Friday, 5 October 2012

သီရိလကာင်္ရောက် မြန်မာကျောင်းသား ရဟန်းတော်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံရမှုအရေး ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်ပွဲ ပူပေါင်းပါဝင်..




သီရိလကာင်္ရောက် မြန်မာကျောင်းသား ရဟန်းတော်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံရမှုအရေး ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်ပွဲ ပူပေါင်းပါဝင်..

ဘင်္ဂလားဒေ့ရှ်နိုင်၊ ကော့ဇားဒေသ၊ ရာမူး(ပန်းဝါမြို့စသော နေရာအချို့တွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားဆင်းတုတော်များ၊ လူနေအိမ်များနှင့် စာသင်ကျောင်းကို အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုးများက ပြီးခဲ့သည့် စက်တင်ဘာလ ၂၉- ရက် နေ့မှစတင
်ကာ ၀င်ရောက် မီးရှို့ဖျက်ဆီးနေကြပါသည်။ ထိုကဲ့သို့ ဗုဒ္ဓဘာသာဝင် ညီအစ်ကို မောင်နှမများ
တဖတ်သက် အနိုင်ကျင့် စော်ကားခံရသည့်အရေးကို ဗုဒ္ဓဘာသာရဟန်းတော်များအနေဖြင့် လျစ်လျူရှုမထားဘဲ ယနေ့(၀၄.၁၀.၂၀၁၂) ကြာသပတေးနေ့ နေ့လည်(၁)နာရီတွင် ကိုလံဘိုမြို့၊ မြို့တော်ခန်းမအနီး Viharadevi park အတွင်းရှိ ဆင်းတုတော်ကြီးရှေ့မှောက်တွင် ဘင်္ဂလာဒေ့ရှ်သံဃာတော် အပါး ၂၀၀-ခန့်၊ မြန်မာသံဃာတော် အပါး ၁၅၀-ခန့်၊ သီရိလင်္ကာသံဃာတော် အပါး ၅၀-ခန့် ကမ္ဘောဒီယား၊ လာအို၊ မလေးရှား သံဃာတော်များနှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ပြည်သူများ စုစုပေါင်း ၅၀၀- ကျော် ခန့် ပေါင်း စည်းခဲ့ကြသည်။
(သတင်း http://www.lankamsma.org/)
ဓာတ်ပုံ အတွက် ပေးပို့လာသူ ဆရာတော်အား ကျေးဇူးတင်ပါသည်..

 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံရမှုအရေး သီရိလကာင်္ရောက် မြန်မာကျောင်းသား ရဟန်းတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်ပွဲ ပူပေါင်းပါဝင်..
သတင်း ဒီမိုဝေယံ

No comments:

Post a Comment