Thursday, 11 October 2012

Samsung Mobile Phone အရောင်းပြခန်း မန္တလေးတွင်ဖွင့်လှစ်



Written by သားကြီး (SL)

မြန်မာပြည်တွင် iPhone နှင့်အပြိုင် လူကြိုက်အများဆုံးဖြစ်လာသည့် Samsungအမှတ်တံဆိပ် Mobile Phone အရောင်းပြခန်းကို မန္တလေးမြို့ ၇၈ လမ်း၊ ၂၇ နှင့် ၂၈လမ်းကြား၊ အမှတ် D-3 တွင် အောက်တိုဘာလ ၆ ရက်နေ့က စတင်ဖွင့်လှစ်သည်။ Samsung Mobile Brand Shop (Mandalay) ဖွင့်ပွဲအခမ်းအနားတွင် Samsung Electronic
Business Development Manager Mr. John Park နှင့် TRI Treasure International Co. Ltd မှမန်နေဂျင်းဒါရိုက်တာ ဦးမျိုးသိန်း၊ Anycall Mobile Phone Sales & Servicesမှမန်နေဂျင်းဒါရိုက်တာ ဦးမျိုးမင်းအောင်တို့က ဖဲကြိုးဖြတ်ကာ ဖွင့်လှစ်ပေးပြီးဆိုင်းဘုတ်အား မန္တလေး တိုင်း ဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးကျော်ဆန်း က စက်ခလုပ်ခုံနှိပ်ကာ ဖွင့်လှစ်ပေးသည်။

NewsShwelone.com (ရွှေလုံး) | 
Myanmar Social Entertainment News Network

No comments:

Post a Comment