Sunday, 28 October 2012

အာဆီယံပေါင်းစည်းမှုအနေဖြင့် မြန်မာ-ထိုင်းကျောင်းသား/ကျောင်းသူများ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲ မြ၀တီမြို့ ၌ကျင်းပပြုလုပ်




၂၀၁၂ ခုနှစ်အောက်တိုဘာလ(၂၆)ရက်နေ့တွင် အာဆီယံပေါင်းစည်းမှု အနေဖြင့်မြန်မာထိုင်း ကျောင်းသား/ကျောင်း သူများယဉ်ကျေးမှုနှီးနှော
ဖလှယ်ပွဲကိုမြန်မာထိုင်းနယ်စပ်မြို့ဖြစ်သောမြ၀တီမြို့အထက်တန်းကျောင်း အားကစား ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ထိုင်းနိုင်ငံမဲဆောက်မြို့မှ ပညာရေးအကြံပေးအရာရှိDr-PANYA နှင့်တကွပညာရေးဝန်ထမ်းများ မဲဆောက်မြို့မှကျောင်းသား/ကျောင်းသူများဖိတ်ကြားထားသောဧည့်သည်စုစုပေါင်း(၃၀၀)ဦး ခန့်တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို နံနက်(၉း၃၀)အချိန်တွင် မြ၀တီမြို့မှ ကျောင်းသား/ကျောင်းသူများက Myanmar Students တေးသီချင်းအားသီဆို၍ ဖွင့်လှစ်ခဲ့ပြီး မြန်မာထိုင်းနှစ်နိုင်ငံမှကျောင်းသား/ ကျောင်းသူများက တက်ရောက်လာသော ဧည့်သည်တော်များအားThe Aseanway တေးသီချင်းအား
သီဆိုဂါရ၀ပြု နှုတ်ဆတ်ပြီး အခမ်းအနားအစီအစဉ်အရ မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်တင်မှ အဖွင့်အမှာစကားပြော
ကြားပြီးထိုင်းနိုင်ငံ မဲဆောက်မြို့မှ ပညာပေးအကြံပေး အရာရှိDr PANYA ကလည်း ကျေးဇူးတင်စကားပြောကြားကာနိုင်ငံအကြီးအကဲများအမှတ်တရလက်ဆောင်လဲလှယ်ခြင်း ၊ မှတ်တမ်းတင်ဓါတ်ပုံရိုက်ခြင်း ၊ မြန်မာ-ထိုင်း ကျောင်းသားကျောင်းသူများ အမှတ်တရပစ္စည်း လဲလှယ်၍ ဇာတိမာန်တေးသီချင်းကို မြန်မာကျောင်းသား/ကျောင်းသူများက သီဆိုနှုတ်ဆက်ပြီး အခမ်းအနားအား နံနက် (၁၁း၃၀)အချိန်ခန့် တွင်ပြီးဆုံးသွားကြောင်း သတင်းရရှိသည်။

မောင်မောင်တင်(မြ၀တီ)
The Hot News

No comments:

Post a Comment