အမေရိကန်ပူးတွဲ စစ်ဦးစီးချုပ်ဗိုလ်ချုပ် မာတင်ဒမ်ဆေးသည် အစ္စရေး- အမေရိကန် ပူးပေါင်း လေကြောင်းဆိုင်ရာ စစ်ရေး လေ့ကျင့်မှုကို ကြီးကြပ်ရန် အောက်တိုဘာ ၂၈
ရက်က အစ္စရေး နိုင်ငံသို့ ရောက်ရှိ လာခဲ့ကြောင်း သိရသည်။
ဒမ်ဆေးသည် အစ္စရေး ကာကွယ်ရေး ဝန်ကြီး အီဟွတ် ဘာရတ်နှင့် အတူ နှစ်နိုင်င စစ်ရေး လေ့ကျင့်မှု များနှင့် ဒေသတွင်း ဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး ခဲ့ကြကြောင်း ဂျေရုဆလင်ပို့စ် သတင်းစာကြီး က ဖော်ပြ ခဲ့သည်။
ဒမ်ဆေးနှင့် အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့မှ ပူးတွဲ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဘန်နီဂန်တာ တို့သည် အောက်တိုဘာ ၂၉ ရက်တွင် ဒုံးကျည် ပစ်ခတ် လေ့ကျင့်ရာ နေရာများသို့လှည့်လည် ကြည့်ရှု စစ်ဆေး ခဲ့သည်။Austere Challenge 2012 အမည်ရှိ အဆိုပါ လေ့ကျင့် မှုအားအောက်တိုဘာ ၂၁ ရက်ကစတင်ခဲ့ခြင်း ဖြစ်ပြီးစစ်ရေး လေ့ကျင့် မှုတွင်အမေရိကန်- အစ္စရေးနှင့် ဥရောပမှ တပ်ဖွဲ့ဝင် ၃၅ဝဝ ကျော် ပါဝင် ခဲ့ကြောင်း သိရသည်။
http://myawady.net.mm/all-news/international-news/2012-11-01-03-09-18

သတင်း မြ၀တီ

No comments:
Post a Comment