Friday 2 November 2012

ကြောက်စရာ ဒုတိယဗိုလ်ချုပ်ကြီး လှမင်း

NLD ပါတီရဲ့ လူထုထောက်ခံမှုကို ဖြိုခွဲချင်လို့ အမျိုးသားရေးကို ခုတုံးလုပ် တောင်ကုတ်မှာ ရက်ရက်စက်စက် လူသတ်ပွဲတစ်ခုကို ဖန်တီးပြီး ကုလား-ရခိုင် အဓိကရုဏ်းကို အသက်သွင်းခဲ့တယ် လုပ်နေကျပုံစံအတိုင်း အစွမ်းကုန်တင်းခံပြီးမှ ဇာတ်လမ်းအထွတ်အထိပ်ရောက်ချိန်
မှာ ပြန်လျှော့ချတဲ့နည်းနဲ့ လူထုထောက်ခံမှုကို ဖဲ့ယူခဲ့တယ်။ အဓိကရုဏ်းကြောင့် ရခိုင်တွေပိုစည်းလုံးပြီး ရခိုင်ပါတီရဲ့ဒေသတွင်းသြဇာလွှမ်းမိုးမှုကို မြင်လာတော့ တစ်မျိုးကြ
ံပြန်တယ်။ ရခိုင်တွေကို မျက်ကန်းမျိုးချစ်တွေ၊ အဆင်ခြင်မရှိ လူမျိုးရေးမုန်းတီးသူတွေအဖြစ် ပုံဖော်ဖို့ကြိုးစားခဲ့တယ်။ ရခိုင်ပါတီက ကန့်ကွက်လို့ လွှတ်တော်မှာမတင်လိုက်ရတဲ့ သမ္မတသ၀ဏ်လွှာမှာ ပူးတွဲပါလာတဲ့ သတင်းသုံးသပ်ချက်ကို ပြန်ဖတ်ကြည့်ပါ။ အဲဒီအကွက်တွေကို ရွေ့နေတာ ဘယ်သူလဲ။ ခုတစ်ခါထပ်စွပ်စွဲပြန်တယ်။ အဓိကရုဏ်းမှာ ကြိုးကိုင်သူတွေရှိနေတယ်တဲ့။ ဘင်္ဂလီတွေဖက်မှာ ကြိုးကိုင်နေသူတွေရှိတယ်ဆိုတာ တစ်နိုင်ငံလုံး နာမည်တွေနဲ့တကွ သိပြီးသားပါ။ အကုန်လုံးပြည်ပမှာ နိုင်ငံရေးခိုလှုံခွင့်နဲ့နေကြတဲ့လူတွေဆိုတော့ ကြိုးကိုင်သူကိုအရေးယူမယ်ဆိုတဲ့ စကားဟာ ဒီလူတွေအတွက် အကျုံးမ၀င်နိုင်ပါဘူး။ အဲဒီတော့ ဒီစကားရဲ့ ဦးတည်ချက်ဟာ ဘယ်သူတွေအတွက်ဖြစ်မလဲ။ လာမယ့်ရွေးကောက်ပွဲမှာ NLDအတွက် နေရာသိပ်မကျန်တော့တဲ့ ရခိုင်ပြည်နယ်မှာ ကြံ့ခိုင်ရေးအတွက် အဓိကပြိုင်ဖက်ဖြစ်လာမှာ RNDP ဆိုတာမြေကြီးလက်ခတ်မလွဲပါဘူး။ ဒေသတွင်း လက်ဝါးကြီးအုပ်စီမံကိန်းတွေအတွက် အဓိကဆူးညှောင့်ခလုပ်ကလည်း ဒီပါတီပါပဲ။ အဲဒါကြောင့် ခုဆို ကြံ့ဖွတ်တွေက ရခိုင်တွေကို ကြိုးကွင်းပစ်ဖို့လုပ်နေပါပြီ။ ကြိုးကွင်းစွပ်ခံလိုက်ရတာနဲ့ ကြိုးကိုင်သူအဖြစ် အရေးယူ၊ နိုင်ငံတကာအလည်မှာ သူတို့က အပြစ်မရှိဘူးပေါ့လေ။ စစ်သားတစ်ယောက်ရဲ့ ဦးနှောက် ဒီလောက်ကောက်ကျစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်မိခဲ့ဘူး။ ကာကွယ်ရေးဝန်ကြီးရာထူးကနေ ပြုတ်သွားပေမယ့် ခုလိုကလိမ်ကကျစ် ကုလားဖန်မထိုးပဲ သမာသမတ်ကျကျ ရပ်တည်မယ်ဆိုရင် အငြိမ်းစားမယူခင် ခုလက်ရှိ ဒုတိယဗိုလ်ချုပ်ကြီးဆိုတဲ့ ယူနီဖောင်းနဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်သွားလို့ရပါတယ်။ ခု အဲဒီပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့ အထောက်အထားတွေ ၀ံသာနုဆီရောက်နေပါပြီ။ တကယ်တော့ စုံစမ်းရေးကော်မရှင်မှာပါတဲ့ ဇာဂနာလိုလူမျိုးတွေက ကြိုးကောက်ပေးသူအဆင့်လောက်ပဲ ရှိတာပါ။ ဒီဇာတ်လမ်းမှာ တကယ်တမ်းကြိုးကိုင်နေတဲ့လူကတော့............ဒုတိယဗိုလ်ချုပ်ကြီး လှမင်း ......ဘဲ

ဝံသာနု စာမျက်နှာမှ.....မိတ်ဆွေတစ်ဦးရဲ့ သတင်းနဲ့ တင်ပြပေးပါတယ်
ကိုထွန်းဝေ

No comments:

Post a Comment