ခရစ်တော်၌
အိပ်ပျော်သွားသော ကေအင်န်ယူ ဗဟိုတရားရေးဌာန တာဝန်ခံ ဖဒိုစောဒေးဗစ်ထော၏
ဈာပနာအား ကေအင်န်ယူဌာနချုပ် သေလေထတွင် ပြုလုပ်ရန် စီစဉ်နေကြောင်း
သတင်းရရှိသည်။
အသက် ၆၅ နှစ်ရှိ ဖဒိုစောဒေးဗစ်ထောသည် အောက်တိုဘာ ၁၄
ရက် ည ၁၀ နာရီခွဲခန့်က ရန်ကုန်မြို့ မင်္ဂလာဒုံစစ်ဆေးရုံတွင်
အဆုတ်ရောဂါဖြင့် ခရစ်တော်၌ အိပ်ပျော်သွားခြင်းဖြစ်သည်။
"အခုပဲ
အလောင်းကို ရန်ကုန်ကနေ ဘားအံကို သယ်နေပြီ။ နောက်မြ၀တီကနေတစ်ဆင့်
ကေအင်န်ယူဌာနချုပ်ရှိတဲ့ သေလေထကိုသယ်ပြီး အဲဒီမှာ
ဈာပနအခမ်းအနားကျင်းပမယ်"ဟု ကေအင်န်ယူဗိုလ်မှူးကြီး စောဖောဒိုကပြောသည်။
...
ဈာပနကျင်းပမည့်ရက် အတိအကျကိုမူ မဆုံးဖြတ်ရသေးကြောင်း ၄င်းက အောက်တိုဘာ ၁၅ ရက် နံနက် ၁၁ နာရီတွင် ပြောသည်။
ဖဒိုစောဒေးဗစ်ထောသည် ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ)တွင်
ဗဟိုတရားရေးဌာန တာဝန်ခံဖြစ်ပြီး ၁၉၄၈ ခုနှစ် မတ် ၁၀ ရက်တွင်
မွေးဖွားခဲ့သောကြောင့် အသက် ၆၅ နှစ် အရွယ်ရှိပြီဖြစ်သည်။
မူရင်းသတင်း--7Day News Journal
No comments:
Post a Comment