ယမန်နေ.ည(၁၀)နာရီအချိန်က ဗိုလ်တစ်ထောင်မြို.နယ်၊ (၁၀)ရပ်ကွက် ၊သိမ်ဖြူလမ်းပေါ် စိန်ပေါလ်ကားမှတ်တိုင်အနီးတွင် ယာဉ်လေးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ သိမ်ဖြူလမ်းအတိုင်းအနောက်မှ အရှေ့သို့ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသော
ယာဉ်အမှတ် ဓ/၈၆၆၈ ဆောက်လုပ်ရေးလုပ်ငန်းသုံး ငြမ်းဆင်ရာတွင် အသုံးပြုသည့်
သံချောင်းများ တင်ဆောင်လာသော တီအီးကုန်တင်ယာဉ်သည် သိမ်ဖြူလမ်း အတိုင်း မော
င်းနှင်လာသော
ယာဉ်အမှတ်(ကက/၈၄၅၄) အားဝင်ရောက်တိုက်မိကာ အရှိန်မထိန်းနိုင်ဘဲ
ယာဉ်အမှတ်(၇ဃ/၇၂၃၀)KLIIGER ယာဉ်နှင့်ယာဉ်အမှတ် (၇ဂ/၈၆၄၈)ယာဉ်တို့အား
တိုက်မိပြီးလမ်းဘေးသို့ တိမ်းမှောက်သွားခဲ့သည်။ ထိုယာဉ်တိုက်မှုကြောင့်
ယာဉ်လေးစီးပျက်စီးကာ ယာဉ်အမှတ်(ဓ/ ၈၆၆၈)တီအီး ယာဉ်ပေါ်တွင်လိုက်ပါလာသူ(၉)ဦးအနက် ငါးဦးမှာထိခိုက်ဒဏ်ရာများရရှိ၍
ရန်ကုန်ဆေးရုံကြီး၌အတွင်း လူနာအဖြစ်ကုသလျှက်ရှိပြီး ယာဉ်မောင်းဖြစ်သူမှာ
အခင်းဖြစ်ပွားရာနေရာ၌ ယာဉ်အားထား၍ ထွက်ပြေးသွားခဲ့ကြောင်းသိရသ ည်။
Popular Myanmar News Journal
Popular Myanmar News Journal

No comments:
Post a Comment