အထူးသတင်း လို့ ရေးထားပါတယ်။ ဒါဟာ အထူးမဟုတ်ပါ။
၂၈ အောက်တိုဘာ ၂၀၁၂
လက်ရှိဖြစ်ပွါးသော ရခိုင်ပြည်နယ်တစ်ဝှမ်းရှိ “မွတ်စလင်ဆန့်ကျင်ရေးနှင့် လူမျိုးတုန်းသတ်ဖြတ်မှု”ဟု နိုင်ငံတကာ အဖွဲ့အစည်းများမှ မီးမောင်းထိုးပြနေသော အကြမ်းဖက်မှုကြောင့် မွတ်စလင်ပေါင်း ၂၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ မွတ်စလင်အများစု နေထိုင်ရာ မြို့ရွာများစွာ မီးလောင်ပြာကျသွားကြောင်း ကုလသမဂ္ဂ (United Nations) ၏ နောက်ဆုံး သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
လူပေါင်း ၂၂,၅၈၇ ယောက် အိုးအိမ်မဲ့ အခြေအနေမဲ့
ရန်ကုန်မြို့ အခြေစိုက် ကုလအကြီးအကဲ မစ္စတာ နီဂမ် (Ashok Nigam) က သတင်းဌာနသို့ ပြောကြားရာတွင် “နောက်ဆုံး စာရင်းများအရ လူပေါင်း ၂၂,၅၈၇ ယောက် အိုးအိမ်မဲ့ အခြေအနေမဲ့” ဖြစ်သွားပြီး “ပျက်စီးဆုံးရှုံးသွားသော အိုးအိမ်ပေါင်း ၄,၆၆၅ အိမ်ရှိ”ကြောင်း သိရှိရပါသည်။
“အိုးအိမ်မဲ့ အခြေအနေမဲ့ ဖြစ်သွားသူများအနက် ၂၁,၇၀၀ ယောက်မှာ မွတ်စလင်များဖြစ်”သည်ဟု မစ္စတာ နီဂမ်က အတည်ပြု ပြောပြပါသည်။
ရန်ကုန်မြို့ အခြေစိုက် ကုလအကြီးအကဲ မစ္စတာ နီဂမ်
ရဲအရာရှိကြီးတစ်ဦး၏ AFP သတင်းဌာနသို့ ပြောပြချက်အရ အကြမ်းဖက်မှုဖြစ်ပွါးရာ မြို့ ၆ မြို့အနက် တစ်ခုဖြစ်သော မင်းပြားမြို့တစ်မြို့တည်း၌ ပင် မွတ်စလင်ဦးရေ ၄၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားကြော င်းနှင့် ကျန်မြို့များမှာလည်း မီးလောင်ပြာကျ ပျက်စီးသွားကြောင်း သိရှိရပါသည်။
“တချို့ ဒုက္ခသည်တွေက သူတို့ ဆွေမျိုးသားချင်းတွေရဲ့ အိမ်တွေမှာ နေကြတယ်။ တချို့က ယာယီ ဒုက္ခသည် တဲတွေမှာ နေကြတယ်။ မီးလောင်သွားတဲ့ နေရာတွေတဝိုက်မှာပဲ သူတို့ နေကြတယ်”ဟု ထိုရဲအရာရှိက ဆက်လက် ပြောကြားသည်။
ကုလသမဂ္ဂမှ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်ကြောင်းလည်း သူက ပြောကြားပါသည်။
အောက်တိုဘာလ ၂၁ ရက် (တနင်္ဂနွေနေ့)တွင် စတင်ဖြစ်ပွါးသော ထိုရခိုင်အကြမ်းဖက်မှုကြောင့် လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ပြီး အမျိုးသမီးများနှင့် ကလေးသူငယ်များ အပါအဝင် မြောက်များစွာ ဒဏ်ရာရရှိခဲ့သည်။
ဤကလေးငယ်မှာ သေဆုံးသွားပြီဖြစ်သည်
အောက်တိုဘာလ ၂၁ ရက်မှ ၂၆ ရက်နေ့အထိ ၆ ရက်တာ အကြမ်းဖက်မှုအတွင်း သေဆုံးသူ ၁၁၂ ဦး၊ ကလေး ၁၀ ဦး အပါအဝင် ဒဏ်ရာရရှိသူ ၇၂ ဦးရှိသည်ဟု ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းမြိုင်က RFA သတင်းဌာနသို့ ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသူ ၆၄ ယောက်ဟု ရခိုင်ပြည်နယ် အစိုးရက ပြင်ဆင် ပြောဆိုခဲ့သည်။
သေဆုံးသူစာရင်းနှင့် ဒဏ်ရာရရှိသူများ၊ ပျောက်ဆုံးနေသူများစာရင်း၌ မွတ်စလင်များအား ထည့်သွင်း တွက်ချက်ထားဖွယ် မရှိသေးပေ။
စနေနေ့တွင် လူအခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch)မှ ဂြိုဟ်တုမှ ရိုက်ကူးဖမ်းယူထားသော ပျက်စီးဆုံးရှုံးမှုပြ မြေပုံအရ ကျောက်ဖြူမြို့ရှိ မွတ်စလင်များ နေထိုင်ရာ ဒေသတစ်ခုလုံး မီးရှို့ခံရပြီး လောင်ကျွမ်းပြာကျသွားသည်ကို
တွေ့ရှိရသည်။ အောက်တိုဘာ ၂၄ ရက်တွင် အိုးအိမ်ပေါင်း ၈၁၁ ခုကျော်
မီးရှို့ဖျက်ဆီးခံရပြီး မွတ်စလင်များမှ စစ်တွေမြို့ဘက်သို့
ပင်လယ်ပြင်မှတဆင့် ထွက်ပြေးခဲ့ကြရသည်။
ပြီးခဲ့သည့် တနင်္ဂနွေမှ ကြာသပတေးနေ့အထိ အိုးအိမ်ပေါင်း ၂,၈၁၈ အိမ် ပျက်စီးသွားသည်ဟု နိုင်ငံပိုင် ရုပ်/ သံမှ အတည်ပြုကြေညာခဲ့သည်။ အများစုမှာ မွတ်စလင်ပိုင် အိမ်များဖြစ်ပြီး မီးရှို့ဖျက်စီးခံရခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လတွင် ဖြစ်ပွါးခဲ့သော ရခိုင်အကြမ်းဖက်မှု၌ အစိုးရ၏ တရားဝင် စာရင်းများအရ လူပေါင်း ၉၀ ကျော် သေဆုံးခဲ့ပြီး အိုးအိမ်ပေါင်း ၃,၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည်။
HRW ၏ အာရှ လက်ထောက် ဒါရိုက်တာ ဖိလ် ရောဘတ်ဆန်
Human Rights Watch ၏ အာရှ လက်ထောက် ဒါရိုက်တာ ဖိလ် ရောဘတ်ဆန် (Phil Robertson) က “မြန်မာ အစိုးရက ရခိုင်ပြည်နယ်ရှိ အပြင်းအထန် အတိုက်အခိုက် ခံနေရသော မွတ်စလင်များကို အကာအကွယ်ပေးရန် အရေးတကြီး လိုအပ်နေ”သည်ဟု ပြောဆိုသည်။
မြန်မာ့ရေးရာ အထူးပြု အလွတ်တန်း ဂျာနယ်လစ် တစ်ဦးဖြစ်သူ လယ်ရီ ဂျာဂန် (Larry Jagan)က အလ်ဂျဇီရာ (Al Jazeera) ရုပ်/သံဌာနသို့ ပြောကြားရာတွင် “ယခု အကြမ်းဖက် တိုက်ခိုက်ခံရသူများမှာ ရိုဟင်ဂျာများ မဟုတ်ဘဲ ဒေသခံ မြန်မာတိုင်ရင်းသား (ကမန်) မွတ်စလင်များပြီး ဤအခြေအနေမှာ အလွန်အမင်း စိုးရိမ်ပူပန်ဖွယ်ဖြစ်”ဟု ဆိုသည်။
မြန်မာ့ရေးရာ အထူးပြု အလွတ်တန်းဂျာနယ်လစ် လယ်ရီ ဂျာဂန်
အာရကန် ပရောဂျက် (Arakan Project) မှ ခရစ်လေဝ (Chris Lewa)ကလည်း “ဤအကြမ်းဖက်မှုသည် ရိုဟင်ဂျာဆန့်ကျင်ရေး မဟုတ်။ မွတ်စလင် ဆန့်ကျင်ရေး (anti-Muslim) ဖြစ်”ကြောင်း ပြောကြားသွားခဲ့သည်။
HRW မှ ဂြိုဟ်တုမြေပုံ အချက်အလက်များ ထွက်ပေါ်လာပြီးနောက် သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူး ဇော်ဌေး (မှူးဇော်)ကလည်း အကြမ်းဖက်ခံရသူများမှာ မွတ်စလင်များဖြစ်ကြောင်း ဝန်ခံပြောဆိုသွားခဲ့ရသည်။
၂၈ အောက်တိုဘာ ၂၀၁၂
လက်ရှိဖြစ်ပွါးသော ရခိုင်ပြည်နယ်တစ်ဝှမ်းရှိ “မွတ်စလင်ဆန့်ကျင်ရေးနှင့် လူမျိုးတုန်းသတ်ဖြတ်မှု”ဟု နိုင်ငံတကာ အဖွဲ့အစည်းများမှ မီးမောင်းထိုးပြနေသော အကြမ်းဖက်မှုကြောင့် မွတ်စလင်ပေါင်း ၂၂,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ မွတ်စလင်အများစု နေထိုင်ရာ မြို့ရွာများစွာ မီးလောင်ပြာကျသွားကြောင်း ကုလသမဂ္ဂ (United Nations) ၏ နောက်ဆုံး သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
လူပေါင်း ၂၂,၅၈၇ ယောက် အိုးအိမ်မဲ့ အခြေအနေမဲ့
ရန်ကုန်မြို့ အခြေစိုက် ကုလအကြီးအကဲ မစ္စတာ နီဂမ် (Ashok Nigam) က သတင်းဌာနသို့ ပြောကြားရာတွင် “နောက်ဆုံး စာရင်းများအရ လူပေါင်း ၂၂,၅၈၇ ယောက် အိုးအိမ်မဲ့ အခြေအနေမဲ့” ဖြစ်သွားပြီး “ပျက်စီးဆုံးရှုံးသွားသော အိုးအိမ်ပေါင်း ၄,၆၆၅ အိမ်ရှိ”ကြောင်း သိရှိရပါသည်။
“အိုးအိမ်မဲ့ အခြေအနေမဲ့ ဖြစ်သွားသူများအနက် ၂၁,၇၀၀ ယောက်မှာ မွတ်စလင်များဖြစ်”သည်ဟု မစ္စတာ နီဂမ်က အတည်ပြု ပြောပြပါသည်။
ရန်ကုန်မြို့ အခြေစိုက် ကုလအကြီးအကဲ မစ္စတာ နီဂမ်
ရဲအရာရှိကြီးတစ်ဦး၏ AFP သတင်းဌာနသို့ ပြောပြချက်အရ အကြမ်းဖက်မှုဖြစ်ပွါးရာ မြို့ ၆ မြို့အနက် တစ်ခုဖြစ်သော မင်းပြားမြို့တစ်မြို့တည်း၌
“တချို့ ဒုက္ခသည်တွေက သူတို့ ဆွေမျိုးသားချင်းတွေရဲ့ အိမ်တွေမှာ နေကြတယ်။ တချို့က ယာယီ ဒုက္ခသည် တဲတွေမှာ နေကြတယ်။ မီးလောင်သွားတဲ့ နေရာတွေတဝိုက်မှာပဲ သူတို့ နေကြတယ်”ဟု ထိုရဲအရာရှိက ဆက်လက် ပြောကြားသည်။
ကုလသမဂ္ဂမှ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်ကြောင်းလည်း သူက ပြောကြားပါသည်။
အောက်တိုဘာလ ၂၁ ရက် (တနင်္ဂနွေနေ့)တွင် စတင်ဖြစ်ပွါးသော ထိုရခိုင်အကြမ်းဖက်မှုကြောင့
ဤကလေးငယ်မှာ သေဆုံးသွားပြီဖြစ်သည်
အောက်တိုဘာလ ၂၁ ရက်မှ ၂၆ ရက်နေ့အထိ ၆ ရက်တာ အကြမ်းဖက်မှုအတွင်း သေဆုံးသူ ၁၁၂ ဦး၊ ကလေး ၁၀ ဦး အပါအဝင် ဒဏ်ရာရရှိသူ ၇၂ ဦးရှိသည်ဟု ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းမြိုင်က RFA သတင်းဌာနသို့ ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် သေဆုံးသူ ၆၄ ယောက်ဟု ရခိုင်ပြည်နယ် အစိုးရက ပြင်ဆင် ပြောဆိုခဲ့သည်။
သေဆုံးသူစာရင်းနှင့် ဒဏ်ရာရရှိသူများ၊ ပျောက်ဆုံးနေသူများစာရင်း၌ မွတ်စလင်များအား ထည့်သွင်း တွက်ချက်ထားဖွယ် မရှိသေးပေ။
စနေနေ့တွင် လူအခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch)မှ ဂြိုဟ်တုမှ ရိုက်ကူးဖမ်းယူထားသော ပျက်စီးဆုံးရှုံးမှုပြ မြေပုံအရ ကျောက်ဖြူမြို့ရှိ မွတ်စလင်များ နေထိုင်ရာ ဒေသတစ်ခုလုံး မီးရှို့ခံရပြီး လောင်ကျွမ်းပြာကျသွားသည်ကို
ပြီးခဲ့သည့် တနင်္ဂနွေမှ ကြာသပတေးနေ့အထိ အိုးအိမ်ပေါင်း ၂,၈၁၈ အိမ် ပျက်စီးသွားသည်ဟု နိုင်ငံပိုင် ရုပ်/
ပြီးခဲ့သည့် ဇွန်လတွင် ဖြစ်ပွါးခဲ့သော ရခိုင်အကြမ်းဖက်မှု၌ အစိုးရ၏ တရားဝင် စာရင်းများအရ လူပေါင်း ၉၀ ကျော် သေဆုံးခဲ့ပြီး အိုးအိမ်ပေါင်း ၃,၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည်။
HRW ၏ အာရှ လက်ထောက် ဒါရိုက်တာ ဖိလ် ရောဘတ်ဆန်
Human Rights Watch ၏ အာရှ လက်ထောက် ဒါရိုက်တာ ဖိလ် ရောဘတ်ဆန် (Phil Robertson) က “မြန်မာ အစိုးရက ရခိုင်ပြည်နယ်ရှိ အပြင်းအထန် အတိုက်အခိုက် ခံနေရသော မွတ်စလင်များကို အကာအကွယ်ပေးရန် အရေးတကြီး လိုအပ်နေ”သည်ဟု ပြောဆိုသည်။
မြန်မာ့ရေးရာ အထူးပြု အလွတ်တန်း ဂျာနယ်လစ် တစ်ဦးဖြစ်သူ လယ်ရီ ဂျာဂန် (Larry Jagan)က အလ်ဂျဇီရာ (Al Jazeera) ရုပ်/သံဌာနသို့ ပြောကြားရာတွင် “ယခု အကြမ်းဖက် တိုက်ခိုက်ခံရသူများမှာ ရိုဟင်ဂျာများ မဟုတ်ဘဲ ဒေသခံ မြန်မာတိုင်ရင်းသား (ကမန်) မွတ်စလင်များပြီး ဤအခြေအနေမှာ အလွန်အမင်း စိုးရိမ်ပူပန်ဖွယ်ဖြစ်”ဟု ဆိုသည်။
မြန်မာ့ရေးရာ အထူးပြု အလွတ်တန်းဂျာနယ်လစ် လယ်ရီ ဂျာဂန်
အာရကန် ပရောဂျက် (Arakan Project) မှ ခရစ်လေဝ (Chris Lewa)ကလည်း “ဤအကြမ်းဖက်မှုသည် ရိုဟင်ဂျာဆန့်ကျင်ရေး မဟုတ်။ မွတ်စလင် ဆန့်ကျင်ရေး (anti-Muslim) ဖြစ်”ကြောင်း ပြောကြားသွားခဲ့သည်။
HRW မှ ဂြိုဟ်တုမြေပုံ အချက်အလက်များ ထွက်ပေါ်လာပြီးနောက် သမ္မတရုံး အကြီးတန်း အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူး ဇော်ဌေး (မှူးဇော်)ကလည်း အကြမ်းဖက်ခံရသူများမှာ မွတ်စလင်များဖြစ်ကြောင်း ဝန်ခံပြောဆိုသွားခဲ့ရသည်။
မူရင်း Djkoko Aung ဒီနေရာမှာသွားကြည့်နိုင်ပါတယ်။

No comments:
Post a Comment