Thursday, 25 October 2012

မပြေလည်သေးသော ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်


"မပြေလည်သေးသော ရခိုင်အျှေရး ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်"

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ စိုးရိမ်စိတ်များ ရှိနေပြီး မြန်မြန် ဆန်ဆန် ပပျောက်ရန် လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
''ရခိုင်ပြည်နယ်အရေး အတွက် စိုးရိမ်မှုတော့ ရှိတာပေါ့။ ဒီလိုဖြစ်နေ မယ် ဆိုတာက ခန့်မှန်းလို့လည်း ရတယ်လေ။ ဒါကြောင့် အန်တီ အမြဲ ပြောတယ်။ ရခိုင်ပြည်နယ်မှာ အဓိက တော့ ပြဿနာတွေဖြစ်လို့ရှိရင် ဒီ ပြဿနာတွေ မြန်မြန်ဆန်ဆန် ပပျောက်သွားအောင်လို့ ဥပဒေစိုးမိုး ရေး ရှိရမယ်ဆိုတာ ပြောတာ။
တချို့က ဒီဟာကို မကျေနပ်ကြ ဘူး၊ ဟိုလူ့ကိုအပြစ်ပြော ဒီလူ့ကို အပြစ်ပြောစေချင်တယ်။ ဒီလို ဟိုလူ့ ဒီလူ့ကိုပြောလို့လည်း ဒီပဋိပက္ခတွေ က ပြေလည်သွားမှာ မဟုတ်ဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။
လက်ရှိ ပဋိပက္ခ ဆက်ဖြစ်နေ သော ရခိုင်-ဘင်္ဂါလီ အရေးနှင့် ပတ် သက် ၍ ဥပဒေထိန်းသိမ်းရေး တာ ဝန်ယူထားသော သူများသာ အကြမ်း ဖက်မှု တာဆီးရေး ပြုလုပ်ရမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ပြောကြားလိုက်သည်။
''ဒီလို လူမျိုးစုနှစ်စု ဘာသာမတူတဲ့ သူတွေ အကြမ်းဖက်မှု ပဋိ ပက္ခဖြစ်တယ် ဆိုတာ နေ့ချင်းညချင်း ဖြေရှင်း လို့မရဘူး၊ ဒါက အချိန်ယူ ရမယ်၊ ဒီကြားထဲ အပူချိန် လျော့သွားအောင် လို့၊ ဒေါသတွေ လျော့ သွားအောင်လို့၊ တစ်ယောက်နဲ့တစ်ယောက် ကြားထဲ မှာ အကြမ်းဖက်မှုတွေ မဖြစ်အောင် လို့တားဆီး ပိတ်ပင်ဖို့ဆိုတာ ဥပဒေ ထိန်းသိမ်းရေး တာဝန် ယူထားတဲ့ သူတွေက လုပ်ရမှာပေါ့။ ဒါတွေကို ထပ်ပြီးဖြစ်နေရင် ဘယ်လို အဆင်ပြေ အောင်လုပ်မှာလဲ '' ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောသည်။ 

အောင်ထက်၊(NYK)

အေးချမ်းမွန်မှ Popular Myanmar News Journalတွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Popular Myanmar News Journal
Photo :Popular Myanmar News Journal
ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ စိုးရိမ်စိတ်များ ရှိနေပြီး မြန်မြန် ဆန်ဆန် ပပျောက်ရန် လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။  ''ရခိုင်ပြည်နယ်အရေး အတွက် စိုးရိမ်မှုတော့ ရှိတာပေါ့။ ဒီလိုဖြစ်နေ မယ် ဆိုတာက ခန့်မှန်းလို့လည်း ရတယ်လေ။ ဒါကြောင့် အန်တီ အမြဲ ပြောတယ်။

 
ရခိုင်ပြည်နယ်မှာ အဓိက တော့ ပြဿနာတွေ ဖြစ်လို့ရှိရင် ဒီ ပြဿနာတွေ မြန်မြန်ဆန်ဆန် ပပျောက် သွားအောင်လို့ ဥပဒေစိုးမိုး ရေး ရှိရမယ်ဆိုတာ ပြောတာ။ တချို့က ဒီဟာကို မကျေနပ်ကြ ဘူး၊ ဟိုလူ့ကိုအပြစ်ပြော ဒီလူ့ကို အပြစ် ပြောစေချင်တယ်။ ဒီလို ဟိုလူ့ ဒီလူ့ကိုပြောလို့လည်း ဒီပဋိပက္ခတွေ က ပြေလည်သွားမှာ မဟုတ်ဘူး''ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။
 
လက်ရှိ ပဋိပက္ခ ဆက်ဖြစ်နေ သော ရခိုင်-ဘင်္ဂါလီ အရေးနှင့် ပတ် သက် ၍ ဥပဒေ ထိန်းသိမ်းရေး တာ ဝန် ယူထားသော သူများသာ အကြမ်း ဖက်မှု တာဆီးရေး ပြုလုပ်ရမည်ဖြစ် ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့တွင် ပြောကြား လိုက်သည်။
 
 ''ဒီလို လူမျိုးစုနှစ်စု ဘာသာမတူတဲ့ သူတွေ အကြမ်းဖက်မှု ပဋိ ပက္ခဖြစ်တယ် ဆိုတာ နေ့ချင်းညချင်း ဖြေရှင်း လို့မရဘူး၊ ဒါက အချိန်ယူ ရမယ်၊ ဒီကြားထဲ အပူချိန် လျော့သွားအောင် လို့၊ ဒေါသတွေ လျော့ သွားအောင်လို့၊ တစ်ယောက်နဲ့ တစ်ယောက် ကြားထဲ မှာ အကြမ်းဖက်မှုတွေ မဖြစ်အောင် လို့တားဆီး ပိတ်ပင်ဖို့ဆိုတာ ဥပဒေ ထိန်းသိမ်းရေး တာဝန် ယူထားတဲ့ သူတွေက လုပ်ရမှာပေါ့။ ဒါတွေကို ထပ်ပြီးဖြစ်နေရင် ဘယ်လို အဆင်ပြေ အောင်လုပ်မှာလဲ '' ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောသည်။
အောင်ထက်၊(NYK)
popular myanmar journal
 

No comments:

Post a Comment