Friday, 19 October 2012

နိုင်ငံရေးနဲ့ အမျိုးသားရေး ဘယ်ဟာပိုအရေးကြီးလဲ မေးလာကြတယ်

. အမှန်တကယ်ကတော့ ဖြစ်သင့်တာ အမျိုးသားရေးကို အခြေခံတဲ့ နိုင်ငံရေးပဲ၊ တစ်ခြားမကြည့်နဲ့ အမေရိကန်ကိုကြည့် ရီပတ်ဘလီကန်၊ ဒီမိုကရက် ခဏခဏ ထသတ်နေကြပေမယ့် နိုင်ငံအရေးနဲ့ ပါတ်သက်ရင် တစ်လေတည်းထွက်ကြတယ်.... ကျွန်တော်တို့ နိုင်ငံအနေနဲ့ အမျိုးသားရေးကို ပစ်ပယ်ထားတာ များနေလို့သာ အမျိုးသားရေးကို တိုက်တွန်းနှိုးဆော်နေတာ.....

ဘာဖြစ်လို့လည်းဆိုတော့

ကိုယ်အာဏာရ
ဖို့ကိုပဲ ကြည့်ခဲ့တဲ့ နိုင်ငံရေးသမားတွေများခဲ့လို့ မြန်မာ့သမိုင်းမှာ ပြဿနာတွေ တက်ခဲ့တာ ဦးနု လက်ထက်မှသည် ဦးသန်းရွှေ လက်လွှဲခဲ့သည်အထိ ရှိခဲ့တာ ငြင်းလို့ မရဘူး.... ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလို့ ပြဌာန်းခဲ့တာ အမျိုးသားရေးကို ရှေ့တန်းတင်သလိုနဲ့ နိုင်ငံရေးကိုကြည့်ပီး ခုတုံးလုပ်သွားတာပဲ..... အဲ့ဒိအတွက်ကြောင့်လေ ဒီနေ့ မြန်မာပြည်မြောက်ပိုင်းမှာ တိုက်နေတဲ့ KIA ပြဿနာ အစပျိုးခဲ့တယ်ဆိုတာ ငြင်းလို့ မရဘူး.....

တကယ်တန်းက အမျိုးသားရေးဆိုတာ နိုင်ငံသားတိုင်းအတွက် မရှိမဖြစ် စိတ်ဓါတ်ပေမယ့် အဲ့ဒိစိတ်ဓါတ်တွေကို နိုင်ငံရေးသမားတွေ တလွဲခုတုံးလုပ်သွားကြလွန်းလို့ မြန်မာတွေ အမျိုးသားရေး စိတ်ဓါတ် ပြင်းထန်လာမှာကို လူတော်တော်များများ စိုးရိမ်ကြတယ်.... အမှန်တကယ်က အမျိုးသားရေး စိတ်ဓါတ်ကို နိုင်ငံတိုးတက်ဖို့ ကြိုးစားရာမှာ အသုံးချဖို့က နိုင်ငံရဲ့ ဦးစီးဦးဆောင်ပုဂ္ဂိုလ်တွေရဲ့ စွမ်းဆောင်နိုင်မှုပဲ......

သေခြာတာတော့ အင်္ဂလိပ်ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ ကြိုးစားခဲ့တုန်းက မြန်မာပြည်သည် ဒို့ပြည်၊ မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား၊ ဒို့ပြည်ကို ချစ်ပါ၊ ဒို့စာကို မြတ်နိုးပါ ဒို့စကားကို လေးစားပါ ဆိုတာ မြန်မာတွေ သူ့ကျွန်ဘ၀မှာ အနှိမ်ခံခဲ့ရလို့ အမျိုးသားရေးစိတ်ဓါတ် မြှင့်တင်ခဲ့တာပဲ.... ဒါ့ကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းလို မျိုးချစ်သူရဲကောင်းတွေ ပေါ်ထွက်ခဲ့တာပဲ.....

အခုလက်ထိ ဖေ့ဘွတ်မှာ နိုင်ငံရေး ထောင်းလမောင်းချေအောင် ရေးနေ ပြောနေကြပေမယ့် အမျိုးသားရေးကို လက်ရှောင်နေကြတာကြီးပဲ..... ဘီဘီစီမှာ အန်နာဂျုံး ဓါတ်ပုံတင်လိုက်တာမှာ ကျွန်တော်နဲ့ ကို Let's Work က အစပြုလို့ မျိုးချစ်ရခိုင်တွေကနေတဆင့် ကန့်ကွက်လိုက်လို့ ဒီနေ့ ဒီအချိန်ထိ မျက်စိပွင့်ကုန်ကြတာ အထူးအထွေ ပြောစရာမရှိဘူး.....

ဟိုးအရင်ကတည်းက ၀ိုင်းပီး ကန့်ကွက်နေပေမယ့် ကျွန်တော်တို့ လုပ်သင့်တာကို တစိုက်မတ်မတ် လုပ်ခဲ့လို့ ဒီနေ့ ရခိုင်မှာ မတရားဖြစ်တာ မြန်မာပြည်သူ ပြည်သားတွေ အကုန်သိခွင့်ရတယ်... နောက်မို့ဆိုရင် ဘာဖြစ်မှန်းမသိပဲ အနောက်တံခါး ကျိုးသွားတယ် ဆိုတာပဲ လူသိကြမှာပဲ..... အဓိကတော့ ဘယ်ဟာမဆို တန်ဆေး လွန်ဘေးပဲ.... အဲ့ဒါကို အမျိုးသားရေးက အရေးမကြီးဘူးဆိုရင် ကမ္ဘာမှာ ကြိုက်တဲ့နိုင်ငံကို ကြည့်လိုက်ပါ သူ့နိုင်ငံ သူ့လူမျိုးကို ရှေ့တန်းမတင်တဲ့နိုင်ငံ ရှိရင် လက်ညှိုးထိုးလိုက်ပါ......

ဝေးဝေးတော့ ပြေးမကြည့်နဲ့ဗျာ ကမ္ဘာမှာ တစ်နိုင်ငံတည်း ရှိတယ်၊ အဲ့ဒါ မြန်မာနိုင်ငံပဲ အဲ့ဒါကြောင့်လည်း အမျိုးသားရေး ရှေ့တန်းတင်နေတယ် မှတ်ပါ.....
Jam  Mist

No comments:

Post a Comment