Thursday, 4 October 2012

အမေရိကန် အိပ်မက် DV ကံစမ်းမဲ စပြီ



အမေရိကန်ပြည်ထောင်စုကို အိပ်မက် မက်နေသူတွေအတွက် ဒီနှစ်တွက် DV ကံစမ်းမဲ အစီအစဉ်ကို ယမန်နေ့ အောက်တိုဘာလ ၂ ရက်က စတင်လိုက်ပါပြီ ။ အမေရိကန်ကို သွားရောက်နေထိုင်၊ အလုပ် လုပ်လိုသူတွေအတွက် DV ကံစမ်းမဲ လျှောက်လွှာဟာ အရင်တုန်းကလို စာရွက်မှာ ရေးဖြည့်တဲ့ စနစ်မဟုတ်တော့တာ နှစ်အနည်းငယ်ရှိလာပါပြီ။

အခု လျှောက်လွှာတွေ ကိုတော့ အွန်လိုင်း ကနေ တဆင့် လျှောက်ထားရမှာဖြစ်ပြီးတော့ နိုဝင်ဘာ
လ ၃ ရက်နေ့မှာ နောက်ဆုံး လျှောက်လွှာတင်ပိတ်ရက်ဖြစ် ပါတယ်။ လျှောက်လွှာမှာ ဖော်ပြထားတဲ့ လိုအပ်ချက်တွေကို သေချာ ရေးဖြည့်ပြီး တင်လိုက်ပြီးတော့ ကိုယ့်လျှောက်လွှာ အခြေ အနေနဲ့ ကိုယ့်ကို ရွေးချယ်ခံရ မခံရ အသေးစိတ် အချက်အလက်တွေကို DV အင်တာနက် စာမျက်နှာမှာ ကြည့်ရမှာပါ။

ရွေးချယ်ခံရတဲ့ ကံထူးသူတွေကိုတော့ ၂၀၁၃ ခုနှစ် မေလ ၁ ရက်နေ့မှာ

ဤ နေရာမှာ ဖတ်ရှုနိုင်ပါတယ်။http://blog.irrawaddy.org/2012/10/dv.html
 

No comments:

Post a Comment