ကနေဒါနိုင်ငံမှ သုတေသီများသည် အမွေးပါ ဒိုင်နိုဆောမျိုးတစ်မျိုး၏ ရုပ်ကြွင်းများကို ပထမဆုံးအကြိမ်အဖြစ် နိုင်ငံအတွင်းရှိ အယ်ဘာတာပြည်နယ် အတွင်း၌ တူးဖော်တွေ့ရှိခဲ့သည်ဟု အောက်
တိုဘာ ၂၅ ရက်က ထုတ်ပြန်သော သိပ္ပံဂျာနယ်တစ်စောင်အရ သိရသည်။
အဆိုပါရုပ်ကြွင်းများသည် သက်တမ်းအားဖြင့် နှစ်သန်းပေါင်း ၇၅ သန်းခန့်ရှိပြီး ရုပ်ကြွင်းများမှာ ငှက်ကုလားအုတ်အသွင်သဏ္ဌာန်ရှိသည့် အရွယ်ရောက်ပြီး ဒိုင်နိုဆောနှစ်ကောင်နှင့် ဒိုင်နိုဆောပေါက်တစ်ကောင်တို့၏ ရုပ်ကြွင်းများဖြစ်ကြောင်း သိရသည်။
အမွေးပါဒိုင်နိုဆောများကို ယခုအချိန်ထိ တရုတ်နိုင်ငံနှင့်ဂျာမနီနိုင်ငံတို့တွင် သာ အများဆုံးတွေ့ရှိခဲ့ကြပြီး အမေရိကတိုက်တွင် တွေ့ရှိခြင်းမှာ ပထမဆုံးအကြိမ်ဖြစ် ကြောင်း၊ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် တွေ့ရှိမှုတစ်ခုဖြစ်ကြောင်း ကာလ်ဂါရီ တက္ကသိုလ်မှ လက်ထောက် ပါမောက္ခဖြစ်သူ ဒါလာဇီလီနီစကီက ပြောကြားသည်။
မြ၀တီ သတင်း

No comments:
Post a Comment