Monday, 15 October 2012

ပြည်ခိုင်ဖြိုးပါတီ ပထမအကြိမ် ညီလာခံ အဖွင့် မိန်ခွန်းကို ပါတီ ဒုတိယဥက္ကဌ သူရဦးရွှေမန်း တက်ရောက် ပြောကြား


နေပြည်တော်၊ အောက်တိုဘာ၊ ၁၄

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသိန်းစိန် နိုင်ငံတော် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသဖြင့် ယင်းပါတီ၏ ပထမအကြိမ် ညီလာခံတွင် အဖွင့် မိန်ခွန်းကို ဒုတိယ ဥက္ကဌဖြစ်သူ သူရဦးရွှေမန်းက တက်ေ၇ာက် ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ယင်းပါတီသည် ဥက္ကဌနေရာ လစ်လပ်နေသော မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ပါတီ
တစ်ခုအဖြစ် ရပ်တည်နေသော ပါတီတစ်ခု ဖြစ်ပြီး ယခုညီလာခံတွင် လစ်လပ်နေသော ဥက္ကဌနေရာကို ရွှေးချယ် တင်မြောက် သွားနိုင်ဖွယ်ရှိပြီး ယင်းဥက္ကဌနေရာကို ယနေ့ အဖွင့် မိန်ခွန်း တက်ရောက်ပြောကြားခဲ့သော ပါတီဒုတိယဥက္ကဌ သူရဦးရွှေမန်း (ပြည်သူ့လွတ်တော်ဥက္ကဌ၊) ဖြစ်လာ နိုင်ဖွယ်ရှိသည်ဟု သိရသည်။

စွမ်းရဲထွဋ် - Popular Myanmar News Journal

No comments:

Post a Comment