Sunday, 21 October 2012

သမ္မတ ဦးသိန်းစိန် ဗြိတိန် နိုင်ငံ ဝန်ကြီး ချုပ်ဟောင်း အား လက်ခံ တွေ့ဆုံ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဗြိတိန် နိုင်ငံ ဝန်ကြီး ချုပ်ဟောင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံ တွေ့ဆုံ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ ညနေ ၃ နာရီ ခွဲတွင် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း the Rt Hon Tony Blair ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတ အိမ်တော် သမ္မတ၏ ဧည့်ခန်းမ ဆောင်၌ လက်ခံ

တွေ့ဆုံသည်။
ယင်းသို့ တွေ့ဆုံရာတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အတူ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို၊ ဦးစိုးသိန်း၊ ဦးဝင်းမြင့်၊ ဒေါက်တာမြအေး၊ ဒေါက်တာ ဖေသက်ခင်နှင့် ဒေါက်တာ ကိုကိုဦး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်ယော်နှင့် တာဝန် ရှိသူများ တက်ရောက် ကြသည်။

သတင်း-မြ၀တီ

No comments:

Post a Comment