Sunday, 28 October 2012

မြန်မာ့အထည်ချုပ် လုပ်ငန်း ကန် ဒေါ်လာ သန်း ၅၀၀ ခန့် ရဟု ဆို



မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်းက နိုင်ငံခြားငွေ အများကြီးကို ရှာပေးနေတယ်လို့ ဆိုပါတယ်။ အထည်ချုပ်လုပ်ငန်းက ၀င်ငွေဟာ အမေရိကန် ဒေါ်လာ သန်း ၅၀၀ လောက်ရှိပါတယ်တဲ့။ 

ဒီအပြင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို နည်းပညာ၊ အတတ်ပညာနဲ့ စက်ပစ္စည်းတွေ ထောက်ပံ့ပေးနေတယ် လို့ မြန်မာသတင်းစာအဆိုအရ သိရပါတယ်။ 

ဆက်တိုက်ဆိုသလို အထည်ချုပ် အလုပ်သမားတွေရဲ့ လုပ်အားခ လစာ မကြေမနပ်မှုတွေကြောင့် ဆန္ဒပြမှုတွေလည်း မကြာခဏ ဖြစ်လေ့ရှိပါတယ်။ 


ဒီမတိုင်ခင် အထည်ချုပ်လုပ်ငန်းတွေဟာ အမေရိကန်က စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိခဲ့စဉ်က အတော်ကို အငြင်းပွား စရာ အခြေအနေတွေ ဖြစ်ခဲ့ရပါတယ်။ 

ဒါပေမယ့် မြန်မာ အထည်ချုပ်လုပ်ငန်းတွေက ထွက်ကုန်တွေကို အမေရိကန်ကို သွယ်ဝိုက်တဲ့ နည်းလမ်း 
တွေဖြစ်တဲ့ ဒုတိယ နိုင်ငံတွေက တဆင့် ပို့ခဲ့ကြတာလည်းဖြစ်ပါတယ်။ 

အခုနောက်ပိုင်းတော့ အထည်ချုပ်လုပ်ငန်းတွေက ဦးမော့လာမယ့် သဘောဖြစ်နေပါတယ်။

No comments:

Post a Comment