ဗမာပြည်သူလူထုနဲ့  တကမ္ဘာလုံးမှ လေးစားကြည်ညို ခံရခြင်း
All Love the people of the world
ပြည်သူက ချစ်သော လောကနတ်သမီးတပါးပါ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့  သမီးဖြစ်တဲ့အတွက်၊ ဒေါ်စုက ကျမမြန်မာနိုင်ငံရဲ့ အခင်းအကျင်းမှာပါ ၀င်ပါရတော့မယ် ဆိုပြီးပြောကြားခဲ့ပါတယ်။
*ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်းသည် ကျနော့်အတွက် ဘ၀ကိုပြောင်းလဲစေခဲ့ပါတယ်။ လေးဘက်နံရံအခန်းကျဉ်းထဲက ထောင်ထဲမှာ ဘယ်သူမှ မနေချင်ပါ။ ဒ
ါကြောင့်တခုထဲသောကြောက်ရွံ့ခြင်း
အစစ်အမှန်ကတော့အကျဉ်းထောင် ပါပဲ၊ လွတ်မြောက်ခြင်း အစစ်အမှန်သည်လဲ အဲဒီ
ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်းသာဖြစ်တယ် လို့ ထပ်ခါတလဲလဲ အမေစု မိန်
့ခွန်းများ ကို နားထောင်ခဲ့ဘူးပါတယ်။
အမှန်ကန်သော အရာ ကို လုပ်တတ်ခြင်းဆိုတဲ့ အခန်းမှာလဲ
”ရှင် ကောင်းတာ တခုခု လုပ်နေတဲ့အပေါ် ရှင့်ရဲ့ ကြောက်ရွံ့စိတ်အ၀င်မခံပါနဲ့”လို့ လဲဖတ် ခဲ့ဖူးပါတယ်။
အမေစုရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေထဲမှာ မေတ္တာ ၊ နူးညံ သိမ်မွေ့ မှု ၊ လူသားဆန်မှု. ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း၊ခေါင်ဆောင်ကောင်းတို့ ၏ ရှိသင့်တဲ့ အင်္ဂါရပ်များထက်ပိုမိုပြည့်စုံခြင်၊နှင့်အတူ ကျနော်သိခဲ့ရတဲ့ အမေစု၏ တစိတ်တပိုင်း အချက်အလက်များဖြစ်ပါတယ်။
စည်းစည်းလုံးလုံး နှင့် အလုပ်လုပ်ခြင်း ဆိုတဲ့နေရာမှာလည်း
”ကျမတို့အတူအကွ လက်တွဲထားမယ်ဆိုရင် ကျမတို့ရည်မှန်းတဲ့ ပန်းတိုင် သေခြာပေါက်ရောက်မှာပါ လို့ မိန့် ကြားခဲ့ဘူးပါတယ်။နောက်တစ်ခုကလည်း သင်လိုချင်တယ်ဆိုရင်
ပြောင်းလဲလိုက်ပါ။
”အပြောင်းအလဲ လိုချင်ရင် ကိုယ်တိုင်ထလုပ်ရတော့မယ်ဆိုတာ ပြည်သူအများစုက ပိုပိုပြီးသဘောပေါက်လာကြပါပြီ။
ပြည်သူတွေဆီ ပြန်ပြီး ပေးစပ် တတ်တဲ့ အလေ့အထ
”သင့်မှာ အကူအညီကင်းမဲ့နေတယ် လို့ခံစားရရင်၊ တခြားတယောက်ယောက်ကို ကူညီလိုက်ပါ။” ပြောကြားခဲ့ပါတယ်။ သင်ကောသိနိုင်မလား?
ဒေါ်စု က ကမ္ဘာ့အမျိုးသမီးထုအတွက် စံပြပုဂ္ဂိုလ် ဖြစ်လာနေပါတယ်.။
”ကမ္ဘာ အရပ်ရပ်က အမျိုးသမီးထုကို ပညာရေးနှင့် လုပ်ပိုင်ခွင့် အာဏာ များ ပိုမို ပေးခြင်းအားဖြင့် လူသားအားလုံးအတွက် ငြိမ်းချမ်းရေး နှင့် တရားမျှတရေး၊ သည်းခံမှု နှင့် ဂရုဏာ တရားများ ပိုမိုရရှိလာမှာပါဖြစ်ကြောင်းပါ။နောက်ဆုံးပြောပြချင်တာ က သင်က သင့်ရဲ့ 
ဘ၀မှာ ပိုပြီး တက်ကြွအောင် နေပါလို့ ဒေါ်စုက ပြောခဲ့ဘူးပါတယ်။
”ကျမ နိုင်ငံရေးမှာ ပိုပြီး တက်ကြွှသင့်တယ်လို့ ကျမထင်တယ်၊ ဘာလို့လဲဆိုတော့၊ ကျမကိုယ်ကျမ နိုင်ငံရေးသမားအနေနဲ့ကြည့်မိလို့ပါပဲ။ ဒါက ညစ်ငြမ်းတဲ့ အလုပ်လဲ မဟုတ်ဘူး။ နိုင်ငံရေးသမားတွေမှာ တခုခုမှား နေတယ်လို့ တချို့က ထင်ကြတယ်၊ ဟုတ်မှာပါ တချို့သော နိုင်ငံရေးသမားတွေမှာ မှားနေပါတယ်။ လို့ ပြောကြားသုံးသပ်ရင်း...တင်ပြလိုက်ရပါတယ်။
ကိုထွန်းဝေ
31.10.2012
ဓါတ်ပုံ ကိုမောပြေ

No comments:
Post a Comment