Thursday 18 October 2012

မြန်မာ့လေကြောင်းမှ ပုဂ္ဂလိက လေယာဉ်လက်မှတ် အရောင်းဌာနများနှင့် ဈေးကွက်ရှာမည်



ရန်ကုန် ၊ ၁၈-၁၀-၂၀၁၂

မြန်မာ့ လေကြောင်းလိုင်းကို ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည် သွားနိုင်ရန် ပုဂ္ဂလိက လေယာဉ် လက်မှတ် အရောင်းဌာန များနှင့် ပူးပေါင်း၍ ဈေးကွက် ရှာဖွေသွားမည်ဟု မြန်မာ့ လေကြောင်းလိုင်းမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြောင်း သိရသည်။

မြန်မာ့လေကြောင်းလိုင်း၏ လေယာဉ် လက်မှတ်များကိုလည်း ယခင်နှင့်မတူ အလွယ်တက ၀ယ်ယူ စီးနင်းနိုင်ရန် နယ်မြို့များတွင် ရှိသော အရောင်းဌာနများကို ညဘက်အထိပါ ဖွင့်လှစ်ပြီး ရောင်းချပေး နေကြောင်း ၊ အွန်လိုင်းမှလည်း အလွယ်တကူ ၀ယ်ယူနိုင်ရန် စီစဉ်ထားကြောင်း ၊ ၀န်ဆောင်မှု ကိုလည်း မြှင့်တင် သွားမည် ဖြစ်ကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

ထို့ပြင် မြန်မာ့ လေကြောင်းလိုင်းက လက်ရှိ ပြေးဆွဲနေသော လေယာဉ် အဟောင်းများ နေရာ တွင် ခေတ်မီ လေယာဉ် များနှင့် အစားထိုး လဲလှယ် ပြေးဆွဲသွားရန် ရှိကြောင်းလည်း သိရှိရသည်။

By Ko Myo
REF: မြန်မာ့သတင်းများစုစည်းရာ

No comments:

Post a Comment