Saturday, 13 October 2012

ထိုင်းကာကွယ်ရေး ဝန်ကြီးက အတိုက်အခံ ခေါင်းဆောင် အဘီဆစ်အား စစ်ဆေးရန် ကော်မတီ တစ်ခု ဖွဲ့စည်းခဲ့ခြင်း



ထိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး Sukumpol Suwanatatက အတိုက်အခံ ခေါင်းဆောင် အဘီဆစ်၏ စစ်ဘက် ဆိုင်ရာ အဆင့်ကို ဖယ်ရှားရန်နှင့် တပ်မှ ရယူ ထားခဲ့သော
လစာများကို ပြန်လည် တောင်းခံရန် အတွက် စုံစမ်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်း ခဲ့ပါသည်။ ကော်မတီ ဥက္ကဋ္ဌအဖြစ် ဒုတိယ ကာကွယ်ရေး အမြဲတမ်း အတွင်းဝန် ဗိုလ်ချုပ်ကြီး Prasobchai Kasemsantက ဆောင်ရွက်မည် ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ သတင်းများက ဆိုပါသည်။ အခြား ကော်မတီ အဖွဲ့ဝင် များတွင် ဒုတိယ ကာကွယ်ရေး အမြဲတမ်း အတွင်းဝန် ဗိုလ်ချုပ်ကြီး Nipat Thonglek နှင့် အတွင်းဝန်ရုံး ညွှန်ကြားရေး မှူးချုပ် ဗိုလ်ချုပ်ကြီး Charn Komolhiranတို့ ပါဝင်ပါသည်။

http://myawady.com.mm/index.php/all-news/79-international-news/4226-2012-10-12-08-10-36

  မြ၀တီ

No comments:

Post a Comment