Sunday, 28 October 2012

သမ္မတကြီး ဦးသိန်းစိန်ထံသို့  အိတ်ဖွင့်ပေးစာ(ဘင်္ဂလီများအား တတိယနိုင်ငံသို့  အမြန်ဆုံး ပို့ ဆောင်ပေးရန်)


ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတကြီးဦးသိန်းစိန်-ခင်ဗျားလေးစားစွာဖြင့်ကျွန်တော် စာရေးအကြောင်းကြား
အပ်ပါတယ် ။ နိုင်ငံတာဝန်ကိုကျန်းကျန်းမာမာနဲ့  စီမံခန့် ခွဲနိုင်ပါစေလို့  ဆုမွန်ကောင်းတောင်းပေးပါတယ် ။
ကျွန်တော့်အနေနဲ့  အမှတ်စဉ်နဲ့  စာရေးပြီး တင်ပြပါရစေ ။

( ၁ )   သမ္မတနဲ့  ကုလသမ္မဂ  ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မစ္စတာအန်တိုနီယို
ဂူးလားရာစ် နဲ့  တွေ့ ဆုံစဉ်က မြန်မာနိုင်ငံမှာတိုင်းရင်းသားလူမျိုး( ၁၃၅ ) မျိုးသာ ရှိပြီး ယခုအငြင်းပွါးနေသောဘင်္ဂလီလူမျိုးများမှာတိုင်းရင်းသားလူမျိုးမဟုတ်ကြောင်းနဲ့ 
အကယ်၍သူတို့အားတတိယနိုင်ငံများမှ ခေါ်ယူမည်ဆိုလျှင်စီစဉ်ဆောင်ရွက်ပေး
မည်ဖြစ်ကြောင်း ပြောဆိုခဲ့ ပါသည် ။
 
၎င်းကဲ့သို့ ပြောဆိုခဲ့ သည်ကို ရခိုင်နိုင်ငံရေးသမား တယောက်အနေဖြင့် ကျွန်တော့်အနေနဲ
့ အထူးထောက်ခံသလို ရခိုင်လူမျိုးများကိုယ်စားနှင့် မြန်မာနိုင်ငံသူနိုင်ငံသားများကိုယ်စား
 ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ရှေးဦးစွာပြောကြားလိုပါသည် ။
 
(၂)ဤကဲ့သို့ တင်ပြခဲ့ ခြင်းသည်သမ္မတ၏ကြီးမားသောစိတ်စေတနာဖြင့်လူသားချင်းဆိုင်ရာ
 ထောက်ထားစာနာမှုကို အရင်းခံကာပြည်ထောင်စုမြန်မာနိုင်ငံအတွင်း၌ လူမျိုးရေးပဋိပက္ခများ ၊
ဘာသာရေးပဋိပက္ခအစွန်းရောက်မှုများ မဖြစ်ပွါးရအောင် တင်ပြခဲ့ခြင်းဖြစ်သည်ဟု ကျွန်တောာ့်
အနေဖြင့် ယုံကြည်ရင်းစွဲ ရှိနေပါသည် ။

တချိန်တည်းမှာပင် သမ္မတ၏ အစိုးရအဖွဲ့ ဝင်များ ၊ တပ်မတော်ကာကွယ်ရေးနှင့်
လုံခြုံရေးကော်မီတီများ ၊ တပ်မတော် စစ်တိုင်းမှူးများ ၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
 ဖွံ့ဖြိုးရေးပါတီဝင်များ ၊
 
 ပြည်သူလွှတ်တော်ကိုယ်စားလှယ်များ နှင့် အခြားတိုင်းရင်းသားနိုင်ငံရေးပါတီများကလည်း 
သမ္မတ၏ ယခုလို ပြောဆိုတင်ပြလိုက်ချက်အပေါ်ထောက်ခံယုံကြည်ချက် ပေးကြမည်ဟု
 သံသယကင်းစွာ အသိအမှတ်ပြုပါသည် ။
 
( ၃ ) သမ္မတကြီး အနေနဲ့  လွန်ခဲ့ သော နေ့ ကလည်းမြန်မာနိုင်ငံသတင်းစာဆရာများ ၊မီဒီယာများနှင့် တွေ့ ဆုံစဉ်ကလည်း-၁၉၈၂-ခုနှစ် လူဝင်မှုကြီးကြပ်ရေးဥပဒေကို ကိုင်စွဲ
ထားမည်ဆိုခြင်းနှင့်သန်ကောင်စာရင်းကောက်ယူမည့် အစီအစဉ်များကို ပြောဆိုသွားသည်
ကိုလည်း တွေ့ရှိရပါသည် ။ 
 
ထို့ ကြောင့် သမ္မတကြီး၏ ကမ္မာ့ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး အန်တိုနီယို ဂူးလားရစ်ကို၎င်း ၊ ယခုကဲ့သို့  မြန်မာနိုင်ငံမီဒီယာများကို၎င်း ထုတ်ဖေါ် ရှင်းလင်းချက်များကို 
အခြေခံကာ သမ္မတ၏လုပ်ထုံးလုပ်နည်းများကို ကူညီပေးခြင်း တစိတ်တဒေသအနေဖြင့် 
ယခုလိုအကြံပြုစာ ပေးအပ်လိုက်ရခြင်းဖြစ်ပါသည် ။

( ၄ ) ၂၀၁၄-ခုနှစ် သန်ကောင်စာရင်းကောက်ယူခြင်းသည် မြန်မာနိုင်ငံအတွင်းလူဦးရေမည်မျှ ရှိနေသည်ကို တွက်ချက်စစ်တမ်း ကောက်ယူခြင်းသာဖြစ်ပြီးတရားမ၀င် လာရောက်နေသော 
လူမျိုးများနှင့် မပါတ်သက်ကြောင်း သိရှိကြပါသည် ။
 
သို့ သော်ငြားလည်း၎င်းကဲ့ သို့ လူဦးရေစာရင်းများကောက်ယူနေချိန်မှာပင်ခိုးဝင်လာသော
လူမျိုးများကိုပါ တွေ့ရှိလာတတ်သည်ဖြစ်ရာကြိုတင်ပြင်ဆင်မှုများကိုစီမံခန့် ခွဲဆောင်ရွက်
ထားရန်လိုအပ်နေပါသည် ။  ထို့ ကြောင့် အဆင့်ဆင့်စီမံဆောင်ရွက်မည့်နည်းလမ်းများကို 
ယခုကပင် စတင် ပြင်ဆင်ထားပေးရန်လိုအပ်နေပါပြီ ။

( ၅ ) ကမ္ဘာတလွှားတွင် ဒုက္ခသည်များကို လက်ခံသောနိုင်ငံအဖြစ်တတိယနိုင်ငံများသို့  ကူညီထောက်ပံ့ပေးနေသော အဖွဲ့ အစည်းကြီးရှိနေပါသည် ။-IOM- International Organized  Migration ) ခေါ်သော နိုင်ငံတကာအဖွဲ့အစည်းကြီး ရှိနေရာ ၄င်းအဖွဲ့ အစည်းနှင့် ဆက်
သွယ်ဆွေးနွေးရန်လိုအပ်နေပါသည် ။
 
 IOM -၏ လက်အောက်ခံများဖြစ်သော ရဖျူဂျီအဖွဲ့ ငယ်များမှာအလှူရှင်ဖြစ်သော အမေရိကပြည်ထောင်စု၏ ထောက်ပံ့အလှူငွေများဖြင့်ရပ်တည်နေရရာ တတိယနိုင်ငံများ
သို့  ဒုက္ခသည်များအား ပို့ ဆောင်ပေးရေးအတွက်၎င်းအဖွဲ့ အစည်းများမှာ အဆင်သင့်
ရှိနေပြီးဖြစ်ပါသည် ။
 
( ၆ ) မိခင်နိုင်ငံများမှ ထွက်ပြေးတိမ်းရှောင်လာသော သူများကိုကြားခံဒုတိယနိုင်ငံများသို့ 
ရောက်ရှိချိန်တွင် လူသားချင်းစာနာ ထောက်ထားမှုအရ သက်ဆိုင်ရာအစိုးရများမှ
ကမ္ဘာ့ကုလသမ္မဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးး UNHCR- နှင့်အဆက်အသွယ်
 မရရှိမှီ တင်ကြိုနေရာချထားပေးခြင်းများ ၊ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ၊ 
အစာရေစာထောက်ပံ့ကျွေးမွေးပေးခြင်းများကို ပြုလုပ်ခန့် ခွဲ ပေးထားကြပါသည် ။

ကမ္ဘာ့ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR- မှ နောက်ပိုင်းတွင်ဆက်သွယ်မှု ရရှိ
သွားပြီးနောက် ဒုတိယနိုင်ငံ၏ ၀န်ထုပ်ဝန်ပိုးကို တာဝန်ခံလွှဲပြောင်းရယူပြီးနောက် မိခင်နိုင်ငံ
များသို့  မပြန်နိုင်သော သူများအားတတိယနိုင်ငံများသို့  လူသားချင်းစာနာထောက်ထား
မှုဖြင့်ပြန်လည်နေရာချထားရေးအစီအစဉ်အရ ပို့ ဆောင်ပေးကြရပါသည် ။
 
( ၇ )  မြန်မာနိုင်ငံတွင်-၂၀၁၄-ခုနှစ်သန်ကောင်စာရင်းကောက်ယူပြီးစီးသည်နှင့်
နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသော သူများအား မလွှဲမသွေ စီစစ်တွေ့ရှိလာမည်ဖြစ်ရာ ၄င်း
လူမျိုးများအား သူတို့ ၏ မိခင်နိုင်ငံရင်းသို့ ပြန်လည်ပို့ ဆောင်ပေးရန် ဆောင်ရွက်
စရာသာရှိပါသည် ။

မြန်မာနိုင်ငံအရှေ့မြောက်ဖက်တရုပ်နိုင်ငံဖက်မှခိုးဝင်လာနေသောတရုက်လူမျိုးများကို
 ပြန်လည်ပို့ ဆောင်မည်ဆိုလျှင် သူတို့ ၏မိခင်တရုပ်နိုင်ငံမှ လက်ခံမည်ဖြစ်ပါသည် ။ 
 
သို့ သော် နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသော လူမျိုးထဲမှ  ရခိုင်ပြည်နယ် အနောက်ဖက်ရှိ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရခိုင်ပြည်နယ်ရောက် ၏နိုင်ငံသားမဟုတ်ကြောင်း ငြင်းဆို
ထားရာ ဤပြသနာကို ယခုကပင် တိကျစွာဆောင်ရွက်ရှင်းလင်းရန်လိုပါသည် ။

( ၈ )  နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသော သူများကို မိမိနိုင်ငံ၏ ဥပဒေအရထိမ်းသိမ်းဖမ်း
ဆီးခွင့် ဥပဒေဖြင့် အကျဉ်းချခြင်း ၊ နယ်နှင်ဒဏ်ပေးခြင်း၊ဒဏ်ငွေများ ဆောင်စေခြင်း  တို့ ကို ပြုလုပ်ရန်လိုပါသည် ။  
 
သို့ အတူမြောက်မြားနေသော နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသည့် မည်သည့် အထောက်
အထားမှလက်ဝယ်မတွေ့ ရရှိသော သူများကို မိခင်နိုင်ငံသို့  ပြန်လည်ပို့ ဆောင်မည်ဆို
သည်ကို လက်မခံလျှင် ၄င်းလူမျိုးများမှာ နိုင်ငံမဲ့ ပြသနာဖြစ်နေတတ်ပါသည် ။ 
 
 နိုင်ငံမဲ့ ဖြစ်နေသောကြောင့် လက်မခံသော်ငြားလည်းဘာသာတူ ယဉ်ကျေးမှူတူ ကိုယ်ချင်းစာသောနိုင်ငံများ ရှိနေတတ်ကြရာ၎င်းနိုင်ငံများသို့  -IOM- ကဲ့ သို့  ကုလသမ္မဂ္ဂ
 လက်အောက်ခံ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပြီး ပြလည်နေရာချထားရေးအစီအစဉ်
အရ ပို့ ဆောင်ပေးနိုင်ကြပါသည် ။

( ၉ ) မြန်မာနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသော သူများအားလောလောဆယ် ယာယီထိမ်းသိမ်းစောင့်ရှောက်ရန်အတွက် လုံခြုံရေးဝန်ထမ်းများ ၊ကြက်ခြေနီဝန်ထမ်း
များ ။ အကျဉ်းဦးစီးဝန်ထမ်း ဋ္ဌါနများ ၊ ရဲဝန်ထမ်းများ ခန်အပ်ထားရန် လိုနေပါသည် ။ 
 
၎င်းနောက် လုံလောက်သောဝန်ထမ်းများကို ခန်အပ်ပြီးသည်နှင့် နယ်စပ်ဖြတ်ကျော် ခိုးဝင်
လာသော သူများအားဒုက္ခသည်စခမ်းများဖြင့် ထိမ်းသိမ်းကာ နိုင်ငံတော်မှာ စနစ်တကျ
ပြုစုစောင့်ရှောက်ပေးရန်လိုအပ်ပါသည် ။ 
 
 မည်သည့်နိုင်ငံအစိုးရမှ၎င်း ၊မည်သည့်အဖွဲ့ အစည်းများမှ၎င်း တိုက်ရိုက်ဆက်သွယ်
လာရောက်လှူဒန်းထောက်ပံ့ပေးခြင်းကို မဆောင်ရွက်ရဘဲ ကမ္ဘာ့ကုလသမ္မဂ္ဂ
လက်အောက်ခံ  -UNHCR- ဒုက္ခသည်များဆိုင်ရာ ကူညီစောင့်ရှောက်ရေးအဖွဲ့ မှသာ
ဆောင်ရွက်ရမည်ဖြစ်ပါသည် ။
 
 မြန်မာနိုင်ငံအတွင်းရှိဒုက္ခသည်များစခမ်းကိုလူဝင်မှုနှင့်ကယ်ဆယ်ရေး ပြန်လည်နေ
ရာချထားရေးဝန်ကြီးဋ္ဌါနမှတဆင့်သာဆောင်ရွက်ပေးရန်ဖြစ်ပါသည် ။
 
 ဒုက္ခသည်များအား တတိယနိုင်ငံများသို့ ပြန်လည်နေရာချထားရေး - Resettlement 
Program -အစီအစဉ်အရ -IOM- အဖွဲ့နှင့် ဆောင်ရွက်ရန်သာဖြစ်ပါသည် ။
 
 သမ္မတကြီး အနေဖြင့် ၄င်းကဲ့သို့ နယ်စပ်ဖြတ်ကျော်ခိုးဝင်လာသော သူများအား ဒုက္ခသည်
များအဖြစ် သတ်မှတ်ပြီးတတိယနိုင်ငံများသို့ ပို့ ဆောင်ပေးလိုသောစိတ်စေတနာဖြင့်ဆောင်
ရွက်ပေးလိုပါက ၄င်းကဲ့ သို့  စီစဉ်ဆောင်ရွက်နိုင်ပါကြောင်းနှင့်မွတ်ဆလင်ဘာသာဝင် သူတို့ 
၏ ညီအကိုတော်များကလည်း သူတို့ ၏နိုင်ငံများစွာသို့  သူတို့ ၏ ဘ၀ပြောင်းလဲတိုးတက်ရေး
အတွက်ကူညီဖေးမပေးနိုင်ကြလိမ့်မည်ဟု ထင်မြင်ယူဆရပါသည် ။

ကျေးဇူးတင်စွာဖြင့်

ခိုင်အောင်ကျော်
နယူးယောက်
အမေရိကပြည်ထောင်စု

No comments:

Post a Comment