Friday, 5 October 2012

အနောက်ပိုင်းခရိုင်တရားရုံးမှ The Voice Weekly ၏အယူခံမှုကို လက်ခံစစ်ဆေးမည်





ရန်ကုန် အောက်တိုဘာ ၅

The Voice Weekly ဂျာနယ်ကို သတတ္တုတွင်း ၀န်ကြီးဌာနက တရားစွဲဆိုမှုအား စွဲချက်တင်ခြင်းကို ကင်းလွှတ်ခွင့် ပေးရန် အယူခံမှုကို ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက လက်ခံလိုက်ကြောင်းသိရသည်။
အဆိုပါအမှုကို ယနေ့ ဒဂုံမြို့နယ်တရားရုံးတွင် ပြုလုပ်သည့် (၁၅ )ကြိမ်မြောက် ရုံးချိန်း၌ အနောက်ပိုင်းခရိုင်တရားရုံးက အမှုကို လက်ခံစစ်ဆေးရန် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ အမှုကို ဒဂုံမြို့နယ်တရားရုံးအစား အနောက်ပိုင်းခရိုင်တရား ရုံး၌ အောက်တိုဘာ ၁၀ ရက်နေ့တွင် သတ္တုတွင်း ၀န်ကြီးဌာန၏ အကျိုးဆောင် ရှေ့နေများက လျှောက်လဲချက်ပေးရမည်ဟု သိရသည်။
The Voice Weekly အကျိုးဆောင်ရှေ့နေ ဦးသိန်းညွန့်က ယခုအမှုသည် မီဒီယာလောကတစ်ခုလုံးနှင့် သတ်ဆိုင်နေသည့်အတွက် ကင်းလွတ်ခွင့်ရရန် နောက်ဆုံးအခြေအနေထိ အယူခံဝင်သွားမည်ဟုပြောသည်။

No comments:

Post a Comment