဲ့ကြပါသည်။

သမတကြီး၏မိန့်ခွန်းသည်ကျွန်ုပ်တို့အားစိတ်အားတက်ကြွစေသည့်နည်းတူ အနာဂါတ် ကိုလျှောက်လှမ်းရမည့်အသိအမြင်ကိုလည်းပေးခဲ့ပါသည်။ ထို့အတွက်သမတကြီး၏ဗမာပြည်  အခက်အခဲများကိုနားလည်စာနာမှု၊ နှင့် အားပေးထောက်ခံမှုတို့အတွက်ကျွနုပ်တို့ကအထူး ကျေးဇူး တင်ရှိပါသည်။



ကျွနုပ်တို့၏ရန်ကုန်တက္ကသိုလ်တွင်ရှိသည့်ကျောင်းသားသမဂ္ဂအဆောက်အဦကြီးအားစစ် အာဏာရှင်စံနစ်မှဂျလိုင်လ ၈ ရက် ၁၉၆၂ ခုနှစ်တွင်ဖေါက်ခွဲဖျက်စီးပြစ်ခဲ့ခြင်းကိုပြန် လည် တည်ဆောက်ပေးရန် ဤစာကိုရေးသား၍ မေတ္တာရပ်ခံခြင်းဖြစ်ပါသည်။


ထိုကျောင်းသားသမဂ္ဂအဆောက်အဦကြီးကိုဖြိုချဖျက်စီးခံရပြီးနောက်ကျောင်းသားများ၏အသံလည်းဆိတ်သုံးခဲ့ရပါသည်။ထို့အပြင်ကျောင်းသားများဆုံဆည်းဆွေးနွေးငြင်းခုန်ရာနေရာဌာနသည်လည်းပျောက်ဆုံးခဲ့ရပါသည်။
အကျိုးဆက်အားဖြင့်ခေတ်အဆက်ဆက်မျိုးဆက်သစ်ကျောင်းသားများတွင်အသင်းအပင်းဖွဲ့ စည်းခြင်းအတွေ့အကြုံ မရှိခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းအလေ့အထ နှင့် အဖွဲ့အစည်းအတွင်း အုပ်ချုပ်ရေး အတွေ့အကြုံများမရှိခြင်းကြောင့်လည်းကောင်း၊ ခိုင်မာသောအဖွဲ့အစည်းများဖြစ် မလာ ခဲ့ဘဲရှိခဲ့ရသည်။ ကျောင်းသားသမဂ္ဂများမရှိဘဲ ကျောင်းသားသမဂ္ဂအဆောက်အဦမရှိဘဲ၊ ကျောင်းသားရုံးခမ်းများမရှိဘဲ၊ ကျောင်းသားများအကြောင်းအရာအရပ်ရပ်ကိုဆွေးနွေးတိုင် ပင်ခွင့်ရကြမည်မဟုတ်ပေ။ ထိုကဲ့သို့ဆက်လက်ဖြစ်နေပါကမြန်မာပြည်သည်အာဏာရှင်အ ဆက် အနွယ်များလက်မှလွတ် မြောက်နိုင်လိမ့်မည်မဟုတ်။
ဗိုလ်ချုပ်အောင်ဆန်းသည်ကျောင်းသားခေါင်းဆောင်တဦးအနေနှင့် ကိုလိုနီစံနစ် လက် အောက်မှလွတ်မြောက်ရေးအတွက်အကြိမ်ပေါင်းများစွာကျောင်းသားသမဂ္ဂအဆောက်အဦကြီးတွင် ဆွေနွေး ငြင်းခုံခဲ့ဘူးပါသည်။


ကျောင်းသားသမဂ္ဂအဆောက်အဦကြီးတည်ရှိရာနေရာကွက်လပ်ကြီးသည်ယ္ခုအခါတွင်ခြုံနွယ် မျက်ရိုင်းပင်များနှင့်တည်ရှိလျှက်နေပေသည်။ ကျွနုပ်တို့အနေနှင့်အနာဂါတ်လူငယ်များအတွက် ကျောင်းသား သမဂ္ဂအဆောက်အဦကြီးကိုပြန်လည်ကူညီတည်ဆောက်ပေးစေလိုပါသည်။ ထိုအခါကျောင်းသားများအနေနှင့်သူတို့ရဲ့ရပိုင်ခွင့်များကိုရယူနိုင်ပြီးလွတ်လပ်စွာဆွေးနွေးခွင့်ရ နိုင်မည်ဖြစ်သည်။ ထိုအချက်သည်မည်သည့်ပညာရေးဝန်းကျင်တွင်မဆိုလိုအပ်နေသည့် အချက် ဖြစ်သည်။ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးတည်ဆောက်ရေးသည်လက်ရှိအုပ်ချုပ် နေ သောအစိုးရနှင့်ကျောင်းသားများပြန်လည်သင့်မြတ်ရေးအတွက် အဓိကသော့ချက်ဖြစ်သည်။


အကယ်၍အမေရိ ကန်အစိုးရမှလိုက် လျှော၍ကူညီတည်ဆောက်ပေးပါက လက်ရှိ အုပ်ချုပ် နေသောဦးသိန်းစိန်အစိုးရသည် ဝင်ရောက်စွက်ဖက်ဟန့်တားလိမ့်မည် မဟုတ်ဟု ကျွန်ုပ် တို့ယုံကြည်ပါသည်၊ အမေရိကန်ရှိ ဝါးလ်ထရိတ်စင်တာကိုအကြမ်းဖက် သမား များက ဖျက်စီးလိုက် သော်လည်းပြန်လည်တည် ဆောက်နေသကဲ့သို့ ကျွနုပ်တို့၏ ကျောင်းသားသမဂ္ဂ အဆောက် အအုံကြီးကိုလည်းထိုစိတ်ဓါတ် ဖြင့်ကူညီတည်ဆောက်ပေး စေလိုပါသည်။ ထိုအသစ်တည် ဆောက် သောကျောင်းသားသမဂ္ဂအ ဆောက်အဦကြီးသည် မြန်မာကျောင်း သားများ အတွက် သမိုင်းဝင်မှတ်တိုင်ကြီးတခုအသွင်ဖြင့် ကျောင်းသားများ၏ စိတ်ဓါတ် ကိုမြှင့်တင်နိုင်မည်ဖြစ် သလို အမေရိကန်နိုင်ငံမှပညာရေးနှင့်ဒီမိုကရေစီရေးတို့ အတွက် အကူအညီပေးခဲ့သည့်သမိုင်းဝင်မှတ်တိုင်တခုအဖြစ်ရန်ကုန်တက္ကသိုလ်ကြီးထဲတွင် ကျန်ရစ်ပါလိမ့်မည်။


ထိုအဆောက်အဦကြီးဆောက်လုပ်ပြီးစီးပါကအခြားခြားသောတက္ကသိုလ်ကျောင်းများတွင် လည်းအလားတူကျောင်းသားသမဂ္ဂအဆောက်အဦများကိုလိုက်လံတည်ဆောက်လာလိမ့်မည် ဖြစ်ပါသည်။ သမတကြီးပြောကြားခဲ့သလို နိုင်ငံတိုင်း၏ဖွံ့ဖြိုးတိုးတက်မှုသည်၊ လူသား အရင်း အမြစ်များပေါ်တွင်သာမူတည်နေသဖြင့် ကျွနုပ်တို့အနေနှင့်သမတကြီးမှ ပန့်ပိုးကူညီ လိမ့်မည်ဟုမျှော်လင့်ပါသည်။

ရိုးသားစွာဖြင့်

လက်မှတ်များ

Petition to President Barack Obama asking for help to rebuild the historic Burmese Student Union Building in Rangoon.

Dear Mr. President,

We are students, former students and citizens from Burma, and would like to request your  help to rebuild our historic Rangoon University Student Union Building, which was destroyed by the military dictatorship government on July 8, 1962.  We carefully listened to the remarkable speech that you gave to us, when you visited Rangoon, Burma on November 19, 2012, and spoke at our beloved Rangoon Arts and Science University (RASU).  Your speech inspired and moved us, and also gave us a vision for our future.  Thank you so very much for your kind understanding and for your encouragement.

For the past 50 years, the student voices of RASU have been silent, since their gathering place for debate and discussion was bombed by the Burmese Army on that fateful day.   Our new generation of students has no place to gain the experiences of interacting with each other and developing organizational skills, such as how to talk together, plan together, organize, and work together as a group.   Without a student government (Student Union) for a discussion place and offices, Burma will not develop any future leaders of a “civil society,” and so its governance will remain in the hands of authoritarian rulers.  During the 1930s, when the foundations for Burma’s struggle for independence from colonial rule were being laid, General Aung San emerged as a student leader at RASU and attended many discussions that were held in the RASU Student Union Building.

Today the site of the former RASU Union Building is an empty space overgrown with wild grass and bushes.  We would like to request your government to fund the rebuilding of our Union, which symbolizes our forgotten hopes and rights for freedom and a better future for our beloved homeland.   We need a structure where students can form their own organizations and participate in a student government of their institution. We believe that the rebuilding of our historic Student Union Building could be a key to reconciliation between the military backed governments and the students.  We believe the current U Thein Sein government would be willing to accept an offer by the US government to help rebuild our Student Union Building, just as the 9/11 twin towers building in New York City is being rebuilt.  A rebuild RASU Student Union Building would serve as a historical monument that would symbolize for the Burmese students, and the nation, that Americans are supporting our freedom and democracy that sprang forth from this historical university.  We hope that the United States can start this monument to freedom and democracy at RASU, and then we will organized the people and start it in other universities after the completion of the rebuilding at RASU.

We sincerely hope that you will be able to help us and we would be very honored to hear from you.

From the bottom of our hearts,
Signed



http://www.ipetitions.com/petition/petition-to-president-barack-obama-asking-for-help/

No comments:

Post a Comment