“ဇာဂနာ့ကျင်ငယ်ရေမှာသာတဲ့လ
မင်းကိုနိုင်ရဲ့သေရေးရှင်ရေ
ပင်လယ်ပြင်ကိုကြိုးနဲ့ဆွဲသူ
အဲဒီညမှာလအရမ်းသာတယ်။
သံတိုင်တွေကြားကအိပ်မပျော်နိုင်သေးတဲ့အကျဉ်းသား၊ဟိုငေး ဒီကြောင်၊
ငုတ်တုတ်ထိုင်လိုက်၊လမ်းထလျှောက်လိုက်၊အပြင်ဘက်က“၀ါကာ. .၀ါကာ
အေ့အေ့..”သီချင်းနဲ့ဘုန်းကြီးတရားသံကရောထွေးပြီးထောင်နံရံကိုဖောက်လာတယ်။
သံတိုင်အပြင်ဘက်မှာလရောင်ေ တွဖိတ်လျှံကျနေတာဝင်းဝင်းလက်လက်။
ထောင်နံရံမျော်စင်လည်းပျိုး ပျိုးပြက်ပြက်။
သံတိုင်ထဲကလူ..
လရောင်ကိုသတိပြုမိသွားတယ်။လ ပြည့်ညလည်းဖြစ်ချင်ဖြစ်မယ်။
သံတိုင်နားကပ်ပြီးစောင်းငဲ့ မော့ကြည့်တယ်၊လ၀န်းကိုမမြင်ရ။
သံတိုင်အပြင်ဘက်လက်ဆန့်ပြီး လရောင်ကိုခံကြည့်တယ်၊
လရိပ်ကသူ့လက်ဖျားနဲ့တစက်ကလေးမှမထိဘူး။
နည်းနည်းလေးရှေ့တိုးနိုင်ရင်တော့
သူမြင်ချင်တဲ့လပြည့်ဝန်းကို တွေ့နိုင်မယ်။
သံတိုင်နဲ့ပါးကပ်နိုင်သမျှက ပ်၊လက်ကိုဆန့်တန်းပြီးအပြင် ထုတ်ပေမဲ့
လရိပ်ကစိမ်းစိမ်းကားကားပဲ။မ ထိမတို့နိုင်တဲ့လရောင်ကိုပိုပြီးငတ်မွတ်လာတယ်။
ပိုမြင်ချင်လာတယ်။ဒီညတော့လြ ပည့်ပြည့်ကိုမြင်မှဖြစ်မယ်၊
ဒီလကို။မမြင်ရမချင်းမအိပ်တော့ဘူးလိုဆုံးဖြတ်လိုက်ပုံရတ ယ်။
အကြံရတယ်။အခန်းဒေါင့်ကိုသွားပြီးကျင်ငယ်စွန့်တဲ့ဂန်ဖလားကိုဆွဲပြီး
သံတိုင်အပြင်ဘက်ထုတ်လိုက်တယ်။ပြီးတော့အဲဒီခွက်ထဲရှုရှုပန်းထည့်လိုက်တယ်။
ပြီးတော့ဂန်ဖလားကိုလရောင်ကျ နေတဲ့နေရာထိတိုးရွှေ့လိုက်တယ်။
လှုတ်ခတ်နေတဲ့အဖြူရောင်အရိပ် တွေကကျင်ငယ်ရေထဲဝါးတားတားပေါ်လာတယ်။
ခွက်ထဲကကျင်ငယ်ရေဘောင်ဘင်ခတ်တာငြိမ်သက်သွားတော့ဝိုင်းဝိုင်းစက်စက်လမင်းကြီးဟာ
ကျင်ခွက်ထဲမှာပြည့်လို့သာလို့။သံတိုင်ကြားကမလွတ်လပ်တဲ့ အကျဉ်းသား၊ကျင်ခွက်ထဲကလရိပ် ကို
အငမ်းမရကြည့်လိုက်တယ်။လပြည့် ညကိုအားရပါးရခံစားလိုက်တယ် ။
---------
အဲဒီ Short Film လေးကိုဒါရိုက်တာဇာဂနာက“မမြင်ရတဲ့လ”လို့နာမည်ပေးထားတယ်။
“အကျဉ်းခန်းထဲမှာ
လရောင်ကိုမြင်နိုင်တဲ့အခွင့် အရေးမရှိသလို၊သောက်စရာရေတောင်မရှိဘူး၊ဒီဇာတ်လမ်းကို
ထောင်ထဲမှာစိတ်ကူးထားတာကြာ ပီ၊အခုအပြင်ရောက်မှတကယ်ရိုက်ဖြစ်တာ”
ရေခဲအမှတ်သုညအောက်ရောက်နေပြီး၊အော်စလိုပင်လယ်ကမ်းမြှော င်ကိုမေးတင်
ဆောက်ထားတဲ့နော်ဝေးနိုင်ငံအ မျိုးသားအော်ပရာဇာတ်ရုံအပြင်မှာ
မြန်မာအမျိုးသားဝတ်စုံဝတ်ထားတဲ့
ကတုံးပြောင်နဲ့ကိုဇာဂနာမေးခိုက်ခိုက်တုန်ပြီးမီဒီယာတွေ ကို
အင်တာဗျူးပေးနေတာတွေ့ရတယ်။
အောက်တိုဘာ၂၅နဲ့၂၆ရက်နေ့၂ရက်တာ
ကျင်းပတဲ့“All that is banned is desired”
“ပိတ်ဆို့ခံခဲ့ရတဲ့လိုအင်ဆန္ဒတွေ
” ဆိုတဲ့ ခေါင်းစဉ်နဲ့
အနုပညာနဲ့ လွတ်လပ်စွာ သဘောထား ထုတ်ဖော်တဲ့ နိုင်ငံတကာ
အနုပညာရှင်၅၀ကျော်ထဲမှာမြန် မာနိုင်ငံကလူရွှင်တော်၊ဒါရို က်တာ၊
နိုင်ငံရေးအကျဉ်းသားဟောင်းကိုဇာဂနာနဲ့မှတ်တမ်းရုပ်ရှင် (Documentary Film)
ဒါရိုက်တာမင်းထင်ကိုကိုကြီး တို့၂ဦးလည်းပါဝင်တယ်။သူတို့ ၂ယောက်
ရဲ့တင်ဆက်မှုကို
(Beauti Under Pressure)“ဖိနှိပ်မှုအောက်ကအ လှတရား”လို့နာမည်ပေးထားတယ်။
အစောပိုင်းကနိုင်ငံရေးအကျဉ်းသားဟောင်းရွှေသံစဉ်တီးဝိုင်းခေါင်းဆောင်
ကိုဝင်းမော်လာဖို့ရှိပေမဲ့နိုင်ငံကူးလက်မှတ်မရလို့မလာနိုင်ခဲ့ဘူး။
“ကျနော်ပတ်စ်ပို့ရဖို့လအတန် ကြာကတည်းကအကြိမ်ကြိမ်ကျိုးစားခဲ့ပေမဲ့
အထမမြောက်ခဲ့ဘူး၊
သြဂုတ်လကလည်းကျနော်နဲ့ကျနော့ အဖွဲ့ကိုထိုင်းဘုရင်မမွေးေ န့ပွဲမှာ
ဖြော်ဖြေဘို့ဖိတ်ကြားခံရတာလ ည်းသွားခွင့်မရခဲ့ဘူး”လို့သူ့ရဲ့Videoအမှာစကားမှာ
ကိုဝင်းမော်ကရှင်းပြသွားပါတ ယ်။သူုကဗွီဒီယိုအခွေကတဆင့်ေ ကျာင်းသားတွေညအချိန်မတော်
တိတ်တဆိတ်အဖမ်းခံနေရတဲ့အကြောင်း
ထောင်ထဲမှာရေးဖွဲ့ထားတဲ့Evi l Go Away(မိစ္ဆာတွေအဝေးထွက်သွား)
သီချင်းကိုဆိုပြသွားတယ်။
ဒီကနေ့လိုဒီမိုကရေစီလမ်းကြောင်းပေါ်အားလုံးကတွန်းတင်ပြီးသွားနေချိန်ဘာကြောင့်
အတိတ်ကပုံရိပ်တွေကိုနိုင်ငံ တကာလှည့်ပြသနေရသလဲဆိုတာကသိလိုတဲ့မေးခွန်းတခုပါ။
“ဒီလိုဇာတ်လမ်းတွေပြဖို့အစောပိုင်းကစိတ်ကူးမရှိဘူး၊ဒါေ ပမဲ့ခရီးထွက်ဘို့နီးကပ်ချိန်ထိ
ကိုဝင်းမော်ပတ်စ်ပို့မရတော့ ဒီကိစ္စခေါင်းထဲဝင်ဆောင့်လာတ ယ်၊ငါတို့ကလွတ်လပ်မှုရှာနေသလို၊သူတို့က
လည်းလွတ်လပ်ပါပြီ၊ဒီမိုကရေစီအစိုးရပါလို့ပြောတယ်၊ဒါဆို လူလူချင်းခွဲခြားပြီးနိုင်ငံသားတိုင်း
ရပိုင်ခွင့်ရှိတဲ့ပတ်စ်ပို့ တွေထုတ်မပေးကြတာလဲ၊ကိုဝင်း မော်မှမဟုတ်ဖူး၊ကိုဇော်သက်ေ ထွးနဲ
့နိုင်ငံရေးအကျဉ်းသားဟောင်း ၉၀ရာခိုင်နှုံးကနိုင်ငံကူးလက်မှတ်တွေမရသေးဘူး၊
ဒီတော့လူ့အခွင့်ရေးတို့၊ဒီမိုကရေစီတို့တည်ဆောက်နေပါတယ် လို့ပြောနေတာကိုကျနော်တို့ဘ ယ်လိုယုံကြည်ရမှာလဲ..
ဒါကြောင့်လဲဒီလာခါနီးမှကမန်းကတန်း“မမြင်ရတဲ့လ”ကိုရိုက် ပြီးယူလာခဲ့တာပဲ”
ရင်အပူနဲ့ပြောလိုက်တဲ့ကိုဇာ ဂနာရေခဲအောက်သုညဒီဂရီရောက်ေ နတဲ့အအေးဓာတ်ကို
ခဏတော့အံတုနိုင်မှာပဲ။
-------------
အော်စလိုပွဲမှာတရုတ်၊မလေးရှား၊တိဘက်စတဲ့အာရှနိုင်ငံကအနုပညာရှင်တွေနဲ့၊
လူ့အခွင့်အရေးလှုပ်ရှားသူတွေ ၊ဂျာနယ်လစ်တွေအပြင်၊ပြင်သစ် ၊အာဖရိက၊အမေရိကန်၊
ဆွီဒင်၊ဒိန်းမတ်၊စတဲ့နိုင်ငံတကာကအနုပညာသမားနဲ့နိုင်ငံေ ရး၊လူ့အခွင့်အရေး၊ဒီမိုကရေစီအရေးလှုပ်ရှားသူဟာ
ကိုယ့်နယ်ပယ်အသီးသီးမှာပိတ် ဆို့ခံနေရတဲ့ယုံကြည်ချက်နဲ့ လုပ်တဲ့အနုပညာတွေကိုတင်ပြကြ တာပါ။
အဆို၊အက၊အတီးအမှုတ်နဲ့သရုပ်ေ ဖ်ာအနုပညာပြကွက်တွေအပြင်၊
ပရိသတ်နဲ့ပါအပြန်အလှန်မေးခွ န်းထုတ်ဆွေးနွေးမှုတွေလည်းပါ တယ်။
ထူးထူးခြားတင်ဆက်မှုတခုကပြင် သစ်နိုင်ငံကအမျိုးသမီးတဦးရဲ့၁၀မိနစ်ကြာတင်ဆင်တဲ့
သရုပ်ပြကွက်လေးပါ။Hijabလို့ ခေါ်တဲ့အစ္စလမ်ဘာသာဝင်မျက်နှာ ဖုံးကာဝတ်ရုံတွေနဲ့အမျိုးသမီးတွေရဲ့
မလွတ်လပ်မှု၊အခွင့်အရေးမဲ့မှု ၊နဲ့လူသားဆန်ဆန်မနေနိုင်တဲ့ ဘ၀ကိုအသံ၊အလင်း၊တွေရဲ့အထောက်အပံ့နဲ့ပြသွားတာပါ။
ထူးခြားတာကဒီပြကွက်ကိုအသက်အ န္တရယ်ကြောင့်ဓာတ်ပုံ၊ဗွီဒီ ယိုလုံးဝမရိုက်ဖို့တားမြစ်ထားသလို
၊ဒီနေရာမှာပထမဆုံးပြတာဖြစ်သ လို၊ဘယ်နေရာမှာမှထပ်မပြသမဲ့ နောက်ဆုံးအကြိမ်
သရုပ်ပြကွက်ဖြစ်တယ်လို့လည်း ပြောခဲ့တာပါ။၁၀မိနစ်ကြာပြကွ က်တခုလုံးမှာမျက်နှာဖုံးစွတ်ထားတဲ့
အမျိုးသမီးတယောက်ရဲ့၊တီးလုံးနဲ့အညီ၊အော်ဟစ်သံ၊ငြီးငြူသံ၊သက်ပျင်းချသံတွေနဲ့
အဖုံးအကွယ်မပါတဲ့မျက်လုံးတွေကတဆင့်ကြောက်လန့်မှု၊အားငယ် စိုးရိမ်မှုတွေကိုသရုပ်ဖော်ြ ပသသွားတာပါ။
ကဇာတ်ရုံထဲကပရိဿတ်၂၀၀ကျော်ဟာချောင်းဟန့်သံ
တောင်မပြုငြိမ်သက်နေတယ်။လွတ်လပ်မှုမရှိတဲ့အဓိပ္ပါယ်ကိုပီ ပြင်စေချင်လို့လားမသိ၊
သတင်းသမားတွေကိုတောင်ဓာတ်ပုံ၊Videoမရိုက်ဖို့မေတ္တာရပ်ခံပါတယ်။
ဒါရိုက်တာမင်းထင်ကိုကိုကြီး ကတော့ကိုမင်းကိုနိုင်အကျဉ်း ကျစဉ်
ရေးခဲ့တဲ့“အလျှင်”ဆိုတဲ့ကဗျာစာသားမြန်မာအင်္ဂလိပ်လိုရေးထားတာကို
ကင်မရာအနီးအဝေး၊အနိမ့်အမြင့် ၊အတွန်းအရွှေ့၊အလှည့်အပြောင်းရိုက်ချက်တွေနဲ့
နောက်ခံစန္ဒယားတီးကွက်တွေကို ပံ့ပိုးပြီးရိုက်ထားတာလေးက
ထူးခြားပြီးပရိသတ်ရဲ့စိတ်အာ ရုံကိုဖမ်းစားနိုင်ခဲ့တယ်။
သေခြင်းနဲ့ရှင်ခြင်းဆိုတဲ့အ ဓိပ္ပါယ်ကိုစကားလုံးကျစ်ကျစ် လစ်လစ်နဲ့
ရှေ့နောက်ရွှေ့ရေးစပ်ထားတဲ့ကိုမင်းကိုနိုင်ရဲ့အတွေးနဲ့ဒ ဿနတွေ
ဘယ်လောက်လေးနက်၊ကျယ်ပြန့်နေ တယ်ဆိုတာကိုအဲဒီကဗျာလေးမြှာ မင်ရတယ်။
လွတ်လပ်မှု၊မလွတ်လပ်မှုနဲ့မတရားမှု၊ဖိနှိပ်မှု၊ခြိမ်းခြောက်မှု၊မလုံခြုံမှု၊
ဘ၀အာမခံမရှိမှု၊ဖြစ်ချင်သလို ဖြစ်ပြီး၊လူသားတယောက်ရဲ့ဘ၀အ ဓိပ္ပါယ်မပြည့်ဝတဲ့
အနေအထားတွေကိုသာမက၊လူသေပြီး နာမည်မသေတဲ့ဘ၀တွေ၊လူရှင်ပြီးနာမည်သေနေတဲ့ဘ၀တွေ၊
သင်္ခါရတွေ၊တရားဓမ္မနဲ့ဆင်ခြင် တွေးတောစရာအဓိပ္ပါယ်တွေအများ ကြီးကိုခံစားရမှာဖြစ်တယ်။
အလျှင်
သေဆုံးတယ်ဆိုတာမရှိဘူး၊
သေတယ်မဆုံးဘူး၊
မဆုံးအောင်သေတယ်၊
သေပြီးသားလူတွေထပ်သေတယ်၊
သေရမဲ့လူတွေအသက်ဆက်တယ်၊
မသေမရှင်တွေကမရှင်မသေ၊
သေခြင်းနဲ့ရှင်ခြင်းဟာသိတ်မ ကွဲပြားတော့ဘူး။
ဟိုနားမှာမွေးပြီး၊ဒီနားမှာ သေတယ်၊
စောစောကမွေးပြီးခုလေးတင်သေတ ယ်၊
မွေးကတည်းကသေပြီးသားလည်းဖြစ်မယ်၊
အသေ၊
အရှင်၊
မသေမရှင်၊
အဲဒီကြားမှာအပျောက်ရှိတယ်။
အသေလည်းပျောက်တယ်၊
အရှင်လည်းပျောက်တယ်၊
မသေမရှင်တွေလည်းပျောက်တယ်။
အရှင်ဖြစ်ဖြစ်၊
အသေဖြစ်ဖြစ်ဖြစ်၊
မသေမရှင်ဖြစ်ဖြစ်၊
အပျောက်ဖြစ်ဖြစ်၊
ဖက်နဲ့ထုတ်ထားရတဲ့အသက်ဟာဘယ် တော့မှအသေမဖြောင့်ဘူး။
အသက်ငင်နေတဲ့
စားစရာ၊
သောက်စရာ၊
ဝတ်စရာ၊
နေစရာ၊
သေငယ်ဇောနဲ့မြောနေတဲ့
သေစရာနဲ့ရှင်စရာ။
မသေမချင်းတော့ရှင်လိမ့်မယ်
ရှင်ပေမဲ့လည်းဆုံးနေပါပြီ။
(မင်းကိုနိုင်)
တကယ်တော့မှတ်တမ်းရုပ်ရှင်Do cumentary Filmတွေဟာလူ့အဖွဲ့အစည်းကအြေ ခအနေတွေကိုတင်ပြရာမှာ
အချိန်တိုတိုနဲ့အားကောင်းတဲ့ အချက်အလက်တွေ၊ခံစားမှုတွေ၊အ သိပညာနဲ့ရသတွဲပြီးရနိုင်တာေ တာ့မှန်ပါတယ်။
ကျနော်တို့နိုင်ငံလိုအရာရာေ နာက်ကျပြီးအများလက်ခံအောင်ဆွဲတင်ပေးရမဲ့အချိန်မှာအခုလိုရသနဲ့အဖြစ်အပျက်မှန်တွေ၊
သတင်းအချက်အလက်နဲ့ဒဿနကိုအချိန်တိုတိုတောင်းတောင်းနဲ့ရင်ဘတ်ထဲရော၊
ဦးခေါင်းထဲရောချက်ချင်းရော က်အောင်ပို့ပေးတဲ့နေရာမှာအခုလိုမှတ်တမ်းဇာတ်လမ်းတိုတွေ က
အတော်လေးတန်ခိုးကြီးတယ်လို့ မြင်မိတယ်။
၁၉၉၄လောက်က ကျနော်အိန္ဒိယမှာDocumentary Filmအကြောင်းလေ့လာသင်ကြားခဲ့ ချိန်က
သင်တန်းဆရာကမှတ်တမ်းဇာတ်လမ်းတိုတချို့ပြသပြီးဝေဖန်သုံး သပ်ခိုင်းတယ်။
အိုင်ဒီယာ၊အတွေးစိတ်ကူးဆိုင်ရာနဲ့ပတ်သက်တဲ့ရိုက်ကူးချက်တွေလေ့လာရတဲ့
အခါဒီနေ့ထိစွဲနေတဲ့တမီးလ်လူ မျိုးဒါရိုက်တာတယောက်ရိုက်ကူးတဲ့ဇာတ်လမ်းတိုလေးတခုရှိတ ယ်။
ဇာတ်ကားနာမည်က“Rope”(လွန်ကြိုး)တဲ့ပြကွက်အစကို.. အပြာရောင်ပင်လယ်
ကမ်းစပ်ကကျောက်ဆောင်ပေါ်မှာထိုင်နေတဲ့လူတယောက်နဲ့ပြတယ်။
ကောင်းကင်ကပြာပြာ၊ရေပြင်ကပြာပြာ၊နေကသာပြီးလှိုင်းလုံးတွေကစီးချက်မှန်မှန်နဲ့ကမ်းစပ်ကိုလာရိုက်နေတယ်။
ဟိုး..အဝေးသဲသောင်ပြင်မှာလူ တယောက်လဲနေတာကို
ကင်မရာကLong Shotအဝေးရိုက်ချက်နဲ့ပြတယ်။ ကျောက်ဆောင်ပေါ်ထိုင်နေသူက၊
လဲနေသူကိုမျက်တောင်မခတ်
လှမ်းကြည့်နေတယ်။အနီးကပ်ကင် မရာရိုက်ချက်မှာ
အသက်ပြင်းပြင်းရှုထုတ်လိုက် တိုင်းနှာဝနဲ့ထိနေတဲ့သောင်ြ ပင်က
သဲတွေဖွာကနဲ၊ဖွာကနဲထွက်နေလို့လဲနေသူဟာအသေကောင်မဟုတ်မှန်းသိရတယ်။သူ့ခဗျာ
အတော်လေးမောပမ်းနေဟန်ရှိတယ် ။
ခနနေတော့လဲနေရာကရုန်းထလာတယ် ။သူ့လက်ကိုဆန့်တန်းလိုက်ပြန်ကွေးလိုက်
နောက်ခြေတလှမ်းစီဆုတ်လိုက်နဲ့ပင်လယ်ကိုမျက်နှာမူပြီးလွ န်ကြိုးတချောင်းကို
တယောက်ထဲဆွဲနေတဲ့ဟန်ပဲ(ကြိုးတော့မပါဘူး၊ဟန်သက်သက်)သိတ် မကြာဘူးရှေ့ကိုငိုက်ဒရွတ်တိုက်ပါပြီးသောင်ပြင်မှာ
အစောကအတိုင်းမှောက်ရက်လဲသွားပြန်တယ်။ဒီတော့ကျောက်ဆောင် မှာထိုင်ကြည့်နေသူမနေနိုင်ဘူးထလာတယ်။
လဲနေသူကိုထူလိုက်တယ်။နှစ်ယောက်သားခြေလှမ်းညီညီ၊လက်ညီညီ နဲ့(နောက်ခံဗုံသံလေးနဲ့)စီး ချက်မှန်မှန်
လွန်ကြိုးကိုဆွဲပြန်တယ်။သူတို့ဆွဲနေတာကပင်လယ်ပြင်ကြီး။
ဒါပေမဲ့ပင်လယ်ရေကတုတ်တုတ်မလှုတ်၊လှိုင်းကြက်ခွတ်လေးတောင်မထ၊
ဖျာတချပ်ခင်းထားသလိုငြိမ်သက်နေတယ်။၂လှမ်း၃လှမ်းဘဲဆွဲရေ သးတယ်
၂ယောက်သားရှေ့ငိုက်ပြီးဟတ်ထိုးလဲကျတယ်။လူးလဲထပြီးနောက် ထပ်တခါပြန်ဆွဲတယ်။
သူတို့ဆွဲနေတာက၊ိုဟိုး..အဝေးကျောက်ဆောင်နားမှာတံငါသည်လ င်မယား၂ယောက်
လှမ်းကြည့်နေတယ်။ချက်ချင်းမ ကူဘူး။၂ခါလောက်လဲပြီးတော့သူ တို့လည်းမနေသာလွန်ကြိုးကိုကူဆွဲပေးတယ်။
မရဘူး။ပင်လယ်ရေကကြွမလာဘူး။ခ နခနလဲကျတယ်။
နောက်ထပ်သောင်ပြင်ကိုရောက်လာတဲ့တံငါသည်တွေထမ်းထားတဲ့လှေတွေအမြန်ချပြီးကြိုးကိုဆွဲ ကူတယ်။
(ကင်မရာရိုက်ချက်လည်းမြန်လာ သလို၊နောက်ခံဗုံသံမြိုင်မြိုင်ဆိုင်ဆိုင်နဲ့စီးချက်
ဝါးချက်ညီပြီးသိတ်သွက်လာတယ် )ပင်လယ်လှိုင်းလုံးတွေကလည်း တလုံးပြီးတလုံးကြွလာတယ်။
ဒါပေမဲ့လွန်ဆွဲသူတွေအရေးနိမ့်တုံး၊ဒါနဲ့ပဲ..နောက်ထပ်၅ေ ယာက်၊၁၀ယောက်ထပ်တိုးတိုးလြာ ပီး
သောင်ပြင်မှာမိန်းမတွေရော၊ေ ယာင်္ကျားတွေရော၊
လူငယ်လူလတ်အဖိုးအဖွားခလေးတွေပါမကျန်အားလုံးဝိုင်းကူဆွဲ လိုက်တာ
(ကင်မရာရိုက်ချက်ကလည်းZoom Outအဝေးမြင်ကွင်းကိုဆွဲပြလိုက်တဲ့အခါ)
ဟိုး..သောင်ပြင်မှာလူတွေခြေ လှမ်းညီညီ၊လက်ဟန်ညီညီ၊ဗုံတီးကွက်နဲ့အညီ၊ညာသံဟစ်ပြီး
ဟန်ချက်ညီညီကြိုးကိုအဆွဲ၊
ပင်လယ်ပြင်ကလှိုင်းလုံးကြီးေ တွကလည်းဆွဲလိုက်တိုင်းတလုံး ပြီးတလုံး၊တလုံးပြီးတလုံး..
အဆက်မပြတ်ကြွကြွတက်လာလိုက်တာနောက်ဆုံးတော့ပင်လယ်ကြီးဟာ လူတွေဆွဲခေါ်ရာ
တလှိမ့်လှိမ့်နဲ့လှိုင်းလုံးတွေကြွပြီးပါလာပါတော့တယ်။လှိုင်းတွေတလုံးပြီးတလုံးကြွ တက်လာတာနဲ့
အဆုံးသပ်ထားတယ်။
သိတ်ကောင်းတဲ့ရိုက်ချက်၊သိတ်ကောင်းတဲ့နောက်ခံတီးလုံးနဲ့ သံစုံ၊ပြီးတော့..
သိတ်လှပညီညာတဲ့အခြေလှမ်းအတက်အကြွ၊လက်ဟန်အပင့်အမြှောက်အ ချ၊
အလဲအပြို..သိတ်ညီတယ်၊သိတ်လှ တယ်။
ညီညွတ်ရေးမှာအားတွေပါတယ်။စည်းချက်တွေရှိတယ်၊အောင်ပွဲတွေရှိတယ်။
အများညီတယ်ဆိုပင်လယ်ပြင်လှိုင်းကြွလာအောင်ကြိုးနဲ့ဆွဲလို့ရတယ်ဆိုတဲ့သဘောကိုပြသွား တာသိတ်လှတဲ့ဇာတ်လမ်းတိုလေး။
စုစုပေါင်းမှ၎မိနစ်တောင်မပြ ည့်ဘူး။
မြန်မာပြည်မှာလည်းဒီလိုအားေ ကာင်းတဲ့ဖန်တီးချက်တွေနဲ့
လုပ်ကိုင်နိုင်စွမ်းရှိတဲ့အ နုပညာရှင်တွေအများကြီးရှိတယ်လို့ကိုဇာဂနာပြောလို့သိရတယ်။
၂၀၀၃ခုနှစ်ကရုပ်ရှင်ဒါရိုက် တာ၊စာရေးဆရာဆရာကြီးဦးဝင်းေ ဖရဲ့အင်တာဗျူးတခုမှာ
မြန်မာ့ရုပ်ရှင်အပြောင်းအလဲ ဖြစ်ဘို့ဆိုရင် Dramatize Documentary
(ပြဇာတ်ဆန်ဆန်၊၀တ္တုဆန်ဆန်မှ တ်တမ်းဇာတ်လမ်း)တွေလုပ်ဖို့
လိုတယ်လို့ပြောတာကြားပြီးကိုဇာဂနာနဲ့သူငယ်ချင်းတွေ
မှတ်တမ်းဆန်ဆန်ငြီးငွေ့စရာတ င်ပြချက်ကနေ
ဇာတ်လမ်းဆန်တဲ့မှတ်တမ်းတြွေ ပန်ရိုက်တယ်။
အဲဒီကာလစာပေစီစစ်ရေးတင်လိုက်တိုင်းအပယ်ခံရတယ်။
၂၀၀၆ခုနှစ်မှာကိုဇော်သက်ထွေး၊တာရာမင်းဝေရယ်နဲ့တွဲပြီးရိုက်ကြတယ်။
၎ခွေလောက်ရှိတယ်။တင်တိုင်းအ ပယ်ခံရတယ်လို့ကိုဇာဂနာကပြော ပြတယ်။
“နောက်ဆုံး၂၀၁၀အောက်တိုဘာမှာကျနော်ထောင်ကလွတ်ပြီးနောက် မှစလုပ်နိုင်တယ်၊
အဲဒီမှာလွတ်လပ်သောအနုပညာပွဲ တော်နဲ့တွန်းတင်ပြီးDocumen taryနဲ့အတူ
ဇာတ်လမ်းတိုတွေ၊မှတ်တမ်းဇာတ်လမ်းတွေစလုပ်လာတာပဲ”
ဒါဆို Dramatize Documentaryတွေအသက်ရှုပေါက် ရလာတဲ့သက်တမ်းဟာနုနုလေးပဲရှိပါသေးတယ်။
စိတ်ဝင်တစားနဲ့လုပ်လာသူတွေတ ဖြေးဖြေးများလာပြီလို့သိရတယ်။
ဟိုတုံးကတော့တယောက်စနှစ်ယော က်စအတွေး၊အကြံအားထုတ်မှုနဲ့လုပ်ခဲ့ပေမဲ့
အားကမရှိတော့သောင်ပြင်မှာမှောက်ရက်လဲခဲ့ရတယ်။ဒီကနေ့တော့ အနုပညာရှင်ညီနောင်တွေ
အားလုံးပင်လယ်ပြင်ကိုကြိုးတုပ်ဆွဲနေကြပြီ။
စည်းချက်ညီညီဝိုင်းဝန်းဆွဲေ နကြပြီဆိုတော့တချိန်မှာလိုအ င်ဆန္ဒလှိုင်းလုံးဆင့်ဆင့်
တမြင့်မြင့်နဲ့ကိုယ့်ဘက်ပါလာကြမယ်လို့မျော်လင့်ရပါတယ်။
(ကိုညိုရေးတာကို ကျနော် နှစ်သက်လို့  ပြန်တင်ထားတာပါ)
သံတိုင်တွေကြားကအိပ်မပျော်န
ငုတ်တုတ်ထိုင်လိုက်၊လမ်းထလေ
အေ့အေ့..”သီချင်းနဲ့ဘုန်းကြ
သံတိုင်အပြင်ဘက်မှာလရောင်ေ
ထောင်နံရံမျော်စင်လည်းပျိုး
သံတိုင်ထဲကလူ..
လရောင်ကိုသတိပြုမိသွားတယ်။လ
သံတိုင်နားကပ်ပြီးစောင်းငဲ့
သံတိုင်အပြင်ဘက်လက်ဆန့်ပြီး
လရိပ်ကသူ့လက်ဖျားနဲ့တစက်ကလေ
နည်းနည်းလေးရှေ့တိုးနိုင်ရင
သူမြင်ချင်တဲ့လပြည့်ဝန်းကို
သံတိုင်နဲ့ပါးကပ်နိုင်သမျှက
လရိပ်ကစိမ်းစိမ်းကားကားပဲ။မ
ပိုမြင်ချင်လာတယ်။ဒီညေတာ့လျ
ဒီလကို။မမြင်ရမချင်းမအိပ်တေ
အကြံရတယ်။အခန်းဒေါင့်ကိုသွာ
သံတိုင်အပြင်ဘက်ထုတ်လိုက်တယ
ပြီးတော့ဂန်ဖလားကိုလရောင်ကျ
လှုတ်ခတ်နေတဲ့အဖြူရောင်အရိပ်
ခွက်ထဲကကျင်ငယ်ရေဘောင်ဘင်ခတ
ကျင်ခွက်ထဲမှာပြည့်လို့သာလိ
အငမ်းမရကြည့်လိုက်တယ်။လပြည်
---------
အဲဒီ Short Film လေးကိုဒါရိုက်တာဇာဂနာက“မမြင
“အကျဉ်းခန်းထဲမှာ
လရောင်ကိုမြင်နိုင်တဲ့အခွင်
ထောင်ထဲမှာစိတ်ကူးထားတာကြာ
ရေခဲအမှတ်သုညအောက်ရောက်နေပြ
ဆောက်ထားတဲ့နော်ဝေးနိုင်ငံအ
မြန်မာအမျိုးသားဝတ်စုံဝတ်ထာ
ကတုံးပြောင်နဲ့ကိုဇာဂနာမေးခ
အင်တာဗျူးပေးနေတာတွေ့ရတယ်။
အောက်တိုဘာ၂၅နဲ့၂၆ရက်နေ့၂ရက
ကျင်းပတဲ့“All that is banned is desired”
“ပိတ်ဆို့ခံခဲ့ရတဲ့လိုအင်ဆန
” ဆိုတဲ့ ခေါင်းစဉ်နဲ့
အနုပညာနဲ့ လွတ်လပ်စွာ သဘောထား ထုတ်ဖော်တဲ့ နိုင်ငံတကာ
အနုပညာရှင်၅၀ကျော်ထဲမှာမြန်
နိုင်ငံရေးအကျဉ်းသားဟောင်းက
ဒါရိုက်တာမင်းထင်ကိုကိုကြီး
ရဲ့တင်ဆက်မှုကို
(Beauti Under Pressure)“ဖိနှိပ်မှုအောက်ကအ
အစောပိုင်းကနိုင်ငံရေးအကျဉ်
ကိုဝင်းမော်လာဖို့ရှိပေမဲ့န
“ကျနော်ပတ်စ်ပို့ရဖို့လအတန်
အထမမြောက်ခဲ့ဘူး၊
သြဂုတ်လကလည်းကျနော်နဲ့ကျနော
ဖြော်ဖြေဘို့ဖိတ်ကြားခံရတာလ
ကိုဝင်းမော်ကရှင်းပြသွားပါတ
တိတ်တဆိတ်အဖမ်းခံနေရတဲ့အကြေ
ထောင်ထဲမှာရေးဖွဲ့ထားတဲ့Evi
သီချင်းကိုဆိုပြသွားတယ်။
ဒီကနေ့လိုဒီမိုကရေစီလမ်းကြေ
အတိတ်ကပုံရိပ်တွေကိုနိုင်ငံ
“ဒီလိုဇာတ်လမ်းတွေပြဖို့အစေ
ကိုဝင်းမော်ပတ်စ်ပို့မရတော့
လည်းလွတ်လပ်ပါပြီ၊ဒီမိုကရေစ
ရပိုင်ခွင့်ရှိတဲ့ပတ်စ်ပို
့နိုင်ငံရေးအကျဉ်းသားဟောင်း
ဒီတော့လူ့အခွင့်ရေးတို့၊ဒီမ
ဒါကြောင့်လဲဒီလာခါနီးမှကမန်
ရင်အပူနဲ့ပြောလိုက်တဲ့ကိုဇာ
ခဏတော့အံတုနိုင်မှာပဲ။
-------------
အော်စလိုပွဲမှာတရုတ်၊မလေးရှ
လူ့အခွင့်အရေးလှုပ်ရှားသူတွေ
ဆွီဒင်၊ဒိန်းမတ်၊စတဲ့နိုင်င
ကိုယ့်နယ်ပယ်အသီးသီးမှာပိတ်
အဆို၊အက၊အတီးအမှုတ်နဲ့သရုပ်ေ
ပရိသတ်နဲ့ပါအပြန်အလှန်မေးခွ
ထူးထူးခြားတင်ဆက်မှုတခုကပြင်
သရုပ်ပြကွက်လေးပါ။Hijabလို့
မလွတ်လပ်မှု၊အခွင့်အရေးမဲ့မှု
ထူးခြားတာကဒီပြကွက်ကိုအသက်အ
၊ဒီနေရာမှာပထမဆုံးပြတာဖြစ်သ
သရုပ်ပြကွက်ဖြစ်တယ်လို့လည်း
အမျိုးသမီးတယောက်ရဲ့၊တီးလုံ
အဖုံးအကွယ်မပါတဲ့မျက်လုံးတေ
ကဇာတ်ရုံထဲကပရိဿတ်၂၀၀ကျော်ဟ
တောင်မပြုငြိမ်သက်နေတယ်။လွတ
သတင်းသမားတွေကိုတောင်ဓာတ်ပံ
ဒါရိုက်တာမင်းထင်ကိုကိုကြီး
ရေးခဲ့တဲ့“အလျှင်”ဆိုတဲ့ကဗျ
ကင်မရာအနီးအဝေး၊အနိမ့်အမြင်
နောက်ခံစန္ဒယားတီးကွက်တွေကို
ထူးခြားပြီးပရိသတ်ရဲ့စိတ်အာ
သေခြင်းနဲ့ရှင်ခြင်းဆိုတဲ့အ
ရှေ့နောက်ရွှေ့ရေးစပ်ထားတဲ့က
ဘယ်လောက်လေးနက်၊ကျယ်ပြန့်နေ
လွတ်လပ်မှု၊မလွတ်လပ်မှုနဲ့မတရ
ဘ၀အာမခံမရှိမှု၊ဖြစ်ချင်သလို
အနေအထားတွေကိုသာမက၊လူသေပြီး
သင်္ခါရတွေ၊တရားဓမ္မနဲ့ဆင်ခြင်
အလျှင်
သေဆုံးတယ်ဆိုတာမရှိဘူး၊
သေတယ်မဆုံးဘူး၊
မဆုံးအောင်သေတယ်၊
သေပြီးသားလူတွေထပ်သေတယ်၊
သေရမဲ့လူတွေအသက်ဆက်တယ်၊
မသေမရှင်တွေကမရှင်မသေ၊
သေခြင်းနဲ့ရှင်ခြင်းဟာသိတ်မ
ဟိုနားမှာမွေးပြီး၊ဒီနားမှာ
စောစောကမွေးပြီးခုလေးတင်သေတ
မွေးကတည်းကသေပြီးသားလည်းဖြစ
အသေ၊
အရှင်၊
မသေမရှင်၊
အဲဒီကြားမှာအပျောက်ရှိတယ်။
အသေလည်းပျောက်တယ်၊
အရှင်လည်းပျောက်တယ်၊
မသေမရှင်တွေလည်းပျောက်တယ်။
အရှင်ဖြစ်ဖြစ်၊
အသေဖြစ်ဖြစ်ဖြစ်၊
မသေမရှင်ဖြစ်ဖြစ်၊
အပျောက်ဖြစ်ဖြစ်၊
ဖက်နဲ့ထုတ်ထားရတဲ့အသက်ဟာဘယ်
အသက်ငင်နေတဲ့
စားစရာ၊
သောက်စရာ၊
ဝတ်စရာ၊
နေစရာ၊
သေငယ်ဇောနဲ့မြောနေတဲ့
သေစရာနဲ့ရှင်စရာ။
မသေမချင်းတော့ရှင်လိမ့်မယ်
ရှင်ပေမဲ့လည်းဆုံးနေပါပြီ။
(မင်းကိုနိုင်)
တကယ်တော့မှတ်တမ်းရုပ်ရှင်Do
အချိန်တိုတိုနဲ့အားကောင်းတဲ
ကျနော်တို့နိုင်ငံလိုအရာရာေ
သတင်းအချက်အလက်နဲ့ဒဿနကိုအချ
ဦးခေါင်းထဲရောချက်ချင်းရော
အတော်လေးတန်ခိုးကြီးတယ်လို့
၁၉၉၄လောက်က ကျနော်အိန္ဒိယမှာDocumentary
သင်တန်းဆရာကမှတ်တမ်းဇာတ်လမ်
အိုင်ဒီယာ၊အတွေးစိတ်ကူးဆိုင
အခါဒီနေ့ထိစွဲနေတဲ့တမီးလ်လူ
ဇာတ်ကားနာမည်က“Rope”(လွန်ကြ
ကမ်းစပ်ကကျောက်ဆောင်ပေါ်မှာထ
ကောင်းကင်ကပြာပြာ၊ရေပြင်ကပြ
ဟိုး..အဝေးသဲသောင်ပြင်မှာလူ
ကင်မရာကLong Shotအဝေးရိုက်ချက်နဲ့ပြတယ်။
လဲနေသူကိုမျက်တောင်မခတ်
လှမ်းကြည့်နေတယ်။အနီးကပ်ကင်
အသက်ပြင်းပြင်းရှုထုတ်လိုက်
သဲတွေဖွာကနဲ၊ဖွာကနဲထွက်နေလိ
အတော်လေးမောပမ်းနေဟန်ရှိတယ်
ခနနေတော့လဲနေရာကရုန်းထလာတယ်
နောက်ခြေတလှမ်းစီဆုတ်လိုက်န
တယောက်ထဲဆွဲနေတဲ့ဟန်ပဲ(ကြို
အစောကအတိုင်းမှောက်ရက်လဲသွာ
လဲနေသူကိုထူလိုက်တယ်။နှစ်ယေ
လွန်ကြိုးကိုဆွဲပြန်တယ်။သူတ
ဒါပေမဲ့ပင်လယ်ရေကတုတ်တုတ်မလ
ဖျာတချပ်ခင်းထားသလိုငြိမ်သက
၂ယောက်သားရှေ့ငိုက်ပြီးဟတ်ထ
သူတို့ဆွဲနေတာက၊ိုဟိုး..အဝေ
လှမ်းကြည့်နေတယ်။ချက်ချင်းမ
မရဘူး။ပင်လယ်ရေကကြွမလာဘူး။ခ
နောက်ထပ်သောင်ပြင်ကိုရောက်လ
(ကင်မရာရိုက်ချက်လည်းမြန်လာ
ဝါးချက်ညီပြီးသိတ်သွက်လာတယ်
ဒါပေမဲ့လွန်ဆွဲသူတွေအရေးနိမ
သောင်ပြင်မှာမိန်းမတွေရော၊ေ
လူငယ်လူလတ်အဖိုးအဖွားခလေးတေ
(ကင်မရာရိုက်ချက်ကလည်းZoom Outအဝေးမြင်ကွင်းကိုဆွဲပြလိ
ဟိုး..သောင်ပြင်မှာလူတွေခြေ
ဟန်ချက်ညီညီကြိုးကိုအဆွဲ၊
ပင်လယ်ပြင်ကလှိုင်းလုံးကြီးေ
အဆက်မပြတ်ကြွကြွတက်လာလိုက်တ
တလှိမ့်လှိမ့်နဲ့လှိုင်းလုံ
အဆုံးသပ်ထားတယ်။
သိတ်ကောင်းတဲ့ရိုက်ချက်၊သိတ
သိတ်လှပညီညာတဲ့အခြေလှမ်းအတက
အလဲအပြို..သိတ်ညီတယ်၊သိတ်လှ
ညီညွတ်ရေးမှာအားတွေပါတယ်။စည
အများညီတယ်ဆိုပင်လယ်ပြင်လှို
စုစုပေါင်းမှ၎မိနစ်တောင်မပြ
မြန်မာပြည်မှာလည်းဒီလိုအားေ
လုပ်ကိုင်နိုင်စွမ်းရှိတဲ့အ
၂၀၀၃ခုနှစ်ကရုပ်ရှင်ဒါရိုက်
မြန်မာ့ရုပ်ရှင်အပြောင်းအလဲ
(ပြဇာတ်ဆန်ဆန်၊၀တ္တုဆန်ဆန်မှ
လိုတယ်လို့ပြောတာကြားပြီးကိ
မှတ်တမ်းဆန်ဆန်ငြီးငွေ့စရာတ
ဇာတ်လမ်းဆန်တဲ့မှတ်တမ်းတြွေ
အဲဒီကာလစာပေစီစစ်ရေးတင်လိုက
၂၀၀၆ခုနှစ်မှာကိုဇော်သက်ထွေ
၎ခွေလောက်ရှိတယ်။တင်တိုင်းအ
“နောက်ဆုံး၂၀၁၀အောက်တိုဘာမှ
အဲဒီမှာလွတ်လပ်သောအနုပညာပွဲ
ဇာတ်လမ်းတိုတွေ၊မှတ်တမ်းဇာတ
ဒါဆို Dramatize Documentaryတွေအသက်ရှုပေါက်
စိတ်ဝင်တစားနဲ့လုပ်လာသူတွေတ
ဟိုတုံးကတော့တယောက်စနှစ်ယော
အားကမရှိတော့သောင်ပြင်မှာမေ
အားလုံးပင်လယ်ပြင်ကိုကြိုးတ
စည်းချက်ညီညီဝိုင်းဝန်းဆွဲေ
တမြင့်မြင့်နဲ့ကိုယ့်ဘက်ပါလ
(ကိုညိုရေးတာကို ကျနော် နှစ်သက်လို့  ပြန်တင်ထားတာပါ)

No comments:
Post a Comment