အမေရိက ခရီးစဉ်ကို ရှေ့ဆင့်နောက်ဆင့် ဆိုသလိုသွားခဲ့ကြတဲ့ သမ္မတကြီး ဦးသိန်းစိန် နဲ့ဒေါ်အောင်ဆန်း စုကြည်တို့ဟာ မြန်မာပြည်ကို ပြန်လည်ရောက်ရှိ ရာမှာလည်း ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပဲ ပြန်လည် ရောက်ရှိခဲ့ကြပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ကအောက်တိုဘာ ၁ရက်နေ့က မြန်မာပြည်ကို ပြန်လည် ရောက် ရှိလာခဲ့ပြီး ပြည်သူများ အပါအဝင် အနုပညာရ
ှင်များကပါ
သောင်းသောင်း ဖြဖြကြိုဆိုခဲ့ကြပါတယ်။ အောက်တိုဘာ ၄ ရက်နေ့မှာတော့
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ရောက် ရှိမယ်ဆိုတာကြောင့် အဲဒီ နေ့အတွက်လည်း
ပြည်သူတွေရော၊အနုပညာ ရှင်တွေ ကပါ ရင်ခုန်မှုတွေနဲ့မျှော်လင့်ေ နကြပါတယ်။
သမ္မတကြီးကို ကြိုဆို သူများနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသူများ
အပေါ်မှာ ထင်မြင်ယူဆ ချက်အမျိုးမျိုး ရှိခဲ့ကြပေမယ့်လည်း တကယ်တမ်းကျ တော့
ပြည်သူ့ အကျိုး ကို ရှေးရှုကြတဲ့ နိုင်ငံေ ခါင်း ဆောင်များကို
ကြိုဆိုကြသူများရဲ့ စိတ်နှလုံးသား ထဲ မှာတော့ တစ်စိတ်တစ်ဝမ်းတည်းရှိနေတာေ တွ့
မြင်ခဲ့ရပါ တယ်။ အမေရိက ခရီးစဉ်ကနေ ဒေါ်အောင်ဆန်း စုကြည် တစ်ယောက်
အောက်တိုဘာ ၄ရက်နေ့ည ၁ဝ နာရီ၊ ၁၅မိနစ် လေယာဉ်နဲ့ရောက် မှာဖြစ်လို့ ည၈
နာရီဝန်းကျင်ကတည်းက ကြိုဆို သူများက လမ်းတစ် လျှောက်ြ ပည့်နေပါပြီ။
အနုပညာရှင်များလည်း သွား ရောက်ကြိုဆို မှာဖြစ်တာကြောင့် ပေါ်ပြူလာအဖွဲ့လည်း
အနုပညာရှင်တွေရဲ့ ကြိုဆိုမှု မှတ်တမ်း ပုံရိပ်များကို ရယူနိုင်ဖို့
လေဆိပ်ကိုအမီသွားခဲ့ကြပါ တယ်။ ဂီတ အစည်းအရုံးအနေနဲ့တော့ ၈မိုင်မှာ
ဂီတသမားများ စုဝေးကြပြီး လေဆိပ်ကို စုပေါင်းသွားရောက်ခဲ့ကာ
ရုပ်ရှင်အစည်းအရုံးမှ အနုပညာရှင်များကတော့ လေဆိပ်မှာပဲ စုဝေးခဲ့ကြပါတယ်။
သမ္မတကြီးနဲ့အမေစုကို တစ်တန်းထဲပဲ နိုင်ငံခေါင်းဆောင်နှစ်ယောက်လို့
သတ် မှတ်ထားတယ်ဆိုတဲ့ ရုပ်ရှင် အစည်း အရုံး ဒု-ဥက္ကဋ္ဌ
လူမင်းက”သမ္မတကြီးကိုလည်း ကြိုတယ်။ဒေါ်အောင် ဆန်းစုကြည်ကိုလည်း
ရုပ်ရှင်အစည်းအရုံးအနေနဲ့ကြို တာ။ ဂီတအစည်း အရုံးကလည်း ကြိုတယ်။ ကိုယ်စီကစည်းလုံးချင်တဲ့စိတ်ဓာတ်ရှိမှ
စုစည်း ညီညွတ်မှုရတာ။ လူဆိုတာ ကိုယ့်အတွေးအခေါ် အယူအဆအသိဥာဏ် ရှိတယ်။
အမေစုကို လူထုခေါင်းေ ဆာင်တစ်ယောက်အနေ နဲ့သွားကြိုတာပါ” လို့
ပြောပါတယ်။ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြန်ခရီးကို အနုပညာ
မောင်နှမတွေနဲ့အတူ သွားရောက်ကြိုဆိုခဲ့တဲ့
ပြေတီဦး က” ကျွန်တော်တို့က အနုပညာသမားလေ။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုတာ မဟုတ်ဘူး။ မြန်မာနိုင်ငံ က အနုပညာရှင်တွေဖြစ်တာ ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူတန်းစားတွေ အားလုံးကို ကိုယ်စားပြုတာ။ အရင်တုန်းကတည်းက တသီးတသန့် ဆန် တာမျိုး ဘာမှမရှိ ဘူး။ အမေစုကို အရင် ကတည်းကသဘောကျတယ်။ အနစ်နာခံပြီး လုပ်နိုင်တဲ့သူလည်းဖြစ်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုကြီးကျယ်တဲ့သူမျိုးဆို တာ
မတွေ့ တာ ကြာပြီ။ ကျွန်တော်တို့ တိုင်းပြည် ဆိုတာ ကမ္ဘာအရပ်ရပ်နဲ့ယှဉ်ရင်
ဘယ်ကဏ္ဍမှာဖြစ် ဖြစ် နောက်ဆုံးတန်းပဲ။ ဒီတိုင်းပြည်ကို သိပ်မသိကြဘူး။
ဒီလိုတိုင်းပြည်က ကမ္ဘာ အရပ်ရပ်မှာ ဒီလိုထင်ရှားပြီး တလေးတစားဖြစ် အောင်
စွမ်းဆောင်ခဲ့တဲ့အတွက်ကြောင့် တအားဂုဏ်ယူတယ်။ အဲဒါကြောင့် တလေး တစားနဲ့ သွားကြိုဖြစ်တာပါ” လို့ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ ပြုမူ ပြောဆိုဆောင်ရွက်မှုတွေကို မြန်မာပြည် ကနေကြည့်ဖြစ်တဲ့ ဒါရိုက်တာကြည်ဖြူသျှင်က”အမေ စုပြော တဲ့စ ကားထဲမှာရလိုက်တာက ပြေး ရမယ်၊သူများလမ်းလျှောက်နေရင်တောင်
ကိုယ်တွေက အရှိန်အဟုန်နဲ့ ပြေးရမယ်။ အခု လက်ရှိအခြေအနေကို သတိရှိရှိ
သတိကြီးစွာနဲ့ လျှောက်ရမယ်ဆို တာကို ရလိုက်ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး ဂီတအစည်းအရုံး အတွင်းရေးမှူုး ဖြူဖြူကျော်သိန်းကလည်း” အန်တီစု အင်္ဂလိပ်လိုပြောပုံ၊ လူတွေနဲ့ ဆက်ဆံပုံတွေဒါတွေကို ကိုယ့်တိုင်းပြည်က အားလုံးမြင်နိုင်အောင်တိုက် ရိုက်ထုတ်လွှင့်မှု တွေများများလုပ်ပေးစေချင်တယ်။ ခုလို တိုင်း ပြည်ပြုပြင်ပြောင်း လဲကာလမှာလူတိုင်းက အကျိုးရှိတဲ့နိုင်ငံသားတစ်ေ ယာက် ဖြစ်အောင် ကြိုးစားသင့်တယ်။အန်တီစုလို လူမျိုးတွေ၊ ပြုပြင်ပြောင်းလဲရေးကို လိုလားတဲ့ သမ္မတကြီး လိုလူ မျိုးတွေအများကြီးလိုအပ်တယ် ”လို့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတဲ့ ခရီးစဉ်မှာပြောပါတယ်။
“ကျွန်တော်တို့တစ်တွေ အလုပ်တွေလုပ် လို့ကိုယ့်ကိုယ်ကိုယ် တအားပင်ပန်း လာပြီလို့ ထင်တဲ့အခါ အန်တီစုကို သတိရရင်ကိုယ့်ကိုယ် ကိုယ် ရှက်သွား တယ်။ မိန်းမသား တစ်ယောက် အနေနဲ့သူကအလုပ်တွေ အများကြီးလုပ်နေ တာပါ။ အန်တီဟိုမှာ ပြောတာဆိုတာတွေ လည်း ကြည့်ဖြစ်ပါတယ်။ ကျွန်တော်တို့ မခန့်မှန်း နိုင်တဲ့ အကျိုးအြ မတ်သက်ရောက်မှုတွေတော့ ရှိမှာပါ”လို့ ဂီတအစည်းအရုံးပြန်ကြားရေးမှုးရွှေဂျော်ဂျော်က ကြိုဆိုမှုခရီးစဉ်မှာပြောပါ တယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် ကြို ဆိုတာ ကိုယ့်အမေကိုသွားကြို သလိုပဲဖြစ် ပြီး အမေပြန်လာတိုင်း ဂုဏ်ယူစရာဖြစ်ရပါ တယ်လို့ အင်တာဗျူးဖြေစဉ်မှာ ကြက်သီးမွေးညင်း ထအောင်ပီတိအပြုံးများ နဲ့ပြောသူ မြန်မာအမျိုးသမီးရော့ခ်အဆို ရှင်သျှီကလည်း”အင်တာ
နက်မှာတွေ့တဲ့ အမေစု ပုံတွေကတော့ တကယ် ကိုဝမ်းသာစရာပါပဲ။ ပြီးတော့
အမေစုကို အမေ ရိကန် သမ္မတကြီးကိုယ်တိုင်က ဖိတ်ကြား ပြီးတွေ့ဆုံတယ်
ဆိုတာကြားတော့ တအားကို ဂုဏ်ယူတယ်။ ဂုဏ်ယူပြီးရင်းကို ဂုဏ်ယူမိပါ တယ်”လို့
ကြိုဆိုမှုခရီးစဉ် မှာပြောခဲ့ပါသေးတယ်။ ရုပ်ရှင်ဂီတအနုပညာရှင်များ လေဆိပ်
ကိုရောက်ရှိချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြမယ့်
ပြည်သူများတိုးမပေါက်အောင် ပါပဲ။ ပြည်သူများက လည်း အနုပညာရှင်များ
လာရောက်ကြိုဆိုကြတာကို ဝမ်းမြောက်ပီတိ ဖြစ် စွာအမှတ်တရဓာတ်ပုံများရိုက် ကြရင်း
လေ ယာဉ် ဆိုက်ချိန် ၁ဝနာရီ၁၅မိနစ်ကို ရောက် ရှိလာ ပါပြီ။
ဒေါ်အောင်ဆန်းစုကြည် လေ ဆိပ်လှေကားရောက်ပြီ ဆိုကတည်းက ‘အမေစု ကျန်းမာပါစေ’
ဆိုတဲ့ အသံက တိုင်ပင်ထားစရာ မလိုဘဲ ပြည်သူတွေရဲ့နှုတ်ဖျားမှာ တွဲခိုသွားတာက
အထက်အာကာမိုးယံတိုင်အောင်ပါ ပဲ။အား လုံးဟာတိုးတိုး ဝှေ့ဝှေ့ မရှိကြဘဲ ဒီမိုကရေစီခေါင်း ဆောင်ကို ဒီမိုကရေစီပီသစွာစည်းကမ်းတကျ ပဲ ကြိုဆို ခဲ့ကြပါတယ်။သမ္မတကြီးရဲ့ခရီး စဉ်နဲ့
ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ခရီးစဉ်မှာပါ ကိုယ်တတ်နိုင်တဲ့ထောင့် ကနေ
ပါဝင်ကြိုဆိုကြတဲ့ အနုပညာ ရှင်တွေရဲ့ ပီတိစကားသံ များကနေ
တိုင်းပြည်ရဲ့ရှေ့ဆက် မယ့် ခရီးမှာ တစ်ထောင့်တစ်နေရာက ရှိနေကြ ဦးမယ့်
အနုပညာရှင်တွေ ရဲ့ပီတိအပြုံးတွေကို တွေ့ လိုက်မိပါတော့တယ်။
သတင်း-ရဲရဲ၊သီဟ၊ ဓာတ်ပုံ -အောင်ဇော်မင်း
(ပေါ်ပြူလာအတွက်ဓာတ်ပုံရိုက် ကူးပေးသော အနဂ္ဂကိုလည်း ကျေးဇူးတင်လျှက်)
မူရင်းသတင်း--Popular Journal
ပြေတီဦး က” ကျွန်တော်တို့က အနုပညာသမားလေ။ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုတာ မဟုတ်ဘူး။ မြန်မာနိုင်ငံ က အနုပညာရှင်တွေဖြစ်တာ ကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ လူတန်းစားတွေ အားလုံးကို ကိုယ်စားပြုတာ။ အရင်တုန်းကတည်းက တသီးတသန့် ဆန် တာမျိုး ဘာမှမရှိ ဘူး။ အမေစုကို အရင် ကတည်းကသဘောကျတယ်။ အနစ်နာခံပြီး လုပ်နိုင်တဲ့သူလည်းဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မှာ ပြုမူ ပြောဆိုဆောင်ရွက်မှုတွေကို မြန်မာပြည် ကနေကြည့်ဖြစ်တဲ့ ဒါရိုက်တာကြည်ဖြူသျှင်က”အမေ
ဆက်လက်ပြီး ဂီတအစည်းအရုံး အတွင်းရေးမှူုး ဖြူဖြူကျော်သိန်းကလည်း” အန်တီစု အင်္ဂလိပ်လိုပြောပုံ၊ လူတွေနဲ့ ဆက်ဆံပုံတွေဒါတွေကို ကိုယ့်တိုင်းပြည်က အားလုံးမြင်နိုင်အောင်တိုက်
“ကျွန်တော်တို့တစ်တွေ အလုပ်တွေလုပ် လို့ကိုယ့်ကိုယ်ကိုယ် တအားပင်ပန်း လာပြီလို့ ထင်တဲ့အခါ အန်တီစုကို သတိရရင်ကိုယ့်ကိုယ် ကိုယ် ရှက်သွား တယ်။ မိန်းမသား တစ်ယောက် အနေနဲ့သူကအလုပ်တွေ အများကြီးလုပ်နေ တာပါ။ အန်တီဟိုမှာ ပြောတာဆိုတာတွေ လည်း ကြည့်ဖြစ်ပါတယ်။ ကျွန်တော်တို့ မခန့်မှန်း နိုင်တဲ့ အကျိုးအြ မတ်သက်ရောက်မှုတွေတော့ ရှိမှာပါ”လို့ ဂီတအစည်းအရုံးပြန်ကြားရေးမှု
ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက် ကြို ဆိုတာ ကိုယ့်အမေကိုသွားကြို သလိုပဲဖြစ် ပြီး အမေပြန်လာတိုင်း ဂုဏ်ယူစရာဖြစ်ရပါ တယ်လို့ အင်တာဗျူးဖြေစဉ်မှာ ကြက်သီးမွေးညင်း ထအောင်ပီတိအပြုံးများ နဲ့ပြောသူ မြန်မာအမျိုးသမီးရော့ခ်အဆို
သတင်း-ရဲရဲ၊သီဟ၊ ဓာတ်ပုံ -အောင်ဇော်မင်း
(ပေါ်ပြူလာအတွက်ဓာတ်ပုံရိုက်
မူရင်းသတင်း--Popular Journal

No comments:
Post a Comment