Saturday, 6 October 2012
မူဆယ်တွင် စစ်တပ်မှ အရာရှိဟန်ဆောင်ပြီး သေနတ် အတုဖြင့် ငွေတောင်းသူအား ဖမ်းမိ
 ရှမ်းပြည်နယ်မြောက်ပိုင်း၊  မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက် တွင်နေထိုင် သူ ဒေါ်နန်းစောရင် ၏ နေအိမ် သို့ သေနတ် အတုဖြင့် စစ်တပ်မှအရာရှိ
ဟန်ဆောင်ကာ ကားနှင့်ငွေလိမ်လည်တောင်းသူအားဖမ်းမိခဲ့ကြောင်း သိရပါတယ်။
ဒေါ်နန်းစောရင်သည် ခင်ပွန်းသည်သေဆုံးပြီးအမှုရင်ဆိုင်နေရတဲ့ တရားလိုတစ်ဦးဖြစ်ပါတယ်။
 ခင်ပွန်း သည်ဟာ အောက်တိုဘာ ၂ ရက်နေ့ နေ့လည်ပိုင်းက မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဂိတ်အနီးရှိဝိန်းပိုင်ရွာတွင်အမည်မသိလူတစ်ဦးမှ သေနတ်ဖြင့်ပစ်သတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။
တရားခံ(၃)ဦးနှင့် သေနတ်အတု၊ အရာရှိကဒ်အတုများပုံအမှုအတွက်လိုအပ်တဲ့ အချက်အလက်တွေကို မေးမြန်းဖို့ရောက်လာတဲ့ရဲအုပ်တင်အောင်နဲ့အဖွဲ့ကို ဒေါ်နန်းစောရင်မှသတင်းပို့ပြောပြ ခဲ့တာကြောင့်အထက်ပါလိမ်လည်သူ ၃ ဦးကို ဖမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
ရန်နောင်စိုး အသုံးပြုခဲ့သော သေနတ်အတုပုံ `` နေ့လည် ၁ နာရီလောက်မှာ စစ်တပ်က အရာရှိအ၀တ်အစားနဲ့ တစ်ယောက်၊ ဆိုင်ကယ်မောင်းသူ တစ်ယောက်၊ ပေါင်း နှစ်ယောက်ဟာ ကျွန်မအိမ်ထဲကိုရောက်လာပါတယ်။
 အရာရှိအ၀တ်အစားနဲ့လူကဗိုလ်ကြီးရန်နောင်စိုးဖြစ်ကြောင်းနဲ့ နေပြည်တော်
မှစေလွှတ်လိုက်တဲ့သူဖြစ်ကြောင်း ပြောပြီး အမှုအတွက် ငွေ ၅သိန်းတောင်း
သွားပါတယ်။
 ညနေ ၅ နာရီခွဲလောက်မှာ အရပ်ဝတ်နဲ့နောက်တစ်ခါပြန်လာပြီး သွားလာရေးအဆင် ပြေစေဖို့ဆိုပြီး ကားတစ်စီးထပ်တောင်းပါတယ်။ည ၈ နာရီလောက်မှာ တစ်ခေါက်ပြန်လာပြီး အိမ်ကိုလုံခြုံ ရေးလုပ်ပေးမယ်
လို့ပြောပြီး ပြန်ထွက်သွားပါတယ်။
 ကျွန်မလည်း ခင်ပွန်းသည် အမှုအတွက် အဆင်ပြေမယ်ထင်ပြီးသူတို့တောင်းဆိုတာတွေကို ဆောင်ရွက်ပေးခဲ့တာပါလို့ ´´
 ဒေါ်နန်းစောရင်က ပြောပြခဲ့ ပါတယ်။
                                     တရားခံ(၃)ဦးစီးလာသည့် နံ့သာရောင် (ပရာဒို)ကားပုံ
မူဆယ်ခရိုင်မှူး၊ စရဖအဖွဲ့၊ မြို့နယ်ရဲအဖွဲ့တွေပူးပေါင်းပြီး ည ၁၁ နာရီခွဲလောက်မှာ
 ဒေါ်နန်းစောရင်အိမ် အနီးမှာ သွားရောက်စောင့်ဆိုင်းနေစဉ် ပါရာဒိုကား
(နံ့သာရောင်)ဖြင့် လူ ၃ ဦးရောက်ရှိလာပြီး ဒေါ်နန်းစောရင်အိမ်အတွင်း
သို့ ၀င်ရောက်လာသဖြင့် လုံးထွေးပြီးဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဘုတလင်မြို့မှဖြစ်ပါတယ်။ ၄င်းကိုင်ဆောင်သည့်သေနတ်မှာ ပစ္စတို
အတုဖြစ်ကြောင်းလည်း သိရပါတယ်။ ၄င်းအမှုကို မူဆယ်ရဲစခန်းမှ ဆက်လက်စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်နေ တယ်လို့သိရပါတယ်။
ရှမ်းသတင်းစဉ်
No comments:
Post a Comment