Thursday, 11 October 2012

အခွန်ထမ်းပြည်သူများအပေါ် ခေါင်းပုံဖြတ်နေတဲ့ အကြောင်း

ဆိုင်ကယ်များကို တရားဝင်လိုင်စင်ပြုလုပ်ပေးရာ၌ က.ည.န၊ ပြည်တွင်းအခွန်၊ အကောက်ခွန်၊ မြန်မာ့စီပွားရေးဘဏ် တို့ အခွန်ထမ်းပြည်သူများအပေါ် ခေါင်းပုံဖြတ်နေ..။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့တွင် (၅-၆-၂၀၁၂)နေ့ မှ စတင်၍ ဆိုင်ကယ်များကို တရားဝင် လိုင်စင်ပြုလုပ်ပေးလျှက်ရှိရာ၌ က.ည.န၊ ပြည်တွင်းအခွန်၊ အကောက်ခွန်၊ မြန်မာ့စီပွားရေးဘဏ် တို့ မှ အခွန်ထမ်းပြည်သူများအပေါ် ခေါင်းပုံဖြတ်မှုများ ရှိနေကြောင်း သိရှိရသည်။ ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာလုပ်သား အများစု နေထိုင်ရာ ဒေသဖြစ်ခြင်း အပြင်၊ နှစ်စဉ်ရေလွမ်းမိုးမှုဒဏ်ကို ခံစားနေရသော တိုင်းဒေသကြီး ဖြစ်သောကြောင့် လယ်ယာလုပ်ငန်းကို နှစ်ကြိမ် နှစ်ခါ ပြန်လည်ပြုလုပ်နေရပါသည်။ ထို့ကြောင့် ဆိုင်ကယ်လိုင်စင်ဝင်ရာတွင် (၈) လပိုင်းမှသာ လာရောက်၍ လိုင်စင်ဝင်နိုင်ခဲ့သောကြောင့် ဆိုင်ကယ်စီးရေ နှင့် ကန့်သတ်ရက် မလုံလောက်မှုကို အခွင့်ကောင်းယူ၍ ဌာနဆိုင်ရာဝန်ထမ်းများက ပွဲစားများ နှင့် ပေါင်းကာ အမြန်ပြုလုပ်ပေမည် ဆိုကာ ဆိုင်ကယ်တစ်စီးကို ၁၅၀၀၀/ကျပ် တောင်းခံကာ စီနီယာကျော်ပြီး ပြုလုပ်ပေးမှုကြောင့်၊ ရိုးရိုးသာမန် လိုင်စင်ဝင်မည့်သူများ (ထို ပွဲစား၊ဌာနဆိုင်ရာ ၀န်ထမ်းနှင့်) မပြုလုပ်သူများမှာ (၆) ရက် မှ (၈) ရက် အထိ ဘုရားဆိုင်ခန်း၊ ဘုန်းကြီးကျောင်း၊ တည်းခိုခန်း အစရှိသည်တို့တွင် တည်းခိုပြီး စောင့်ဆိုင်းနေရမှုကို သည်းမခံနိုင်၍ (၂-၁၀-၂၀၁၂)နေ့ မှ စတင်ပြီး တောင်းဆိုမှုများ ပြုလုပ်လာကြရာ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှုး၊ အကောက်ခွန်မှ တာဝန်ခံ အရာရှိ ဒု-အကောက်အခွန်မှုး မောင်မောင်ဦး နှင့် အဖွဲ့ခေါင်းဆောင်ဖြစ်သော ပြည်တွင်းအခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ညှိနှိုင်းပြီး နံပါတ်စဉ်အလိုက် ပြုလုပ်ရန် ညှိနှိုင်းခဲ့ပါသည်။ သို့သော်လည်း ယခင်ရက်များကတည်းက က.ည.န ၀န်ထမ်းများ၊ အထူးသဖြင့် ဒုဦးစီးအင်ဂျင်နီယာ စက်မှုကျွမ်းကျင်ဌာနမှ ၀န်ထမ်း၊ လုပ်အားပေး ၀န်ထမ်းများ အဆင့်ဆင့် ပွဲစားများနှင့်ပေါင်း၍ လိမ်လည်မှုတို့ကြောင့် အစီးရေ (၁၂၀၀) ကျော် အမှုတွဲများထဲမှ (၈၀)လောက်ပျောက်ကာ ၁၀ ရက်အထိ ကြန့်ကြာခဲ့မှုအပေါ် စ သုံးလုံး မှ လာရောက်စစ်ဆေးရာ အဓိက မှားယွင်းမှုမှာ က.ည.န မှ ဖြစ်ကြောင်း ဦးစီးမှုး ဦးအောင်ဝင်း မှ ၀န်ခံပြောဆိုခဲ့ပါသည်။
• (၃-၁၀-၂၀၁၂) အစည်းအဝေးတွင် အကောက်အခွန် ဦးမောင်မောင်ဦး မှ ခရိုင်အုပ်ချုပ်ရေးမှုး ရှေ့တွင် သူ၏လက်မှတ် မပါဘဲ ဘဏ်ကို ငွေသွင်းခိုင်းမှုအပေါ် မှားယွင်းကြောင်း တင်ပြရာ က.ည.န ဦးစီးမှုး ဦးအောင်ဝင်း မှ ၀န်ခံပြီး ပြည်တွင်းအခွန်မှ အစီရင်ခံစာ ရေးတင်ပြရန် ပန်ကြားခဲ့ပါသည်။ ထိုသို့ ကြန့်ကြာမှုဖြစ်ရခြင်း အကြောင်းကို မှုခင်းသတင်းတပ်ဖွဲ့မှုး ဦးထွန်းသိန်း၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ မှ ဗိုလ်ကြီး၊ စသုံးလုံးမှ တာဝန်ရှိသူများအား တင်ပြပါသည်။
• ထိုသို့ဖြစ်ရခြင်းမှာ ကန့်သတ်ရက်အတွင်း လိုင်စင်ဝင်၍ မပြီးလျှင် အဖမ်းခံရမည်။ ပြီးအောင်လုပ်ပေးစေလိုလျှင် ဆိုင်ကယ်တစ်စီးကို ၁၅၀၀၀/ကျပ် ပေးရမည် ဟု က.ည.န ဒုဦးစီး မှ စ၍ ၀န်ထမ်းအဆင့်ဆင့် နှင့် လုပ်အားပေးအမည်ခံ ပွဲစားများ ဖြစ်သော မောင်ဝဏ္ဍ (ဘ-ဦးဥာဏ်ထွန်း တာကလေးရပ်ကွက်)၊ အေးမြနန္ဒာ(၄)လမ်းမှ ကိုအောင်ကြိုင်(ပိုင်ကဖီး) နှင့် ဒူးယားမှ နေလင်း လုပ်အားပေးများနှင့် အပြင်ပွဲစားများ ပေါင်းကာ မိမိပြုလုပ်ပေးရသော ဆိုင်ကယ်အမှုတွဲများကို ထင်သလိုပြုလုပ်ခြင်းကြောင့် အပေါ်အောက် ပြောင်းပြန်တွေဖြစ်ကာ အချိန်ကြန့်ကြာမှုများ ဖြစ်ခဲ့ရပါသည်။
ဆိုင်ကယ်တစ်စီး ခဲခြစ်ပြီးလျှင် နံပါတ်ပြားဘိုး ၇၀၀၀/ကျပ် ပေးရပါသည်။ သို့သော် နံပါတ်ပြားမှာ ချက်ခြင်းမရသောကြောင့် လောလောဆယ် ဓါတ်ပုံရိုက်ရန် အပြင်ဆိုင်မှ ၁၀၀၀/ကျပ် ပေး၍ ၀ယ်ရပါသည်။ ထိုနံပါတ်ပြားဆိုင် နှင့် က.ည.န ပေါင်းကာ ဆိုင်ကယ်အစီးရေ (၂၀၀၀၀) နှစ်သောင်း ကျော်အတွက် ကျပ်သိန်း နှစ်ဆယ်ကို မျှစားခဲ့ပါသည်။ ခဲခြစ်ပြီးလျှင် တစ်စီးကို ၇၀၀၀/ကျပ် ရသောကြောင့် တရားမ၀င် စာရွက်စာတမ်းများ နှင့် လမ်းမပေါ် အထိလိုက်၍ ခဲခြစ်ပေးခဲ့သည် အထိ က.ည.န မှ ၀န်ထမ်းများ၊ ပွဲစားများ သောင်းကျန်းခဲ့ကြပါသည်။
ထိုသို့ ကြန့်ကြာမှုများ ဖြစ်အောင်၊ အခွန်ထမ်းပြည်သူများ နစ်နာအောင် ပြုလုပ်သော က.ည.န၊ ပြည်တွင်းအခွန်မှ ၀န်ထမ်းများအား အရေးယူဖော်ထုတ်ပေးရန် တင်ပြအပ်ပါသည်။

မှတ်ချက်။ ။အမြန်ကြေး ၁၅၀၀၀/ကျပ်မှာ ၀န်ထမ်း နှင့် ပွဲစား တစ်ယောက်တစ်ဝက် ရပါသည်။

ဌာနပေါင်းစုံ မှ ၀န်ထမ်းများ အပြင် က.ည.န မှ လုပ်အားပေး နှင့် ပွဲစားတွဲလုပ်သော လူစာရင်း

(၁)-၀ဏ္ဍ (ဒု-ဦးစီး နှင့် တွဲလုပ်သည်)
(၂)-ကျော်ကျော် (အင်ဂျင်နီယာဌာန နှင့် တွဲလုပ်)
(၃)-အောင်ကြိုင်-ပိုင်ကဖီး (လူ့အခွင့်အရေး အကြောင်းပြ လိမ်ညာ)
(၄)-နေလင်း-ဒူဒယား (လူ့အခွင့်အရေါ် အကြောင်းပြ လိမ်ညာ)
(၅)-ထွန်းထွန်း-အပြင်ပွဲစား

မူရင်းသတင်း--Hinthata HumanRight

No comments:

Post a Comment