Friday 2 November 2012

8888 ကျောင်းသားများ ခရီးစပြီ

နိုဝင်ဘာလ၊(၃၊၄)ရက်များ၌ Holiday Inn Regent Resort Beach, Cha Am, Thailand တွင်ကျင်းပမည့် 2012 MYANMAR STUDENT MEETING သို့တက်ရောက်ရန် ၈၈မျိုးဆက်ကျောင်းသားများဖြစ်ကြသော ကိုမြအေး၊ကိုပြုံးချို၊ကိုအံ့ဘွယ်ကျော်၊ ကိုစိုးထွန်း၊ကိုထွန်းမြင့်အောင်၊
မမီမီလွင်နှင့်မစမ်းစမ်းမော်တို့သည်ယနေ့နိုဝင်ဘာလ၊(၂)ရက်နံနက်(၁၀း၄၅)နာရီက လေကြောင်းခရီးဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ထွက်ခွာ
သွားကြသည်။
အဆိုပါ2012 MYANMAR S
TUDENT MEETINGတွေ့ဆုံပွဲအပြီးတွင် ကိုပြုံးချိုနှင့်ကိုအံ့ဘွယ်ကျော်တို့နှစ်ဦး
သည် နိုဝင်ဘာလ(၈)ရက်အထိ ထိုင်းနိုင်ငံ၌နေထိုင်ကာ ထိုင်းနိုင်ငံအခြေစိုက်မြန်မာသတင်းဌာနများနှင့်တွေ့ဆုံမည်ဖြစ်ပြီး ကိုမြအေးခေါင်းဆောင်သောကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ မမီမီလွင်နှင့်မစမ်းစမ်းမော်တို့ပါဝင်သည့် ၈၈မျိုးဆက်ကျောင်းသားများ ငြိမ်းချမ်းရေးနှင့်တိုင်းရင်းသားရေးရာကော်မတီသည်လည်းနိုဝင်ဘာလ၊(၁၅)ရက်အထိ ထိုင်းနိုင်ငံတွင်နေထိုင်ကာ တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရန်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။

သတင်း  ၈၈၈၈ ကျောင်းသားစာမျက်နှာ
chitcoco

No comments:

Post a Comment