Thursday 18 October 2012

တခေတ်ဆန်းလာတဲ့ ရောင်စုံ သတင်းစာ




မြန်မာအစိုးရ အရာရှိကြီးတွေဟာ ဘယ်အလုပ်ကိုပဲ လုပ်လုပ် ဗေဒင်၊ကိန်းဂဏ္ဏန်းတွေနဲ့ တွက်ချက်ပြီး အလုပ်လုပ် တတ် ကြပါတယ်။ သူတို့ဟာ “ကိုး”ဂဏန်း အပေါ် အလွန်ယုံကြည်ကြပါတယ်။ ဒါကြောင့် ဒီကနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ကို စတင်ပြီး ရောင်စုံ သတင်းစာတွေ ထုတ်ဝေမယ်ဆိုပြီး  
ကြေညာထားတဲ့ အတိုင်း ထုတ်ဝေခဲ့တာဖြစ်ပါတယ်။

သတင်းထောက်တချို့ဆိုရင် လက်ပွေ့ပြီး အခုလို သတင်းစာ တခေတ်ဆန်း ပုံစံကို လူထုကို လက်ပွေ့ မိတ်ဆက် ရောင်းချ ပေးနေပါတယ်။ အသွင်အမြင်ဆန်းနဲ့ ရောင်စုံ သတင်းစာတွေ ထွက်ပေါ်လာ တာဟာ 
ကောင်းလာတဲ့အချက်တချက်ပါ။

ရောင်စုံ သတင်းစာ ဆိုတာ နိုင်ငံတကာမှာတော့ ပေါ်ပေါက်နေတာ ကြာပါပြီ။ အခုမှ မြန်မာက လုပ်နိုင် ခဲ့တာပါ။ ဘာပဲ ပြောပြောနောက်မကျ ဘူးလို့ ပြောရမှာပါ။

နိုင်ငံပိုင်သတင်းစာတွေကလည်း နိုင်ငံရဲ့ အဆင့်အတန်းကို ဖော်ပြရာလည်း ရောက်ပါတယ်။ ဒါပေမယ့် တကယ်အရေးကြီးတာက သတင်းလွတ်လပ်ခွင့် ရှိပြီး စာဖတ်သူ အကျိုးရှိဖို့နဲ့ သတင်းမှန်တွေ တင်ပြနိုင်ဖို့ က ပို ပြီး အရေးကြီးတာဖြစ်ပါတယ်။ 



အသွင်အပြင်အရေးကြီးသလို အနှစ်သာရကလည်း ပိုအရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်က စတင်ပြီး နှစ်ပေါင်း များစွာ စာပေစိစစ်ရေးရဲ့ အရိပ်မည်းကြီးအောက်က ရုန်းထွက်လာ နိုင်ခဲ့ပြိး သတင်း လွတ်လပ်ခွင့်က ပွင့်လင်းခါစ အချိန်ဘဲ ရှိပါသေးတယ်။

ယနေ့ ရောင်စုံဖြင့် စတင်ထုတ်ဝေ ရောင်းချတဲ့ သတင်းစာတွေကတော့ မြန်မာ့အလင်း၊ ကြေးမုံ၊ New Light of Myanmar ဆိုတဲ့ နိုင်ငံပိုင်သတင်းစာများကို ကာလာဖြင့် လူထုကြားသို့ စတင်ရောင်းချခဲ့တာ လည်းဖြစ်ပါတယ်။
Thursday, October 18, 2012  အိမ့်သံစဉ်

No comments:

Post a Comment