ရန်ကုန်မြို့တွင်းရှိ လမ်းမကြီး အချို့ပေါ်တွင် အခမဲ့ယာဉ်ရပ်နားနိုင်သည့် နေရာများ သတ်မှတ်ပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရှိရသည်။
အခမဲ့ယာဉ်ရပ်နားနိုင်သည့် နေရာများကို ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် (ရန်ကုန် ပြည်သူ့ဆေးရုံကြီးရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်(မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနရှေ့)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ် (၄၇ လမ်း၊ ၄၈ လမ်း အနီး)၊ ဗိုလ်တထောင်ဘုရားလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလ လမ်းကြား)၊ သိမ်ဖြူလမ်းမပေါ် (ဗိုလ်မင်းရောင်လမ်းနှင့် ဒေါ်သိန်း တင်လမ်းကြား)နှင့် အထက်ကြည့်မြင်တိုင် လမ်းမပေါ် (ဗားကရာလမ်း နှင့်ဟံသာဝတီလမ်းကြား) စသည်တို့တွင် လက်ရှိ သတ်မှတ်ပေးထားကြောင်း သိရသည်။
အဆိုပါနေရာများတွင် အခမဲ့ ကားရပ်နားနိုင်သည့် နေရာများ ပြုလုပ်ရာတွင် မူလကျယ်ပြန့်နေသော လူသွားစင်္ကြံပ လက်ဖောင်းများအား ချုံ့လိုက်ပြီး လမ်းအားချဲ့ထွင်ကာ ယာဉ်ရပ်နားသည့် နေရာပြုလုပ် ပေးခြင်းဖြစ်ကြောင်း၊ ယာဉ်အစီးရေ အများကြီးမရပ်နိုင်သော်လည်း အနည်းငယ်ရပ်နိုင်သည့် နေရာဖြစ်ကြောင်း သိရသည်။
အခမဲ့ ယာဉ်ရပ်နားနိုင်သည့် နေရာများ သတ်မှတ်ပေးပြီး ရန်ကုန်မြို့တော်တွင် လက်ရှိ နှစ်စဉ်ကြေးဖြင့် ငှားရမ်းထားသော ကိုယ်ပိုင်ယာဉ် ရပ်နားနိုင်သည့် နေရာများ (ကားပါကင်) အားလုံးကို ၂၀၁၂- ၂၀၁၃ ဘဏ္ဍာရေးနှစ်ကုန်တွင် ထပ်မံခွင့်မပြုတော့ဘဲ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့်အောက်တိုဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော ရန် ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင်း လက်ရှိယာဉ်ရပ်နားခများ ကောက်ခံနေသည့် ယာဉ်ရပ်နားဇုန်များ
၁။ ဗိုလ်ချုပ်အောင်ဆန်းလမ်း(လမ်းမတော်နှင့် ရွှေတိဂုံဘုရားလမ်းကြား)
၂။ ဗိုလ်ချုပ်အောင်ဆန်းလမ်း (ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့)
၃။ ဗိုလ်ချုပ်အောင်ဆန်းလမ်း (ဆူးလေဘုရားလမ်းနှင့် ပန်းဆိုးတန်းလမ်း ကြား)
၎။ အနော်ရထာလမ်း (ဗိုလ်မြတ်ထွန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းကြား)
၅။အနော်ရထာ လမ်း(သိမ်ဖြူလမ်းနှင့် ရွှေဘုံသာလမ်းကြား)
၆။ အနော်ရထာလမ်း(လဟာပြင်နှင့် ယာဉ်ရပ်နားကွင်း)
၇။ အနော်ရထာလမ်း(ရွှေတိဂုံဘုရားလမ်းနှင့် လမ်းမတော်လမ်းကြား)
၈။ မဟာဗန္ဓုလလမ်း (မြို့တော်ခန်းမရှေ့)
၉။ မဟာဗန္ဓုလလမ်း(ဧမာနွေလဘုရားကျောင်းရှေ့)
၁၀။ ကုန်သည်လမ်း(ဗိုလ်အောင် ကျော်လမ်းနှင့် ပန်းဆိုးတန်းလမ်းကြား)
၁၁။ ကုန်သည်လမ်း(ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလ လမ်းကြား)
၁၂။ ကုန်သည်လမ်း(ဆူးလေဘုရားလမ်းနှင့် ကုန်ဈေးတန်းလမ်းကြား)
၁၃။ကမ်းနားလမ်း (ရွှေဘုံသာလမ်းနှင့် ကုန်ဈေးတန်းလမ်းကြားအထိ)
၁၄။ ဗိုလ်အောင်ကျော်လမ်း(ဗိုလ်ချုပ်အောင် ဆန်းလမ်းနှင့် ကမ်းနားလမ်းကြားအထိ)
၁၅။ ဆူးလေဘုရားလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ကမ်းနားလမ်းကြားအထိ)
၁၆။ ပန်းဆိုးတန်းလမ်း (အနော်ရထာလမ်းနှင့်ကမ်းနားလမ်းကြားအထိ)
၁၇။ ရွှေဘုံသာလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ကမ်းနားလမ်းကြားအထိ)
၁၈။ ရွှေတိဂုံဘုရားလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ကမ်းနားလမ်းကြားအထိ)
၁၉။ လသာလမ်း (အနော်အရထာလမ်းမှ ကမ်းနားလမ်းကြားအထိ)
၂၀။ လမ်းမတော်လမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ကမ်းနားလမ်း ကြားအထိ)
၂၁။ ဘုန်းကြီးလမ်း (အနော်ရထာလမ်းမှ ကမ်းနားလမ်းကြားအထိ)
ယာဉ်ရပ်နားရန်ခက်ခဲသည့် ရန်ကုန်မြို့တွင်းရှိ လမ်းတစ်နေရာ
Eleven Media Group

No comments:
Post a Comment