“ကျွန်တော်တို့နိုင်ငံက
OIC အ ဖွဲ့ဝင်နိုင်ငံလည်း မဟုတ်ပါဘူး။ အစၥလာမ္ဘာသာ
ကိုးကွယ်သူအများကြီးရှိတဲ့ နိုင်ငံလည်း မဟုတ်ပါဘူး။ အဲဒါကို OIC က
ကျွန်တော်တို့နိုင်ငံ မှာ ဘာလာလုပ်မှာလဲ။ ယာယီပဲဖြစ်ဖြစ်၊
အမြဲတမ်းပဲဖြစ်ဖြစ် ဘာရုံးမှ အခြေစိုက်စရာမလိုပါဘူး။ ကူညီပေး စရာရှိရင်
ဒီမှာရှိနေတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်ရာ အန်ဂျီအိုတွေကတစ်ဆင့်
ကူညီပေါ့။ ရခိုင် လူမျိုးနဲ့ ဘင်္ဂါလီတွေအကြား ပဋိပက္ခကနေ တစ်နိုင်ငံလုံးအ
တိုင်းအတာနဲ့ ပဋိပက္ခတွေဖြစ်ပွားအောင် ဖိတ်ခေါ်သလိုဖြစ်မှာ စိုးရိမ်ပါတယ်။ ဒါလုံးဝမလုပ်သင့်ဘူး။ လုံးဝလက်မခံနိုင်ပါဘူး။
နိုင်ငံ ရေးပါတီတွေနဲ့ တပ်မတော်အနေ နဲ့ အချုပ်အခြာ အာဏာကို ထိပါးတယ်လို့ တွေးမြင်သင့်တယ်။ ကျွန်တော်ထိုင်းနိုင်ငံကိုသွားပြီး ထိုင်း-မြန်မာနယ်စပ်မောတောင်ဖက်သွားဖို့
Tour ကုမ္ပဏီတစ်ခုနဲ့ စကားပြောတော့ သူက ဒီတစ်နှစ် နှစ်နှစ်အတွင်း မှာ
ထိုင်း-မြန်မာနယ်စပ်ကို ဆော်ဒီ သူဌေးတွေကို ခဏခဏပို့ပေးရတယ် လို့ ပြောတယ်။
အဲဒီမှာ မွတ်ဆလင် သူပုန်တွေရှိတယ်လို့လည်း ကြားတယ်။ ဆော်ဒီဆိုတာ OIC
ရှိတဲ့နိုင်ငံ၊ ဆော်ဒီသူဌေးတွေဟာ အစွန်းရောက်တွေကို ထောက်ပံ့လေ့ရှိတယ်။
အစိုးရအနေနဲ့ ဒီအချက်ကို ပြန်စဉ်းစားဖို့သင့်တယ်။
သီပေါမင်းပါတော်မူကာနီးမှာ ဗြိတိသျှနယ်ချဲ့တွေက ဘုရင့်ရှေ့မှာ
ဖိနပ်စီးခွင့်အနိုင်ကျင့် ပြီး တောင်းသလိုမျိုး ခံစားရပါတယ်။
တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကန့်ကွက်တာကို ထောက်ခံပါတယ်”
ဒေါက်တာသန်းထွဋ်အောင် (Eleven Media Group ၏ CEO)
မှတ်ချက် .. သမ္မတရုံးဝန်ကြီးများနှင့် ပြည်ထောင်စု ၀န်ကြီးများ၏ နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ Knowledge မှာ လုံးဝ အားနည်းနေသေးသည်ဟု ယူဆပါသည်..။
သမ္မတကိုယ်တိုင်လည်း နိုင်ငံခြားရေးရာ ကိစ္စတချို့တွင် ဗဟု မှ အကြံပေးဆိုသူ ပညာရှင်များကို အားကိုးနေသရွေ့ စီပွားရေးဆိုင်ရာအကျိုးအမြတ်များ
အခွင့်အလမ်းများ ပေါ်ထွက်လာကောင်း ပေါ်ထွက်နိုင်သော်လည်း တဖက်တွင်ရှိသော
National Security, အချုပ်အခြာအာဏာ ပိုင်းဆိုင်ရာ ကိစ္စရပ်များကို
စိမံခန့်ခွဲရာတွင် ပြည်သူများ၏ထောက်ခံမှုကို အပြည့်အ၀ မရနိုင်သလို
ပြည်သူများ၏ ယုံကြည်မှုလည်း လျော့နည်းလာစရာအဖြစ် မြင်မိပါသည်..။
အဘယ့်ကြောင့်ဆိုသော် ... ဗဟုနှင့် ချိတ်ထားသော ပြည်ပမှ Link တချို့သည် OIC နှင့် တိုက်ရိုက် လက်မှတ်ရေးထိုး ပတ်သက်ခဲ့ဖူးကြသည်ကို မသိချင်ယောင် ဆောင်မနေကြရန် လိုအပ်ပါသည်..။ ဥပမာ (EBO-ဟန်ညောင်ဝေ)
အချုပ်အခြာ အာဏာ .. ဟုသော စကားရပ်ကို .... တွင်တွင်သုံးခဲ့သော....... ကျွန်တော်တို့၏ ဗိုလ်ချုပ်ကြီးများသည်.. အလံထောင်ချီတက်လာသူ ....လက်နက်ကိုင်လာသူများကို သာ
ကျူးကျော်စော်ကားသူအဖြစ် တိုက်ထုတ်တတ်ပြီး သပ်ရှိုသွေးခွဲ၊
နည်းမျိုးစုံဖြင့် စုပ်ယူဝါးမျိုခြင်း (တရုတ်-ဘင်္ဂလီ)အစရှိသူတို့၏
လွှမ်းမိုးမှု ဖြစ်စဉ်များအား အချုပ်အခြာအာဏာကို ထိပါးခြင်း
အမျိုးသားလုံခြုံရေးကို ထိခိုက်စော်ကားခြင်းအဖြစ် ယနေ့အထိ အသိခေါက်ခက်
အ၀င်နက်စွာ မမြင်နိုင်ကြသည်မှာ နိုင်ငံအတွက် ....
ရင်နာဖွယ်ပင်ဖြစ်ပါကြောင်း. .....။
(ငရဲသား)
.......................... .......................... .......................... .......................... .....
http:// www.weeklyeleven.com/ index.php?option=com_conten t&view=article&id=15994%3A -oic-&catid=42%3A2009-11-1 0-07-36-59&Itemid=112
ငရဲသားနိုင်ငံ ရေးပါတီတွေနဲ့ တပ်မတော်အနေ နဲ့ အချုပ်အခြာ အာဏာကို ထိပါးတယ်လို့ တွေးမြင်သင့်တယ်။ ကျွန်တော်ထိုင်းနိုင်ငံကိုသ
ဒေါက်တာသန်းထွဋ်အောင် (Eleven Media Group ၏ CEO)
မှတ်ချက် .. သမ္မတရုံးဝန်ကြီးများနှင့် ပြည်ထောင်စု ၀န်ကြီးများ၏ နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ Knowledge မှာ လုံးဝ အားနည်းနေသေးသည်ဟု ယူဆပါသည်..။
သမ္မတကိုယ်တိုင်လည်း နိုင်ငံခြားရေးရာ ကိစ္စတချို့တွင် ဗဟု မှ အကြံပေးဆိုသူ ပညာရှင်များကို အားကိုးနေသရွေ့ စီပွားရေးဆိုင်ရာအကျိုးအမြတ
အဘယ့်ကြောင့်ဆိုသော် ... ဗဟုနှင့် ချိတ်ထားသော ပြည်ပမှ Link တချို့သည် OIC နှင့် တိုက်ရိုက် လက်မှတ်ရေးထိုး ပတ်သက်ခဲ့ဖူးကြသည်ကို မသိချင်ယောင် ဆောင်မနေကြရန် လိုအပ်ပါသည်..။ ဥပမာ (EBO-ဟန်ညောင်ဝေ)
အချုပ်အခြာ အာဏာ .. ဟုသော စကားရပ်ကို .... တွင်တွင်သုံးခဲ့သော....... ကျွန်တော်တို့၏ ဗိုလ်ချုပ်ကြီးများသည်.. အလံထောင်ချီတက်လာသူ ....လက်နက်ကိုင်လာသူများကို
(ငရဲသား)
..........................
http://

No comments:
Post a Comment