ရှမ်းပြည်နယ် တောင်ကြီးမြို့စဝ်စံ ထွန်းရပ်ကွက် စဝ်စံထွန်းဆေးရုံဝင်းအတွင်း
ဖြစ်စဉ်မှာ တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံဝင်း ဂန္ဓမာလိုင်းခန်း အမှတ်(၃)နေ ကျော်သီဟ ၃၉ နှစ်၏ နေအိမ်တွင် တူဖြစ်သူ သက်နိုင်ထွန်း ၂ဝ နှစ် (ဘ) ဦးမောင်ထွန်း စိန်ပန်းရပ်ကွက်နေသူမှ
''နတ်စောင်း''
အမည်ရှိ မီးပုံးပျံ၌တပ်ဆင် ရန်အတွက် မီးရှူးမီးပန်းများကို ကျော်
သီဟ၏နေအိမ် ခုတင်အောက်တွင် စက္ကူ ဂျပ်ဖာများဖြင့် သိမ်းဆည်းထားရာမှ မီးစ
တင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ ရာ
ခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်သူနှင့် မီး သတ်တပ်ဖွဲ့ဝင်များ၊
နယ်မြေခံတပ်မ တော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊
ကြက်ခြေနီအဖွဲ့များနှင့် ရပ်ကွက် နေ ပြည်သူများမှ ဝိုင်းဝန်းငြှိမ်း သတ်ခဲ့
သဖြင့် နံနက် ၁ဝ နာရီတွင် မီးငြိမ်း သွားခဲ့ပြီး မီးလောင်မှုကြောင့် နေအိမ်
ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၂ဝဝဝဝ နှင့် ပစ္စည်းဆုံးရှုံးမှုတန်ဖိုး ငွေကျပ်
၁ဝဝဝဝ ခန့် ဆုံးရှုံးခဲ့သည်။
ထို့ကြောင့် အလွယ်တကူ လောင် ကျွမ်းစေတတ်သော မီးရှူးမီးပန်းများကို ပေါ့ဆစွာသိမ်းဆည်းထားရှိသူ သက်နိုင် ထွန်းအား တောင်ကြီးအမှတ် (၂)ရဲစခန်း မှ (ပ)၂၃၇/၂ဝ၁၂ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်း ရရှိသည်။
မြ၀တီ သတင်း

No comments:
Post a Comment