မော်ရော့ကို
နိုင်ငံ Authenticity and Modernity party (PAM) ပါတီ အထွေထွေအတွင်းရေးမှူး
Mustafa Corey၊ မော်ရော့ကို လွှတ်တော် ဒုတိယဥက္ကဋ္ဌ Khadija Rouissi နှင့်
မော်ရော့ကို လွှတ်တော်အမတ် နိုင်ငံခြားရေးရာကော်မတီဝင်
Mehdi Bensaid တို့ 26-10-2012 နေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား
နေပြည်တော်ရှိ နှင်းဆီစံအိမ်၌ လာရောက်တွေ့ဆုံခဲ့ကြစဉ် ပုံရိပ်များ။
လက်ရှိကာလ၌ မော်ရော့ကိုနိုင်ငံတွင်လဲ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ စ
တင်ပြုလုပ်နေသောကြောင့် ၂ဦး၂ဖက် အမြင်နှင့် အတွေ့အကြုံများ အပြန်အလှန် ဖလှယ်နိုင်ခဲ့သောကြောင့် အရေးပါသောတွေ့ဆုံဆွေးနွေးမှု တစ်ခု ဖြစ်ခဲ့ကြောင်း။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့မှာ သမ္မတဦးသိန်းစိန်အား သွားရောက်တွေ့ဆုံခဲ့ခြင်း မရှိပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းကိုသာ လာရောက်တွေ့ဆုံသွားခဲ့ခြင်း ဖြစ်ကြောင်း နောက်ဆက်တွဲသတင်းများအရ သိရ။.....
ခွန် ဒီးယမ် ။
ခွန် ဒီးယမ် ။

No comments:
Post a Comment