မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဒဲရစ်မစ်ချယ်ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတုန်းက ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးဂမ္ဘီရ အခုတော့ လူဝတ်လဲလိုက်ပြီဖြစ်တဲ့ ဦးညီညီလွင် နဲ့ အဖွဲ့ကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ၊ ပြည်လမ်းမှာရှိတဲ့ အမေရိကန်သံအမတ်ကြီးရဲ့ နေအိမ်မှာ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းသင့်မသင့် ၊ လျှော့ချသင့်မသင့် အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဦးညီညီလွင်က RFA ကို ပြောပါတယ်။
"အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့မှုကို ဖယ်ရှားပေးသင့်ပြီလား၊ ဒါမှမဟုတ်ရင် လျှော့ချပေးသင့်သလားပေါ့၊ ဒီဟာအတွက် ပြည်တွင်းမှာ တက်ကြွလှုပ်ရှားသူ ၊ ဦးဆောင်သူတွေကို ခေါ်ပြီးတော့ တွေ့ပြီးတော့ သဘောထားတွေ ရယူတာပဲ ။ လုံးဝ ဖယ်ရှားဖို့ဆိုတာတော့ ကျုပ်တို့အနေနဲ့ မဖြစ်သင့်ဘူးပေါ့ ၊ လျှော့ချတာတော့ ကျုပ်တို့အနေနဲ့ ဘာမှမပြောလိုပါဘူးဆိုတာတွေ ပြောဖြစ်တယ်၊ နောက် မျက်မှောက်နိုင်ငံရေး အခင်းအကျင်းနဲ့ပတ်သတ်ပြီး တိုင်းရင်းသားနယ်မြေတွေမှာ ဖြစ်နေတဲ့ ပြဿနာတွေ ၊ နောက် ကချင်နဲ့ ရခိုင်ပေါ့ဗျာ ၊ ဘာသာရေး ပဋိပက္ခတွေ ၊ လူမျိုးရေး ပဋိပက္ခတွေ ၊ လူ့အခွင့်အရေးချိုးဖောက်ခံရ
ဒီကနေ့ တွေ့ဆုံရာမှာ ဦးညီညီလွင် နဲ့အတူ ဆရာတော် ဦးသောဘာသ၊ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူများ(Action Labor Rights) အဖွဲ့က ကိုသူရိန်အောင် ၊ ကိုညီညီဇော်၊ ကိုနော်အောင်တို့ ငါးဦးပါဝင်တယ်လို့ သိရပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
ဦး ညီညီလွင် ခေါ် ဦးဂန္ဘီရ (photo)
မူရင်းသတင်း-- RFA

No comments:
Post a Comment