ဆက်လက်ပြီး ရှင်သန်နိုင်သမျှ ရှင်သန်နိုင်အောင် တိုက်ပွဲတစ်ပွဲလို ဆင်နွှဲရတော့မှာပါလို့ ဆိုလာတဲ့ သတင်းစာဆရာကြီး မောင်ဝံသ။
မိတ်ဆွေများခင်ဗျာ -
ကျွန်တော် ကျန်းမာရေးဆေးစစ်ဖို့ စင်ကာပူကို စက်တင်ဘာ ၃၀ ရက်က ရောက်ပါတယ်။ အောက်တိုဘာ ၁နဲ့ ၂ နှစ်ရက် ဆေးစစ်မှုတွေ ပြုလုပ်ပါတယ်။
အောက်တိုဘာ ၃ မှာ အဖြေတွေ ရပါတယ်။ Mt Elizabeth ဆေးရုံက အဆုတ်ပါရဂူ ဆရာဝန်ကြီး Dr Philip Eng က အဆုတ် ကင်ဆာလို့ ဆုံးဖြတ်ပါတယ်။
သူ့ဆီကနေ Oncologist Dr Benjamin ထံ လွှဲပေးလိုက်လို့ ဆွေးနွေးပြီး အောက်တိုဘာ ၄ မှာ ကီမိုဆေးသွင်းကုသမှုပြုလုပ်ပါမယ်။
အောက်တိုဘာ ၁၁ မှာ နောက်တစ်ကြိမ် ဆေးထပ်သွင်းကုသခံပြီး
အောက်တိုဘာလလယ်ထဲမှာ ရန်ကုန်ပြန်ပါမယ်။ ရန်ကုန်မှာ ကီမို ဆေးသွင်းကုသမှု
ဆက်လုပ်ပြီး ရက်ချိန်းစေ့ရင် စင်ကာပူ ပြန်ပြရပါမယ်။
အကြမ်းဖျင်းတော့ ဒီလောက်ပဲ အစီရင်ခံနိုင်ပါသေးတယ်။ ကင်ဆာရောဂါဆိုတာကတော့ မထင်ဘဲ အလစ်ဝင်တိုက်တာကို ခံရတာမျိုးပါပဲ။
ဆက်လက်ပြီး ရှင်သန်နိုင်သမျှ ရှင်သန်နိုင်အောင် တိုက်ပွဲတစ်ပွဲလို ဆင်နွှဲရတော့မှာပါ။
ကျွန်တော့်အနေနဲ့ အောက်တိုဘာလလယ်ကနေ နိုဝင်ဘာ ၁၁ အထိ ခရီးထွက်ဖို့ ရှိတာကြောင့် ရန်ကုန်မှာ မိမိသဘောနဲ့ မိမိ အထွေထွေစစ်ဆေးမှု လုပ်ရာက ခုလို စတွေ့ခဲ့တာပါ။
တစ်နည်းပြောရရင် ကံကောင်းတယ် ဆိုရမှာပါ။ ခရီးထွက်နေတုန်း တစ်ခုခု ဖြစ်ရင် ပိုဆိုးမယ်ထင်ပါတယ်။
ကျွန်တော် ကျန်းမာရေးဆေးစစ်ခံနေတဲ့ အကြောင်းကိုတော့ မိတ်ဆွေအချို့ရဲ့ facebook တွေမှာ တွေ့မိကောင်းတွေ့မိပါလိမ့်မ ယ်။ ကျွန်တော် ချစ်ခင်လေးစားရပါသော မိတ်ဆွေများအားလုံးကို ကျွန်တော့်အနေနဲ့ ဒီစာနဲ့ အစီရင်ခံလိုက်ခြင်းဖြစ်ပါတယ်။ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
maungwuntha@gmail.com
3 October 2012
မောင်ဝံသ။
မိတ်ဆွေများခင်ဗျာ -
ကျွန်တော် ကျန်းမာရေးဆေးစစ်ဖို့ စင်ကာပူကို စက်တင်ဘာ ၃၀ ရက်က ရောက်ပါတယ်။ အောက်တိုဘာ ၁နဲ့ ၂ နှစ်ရက် ဆေးစစ်မှုတွေ ပြုလုပ်ပါတယ်။
အောက်တိုဘာ ၃ မှာ အဖြေတွေ ရပါတယ်။ Mt Elizabeth ဆေးရုံက အဆုတ်ပါရဂူ ဆရာဝန်ကြီး Dr Philip Eng က အဆုတ် ကင်ဆာလို့ ဆုံးဖြတ်ပါတယ်။
သူ့ဆီကနေ Oncologist Dr Benjamin ထံ လွှဲပေးလိုက်လို့ ဆွေးနွေးပြီး အောက်တိုဘာ ၄ မှာ ကီမိုဆေးသွင်းကုသမှုပြုလုပ်ပ
အကြမ်းဖျင်းတော့ ဒီလောက်ပဲ အစီရင်ခံနိုင်ပါသေးတယ်။ ကင်ဆာရောဂါဆိုတာကတော့ မထင်ဘဲ အလစ်ဝင်တိုက်တာကို ခံရတာမျိုးပါပဲ။
ဆက်လက်ပြီး ရှင်သန်နိုင်သမျှ ရှင်သန်နိုင်အောင် တိုက်ပွဲတစ်ပွဲလို ဆင်နွှဲရတော့မှာပါ။
ကျွန်တော့်အနေနဲ့ အောက်တိုဘာလလယ်ကနေ နိုဝင်ဘာ ၁၁ အထိ ခရီးထွက်ဖို့ ရှိတာကြောင့် ရန်ကုန်မှာ မိမိသဘောနဲ့ မိမိ အထွေထွေစစ်ဆေးမှု လုပ်ရာက ခုလို စတွေ့ခဲ့တာပါ။
တစ်နည်းပြောရရင် ကံကောင်းတယ် ဆိုရမှာပါ။ ခရီးထွက်နေတုန်း တစ်ခုခု ဖြစ်ရင် ပိုဆိုးမယ်ထင်ပါတယ်။
ကျွန်တော် ကျန်းမာရေးဆေးစစ်ခံနေတဲ့ အကြောင်းကိုတော့ မိတ်ဆွေအချို့ရဲ့ facebook တွေမှာ တွေ့မိကောင်းတွေ့မိပါလိမ့်မ
maungwuntha@gmail.com
3 October 2012
မောင်ဝံသ။

No comments:
Post a Comment