“ဒီလို သာသနာ့ အဆောက်အဦးတွေနဲ့ အပြစ်မဲ့ ပြည်သူတွေ
အပေါ် အကြမ်းဖက်
နေတာကို ကျွန် တော်တို့ အနေနဲ့ လုံးဝ လက်မခံသလို အပြင်းအထန်
ကန့်ကွက်
ပါတယ်“ဟု ၄င်းကဆိုသည်။
ပြီးခဲ့သော စက်တင်ဘာလ ၂၉ ရက်နေ့က စပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကော့စ်ဘဇားနှင့် စစ်တကောင်း ဒေသရှိ ဗုဒ္ဓဘာသာဝင်
ဘုန်းတော်ကြီးများ၊ ဗုဒ္ဓ ရုပ်ပွားတော်များနှင့် ယင်းဒေသရှိ ဗုဒ္ဓဘာသာဝင် မျိုးနွယ်စု များအား အကြမ်းဖက်မှု များခြင်းကို ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံး ရှေ့တွင် သံဃာတော် များကလည်း အောက်တိုဘာလ ၅ ရက်နေ့ကဆန္ဒ
ဖော်ထုတ်ခဲ့ကြသည်။
“အခုလို သတ်ဖြတ် ဖျက်ဆီး ခံရတဲ့ အပြစ်မဲ့ သူတွေအတွက် စိတ်မကောင်းဖြစ် ရပါတယ်“ ဟု ဦးဝဏ္ဏရွှေ က ဆိုသည်။
လက်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်း အကြမ်းဖက်မှုများကြောင့်ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းများ အပါအဝင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်း ဖျက်ဆီး ခံရပြီး ၊ အဖိုးတန်ဗုဒ္ဓ ရွှေဆင်းတုတော်များ လုယက် ခံရသည့် အပြင် ရှေး ဟောင်းပဋိကတ်တော် မြောက်များစွာ မီးရှို့ခံ ရကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဒက္ကားမြို့ ရှိ ရခိုင် တိုင်းရင်းသားများ ထံမှ ပေးပို့သော သတင်း အချက်လက်များ အရသိရသည်။
The Voice Weekly
No comments:
Post a Comment