Wednesday, 24 October 2012

မန္တလေး-ဗုဒ္ဓဂါယာ တိုက်ရိုက်လေကြောင်း ပျံသန်းတော့မည်



မြန်မာနိုင်ငံမှ ဗုဒ္ဓဂါယာ ဘုရားဖူးများအတွက် ခရီးစဉ် ပိုမိုလွယ်ကူစေမည့် မန္တလေး-ဂါယာ လေကြောင်းပျံသန်းမှုကို မြန်မာ့လေကြောင်းလိုင်း MAI မှ နိုဝင်ဘာလတွင် စတင်ပျံသန်းတော့မည်ဟု သိရှိရသည်။

ယခင်က ဘုရားဖူးများအတွက် ကိုလ်ကတ္တား Kolkatta နှင့် ဂါယာ Gaya မြို့ ရန်ကုန်မြို့မှသာ တိုက်ရိုက်လေကြောင်း ရှိခဲ့ရာမှ ယခုတဖန် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ကာ မန္တလေးမှ တိုက်ရိုက်ပျံသန်းတော့မည်ဖြစ်၍ မြန်မာပြည် အလယ်ပိုင်းနှင့် အထက်ပိုင်းများမှ ဘုရားဖူးများအတွက် ခရီးလမ်းကြောင်း ပိုမို တိုတောင်းကာ စရိတ်စကနှင့် အချိန်လည်း ပိုမိုသက်သာစေမည်ဟု သိရသည်။

“ရန်ကုန်-ဂါယာတော့ စက်တင်ဘာ ၂၄ ရက်နေ့က စဆွဲထားတယ်။ တပါတ်ကို သုံးရက်လောက်စီ ဆွဲတယ်။ Air India ရော၊ MAI ရော” ဟု ဗုဒ္ဓဂါယာ မြန်မာကျောင်းတိုက်မှ ဦးတေဇိဏ္ဏ က မိန့်ကြားသည်။

ဂါယာမြို့မှာ အိန္ဒိယနိုင်ငံ၊ ဘီဟား Bihar ပြည်နယ်တွင် ရှိပြီး ဗုဒ္ဓဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရရှိရာ မဟာဗောဓိညောင်ပင်၊ ပလ္လင်နှင့်
စေတီတော်တို့ တည်ရှိရာဖြစ်၍ မဇ္ဈိမ ဒေသ ဘုရားဖူးများအနေနှင့် မရောက်မဖြစ်သည့် ဌာနတရပ် ဖြစ်သည်။

“ဘုရားဖူးရာသီက အောက်တိုဘာကနေ ဧပြီထိပေါ့။ ဘုရားဖူးက ဦးဇင်းတို့ ကျောင်းမှာတင်ကို တလတလ ငါးရာလောက် တည်းကြတာ
ရှိတယ်။ ကျန်တဲ့ကျောင်းတွေမှာ တည်းကြတာတွေလည်း အများကြီးရှိတယ်။ နီးစပ်ရာ တည်းကြတယ်။ ဘုရားဖူး တဖွဲ့ကို လူက လေးငါးဆယ် ပါတယ်” ဟု ဦးတေဇိဏ္ဏ က မိန့်ကြားသည်။

မြန်မာဘုရားဖူးများမှာ ဂါယာမှ အခြားသော သံဝေဇနိယ လေးဌာန အပါအဝင် ဗုဒ္ဓဝင် နှင့် သာသနာတော်နေရာ များသို့ လှည့်လည်
ဖူးမြော်လေ့ရှိကြသည်။

မဇ္ဈိမ
Photo : Tim Makins

No comments:

Post a Comment